သိပ္ပံပြပွဲတစ်ခုက အလိုအလျောက် လေမှာတည်ပြီး ပုစ္ဆာဖြေရှင်းနိုင်တဲ့ မှော်ကုဗတုံးလေး

YouTube- Human Controller

Maker’s Faire ဆိုတာ ဂျပန်နိုင်ငံက သိပ္ပံပြပွဲတစ်ခုပါ။ ပြပွဲမှာတော့ သိပ္ပံပညာကို စိတ်ဝင်စားကြသူတွေနဲ့ နည်းပညာပညာရှင်တွေ၊ အင်ဂျင်နီယာတွေ လာကြပါတယ်။ ပွဲထဲမှာ ထူးဆန်းလှပါတယ်ဆိုတဲ့ သိပ္ပံပစ္စည်းတွေကို တွေ့ရမှာပါ။

ပြီးခဲ့တဲ့ အပတ်တုန်းကလည်း ဂျပန်မှာ Maker’s Faire ရှိခဲ့ပါတယ်။ ယခုပြပွဲထဲ တွေ့ရသမျှပစ္စည်းတွေထဲ အထူးခြားဆုံးကတော့ Rubik ကုဗတုံးတစ်တုံးပါပဲ။ ၄င်းကုဗတုံးဟာဆိုရင် ထူးခြားချက်က သူ့အလိုလို လေထဲမှာလည်ပြီး အတုံးလေးတွေကို ဆက်ကာ ဖြေရှင်းသွားတာပါ။

ဒီဗီဒီယိုကို တွစ်တာအသုံးပြုသူတစ်ဦးဖြစ်တဲ့ @wyrm06 က retweet ထားတာ ဖြစ်ပါတယ်။ ကုဗတုံးလေးက ဒီတိုင်းကြည့်လိုက်ရင် ပုံမှန်ကုဗတုံးပုံစံမျိုးပါပဲ။ ဒါပေမယ့် ဘယ်လိုကနေ ဘယ်လိုဖန်တီးထားတယ်မသိပါဘူး။ မျက်လှည့်ပြထားသလိုပဲ ကုဗတုံးလေးဟာ စားပွဲပေါ်က လေထဲမှာ အလိုလိုမျောနေတာပါ။ မျောနေရုံနဲ့လည်း မပြီးပါဘူး။ သူဟာ လူတစ်ယောက်က အတုံးတွေကို လိုက်ရွှေ့နေသလိုမျိုး ဟိုဘက်ရွှေ့လိုက် ဒီဘက်တွန်းလိုက်နဲ့ ကုဗတုံးရဲ့မျက်နှာလေးဖက်မှာ အရောင်တစ်ရောင်စီ ဖြစ်ပြီး ပုစ္ဆာဖြေရှင်းပြီးတဲ့အထိ အလိုအလျောက် အတုံးဆက်နေခဲ့တာ ဖြစ်ပါတယ်။

ကုဗတုံးကို ဖန်တီးသူဟာ တာကာရှီကာဘူရာဂီဆိုသူပါ။ တာကာရှီဟာ အထူးအဆန်းပစ္စည်းတွေကို တီထွင်မှုမှာ ၀ါသနာထုံသူ ဖြစ်ပါတယ်။ သူ့ YouTube channel ထဲမှာလည်း နည်းပညာနဲ့ဖန်တီးထားတဲ့ ထူးထူးခြားခြား ဗီဒီယိုပေါင်းများစွာကို တင်ထားပါတယ်။ စိတ်မကောင်းစရာက အခုတွေ့ရတဲ့ ကုဗတုံးလေးဟာ ပြပွဲအတွက်သာ ပြသတာဖြစ်ပြီး ရောင်းဖို့မဟုတ်ဘူးလို့လည်း soranews24 အရ သိရပါတယ်။

READ
အနာဂတ်မှာ တည်ဆောက်လာနိုင်ဖွယ်ရှိတဲ့ မိုးမျှော်တိုက်ကြီးများရဲ့ အံ့မခန်းဒီဇိုင်းများ

လင်းလင်း (ShweMom)

SHARE