နိုင်ငံကြီးသားစိတ်ဓာတ်မရှိတဲ့ အမျိုးသမီးနှစ်ဦးရဲ့ လေယာဉ်ပေါ်က လုပ်ရပ်

တရုတ်နိုင်ငံက ပြည်တွင်းခရီးသွားလေယာဉ်တစ်စီးပေါ်မှာ အမျိုးသမီးနှစ်ဦးဟာ လေယာဉ်ထိုင်ခုံနောက်ဘက်မှာပါတဲ့ စားပွဲသေးလေးတွေပေါ်ကို ၄င်းတို့ခြေထောက်တွေ တင်ထားခဲ့ပါတယ်။ တကယ်တမ်း စားပွဲလေးတွေကို အစားအသောက် စားသုံးရာမှာပဲ ခရီးသည်တွေက အသုံးပြုကြတဲ့အတွက် ထိုအမျိုးသမီးတွေရဲ့လုပ်ရပ်ဟာ အရမ်းကို ရုပ်ဆိုးလွန်းတယ်လို့ ဆိုနိုင်ပါတယ်။ သူများတွေ အစားအသောက်စားတဲ့နေရာမှာ ခြေထောက်တင်တော့ အခြားခရီးသည်တွေက လေယာဉ်အမှုထမ်းတွေကို တိုင်တန်းကြပါတယ်။

လေယာဉ်မယ်လေးတွေဟာ ထိုအမျိုးသမီးနှစ်ဦးကို အကျိုးအကြောင်းပြောပြီး ခြေထောက်တွေ ဖယ်ခိုင်းတဲ့ အခါမှာတော့ သူတို့က ပြန်တောင်ရန်တွေ့ခဲ့ပါတယ်။ သူမတို့ဟာ ဘဲလေးအက လေ့ကျင့်နေတုန်း ခြေထောက်တွေ ဒဏ်ရာရခဲ့တာကြောင့် အောက်ကို ခြေထောက် ပြန်မချနိုင်ဘူးလို့ ခွန်းတုံ့ပြန်ခဲ့ပါတယ်။ လေယာဉ်မယ်လေးတွေက တခြားနေရာပြောင်းပေးမယ်လို့ ပြောလာတဲ့အခါမှာလည်း ထိုအမျိုးသမီးတွေက ငြင်းဆိုခဲ့ပြန်ပါတယ်။

weibo

ဒါတင်မကပါဘူး။ သူမတို့က လေယာဉ်အမှုထမ်းတွေနဲ့ တခြားခရီးသည်တွေကိုလည်း ခြေထောက်နာနေတဲ့သူတွေကို စာနာသနားစိတ်မရှိကြဘူးလို့ ပြန်လည်စွပ်စွဲခဲ့ပါသေးတယ်။ ၄င်းဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နန်နင်းမြို့ ကနေ ဟာဘင်မြို့ကို သွားတဲ့ China Southern Airlines က လေယာဉ်တစ်စီးပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ အပြုအမူကြမ်းတမ်းတဲ့ ၄င်းအမျိုးသမီးတွေကို ခရီးသည်တစ်ဦးကနေ ဗီဒီယိုရိုက်ကူးခဲ့ပြီးနောက်ပိုင်း အွန်လိုင်းပေါ်မှာ ပြန်လည်မျှဝေခဲ့တာပါ။

READ
Instagramကြောင့် တစ်လဒေါ်လာသုံးသောင်းရနေတဲ့ အမွှာညီအစ်မ
weibo

ထိုခရီးသည်ကပဲ “သူတို့ရှေ့က ခရီးသည်တွေက တိုင်တာလေ။ အများပိုင်တဲ့နေရာမှာ အခုလိုအပြုအမူက ရိုင်းလွန်း တယ်။ သူတို့ခြေထောက်တွေက အနံ့တွေနဲ့။ ကိုယ်လုပ်ချင်ရာလုပ်ပြီး သူများတွေကို စိတ်အနှောင့်အယှက်ဖြစ်ေ စတာဗျ။” လို့ ရေးသားထားပါသေးတယ်။ ဗီဒီယိုထဲမှာတော့ အမျိုးသမီးနှစ်ဦးဟာ တစ်ဦးက ခြေအိတ်ဝတ်ထားပြီး တစ်ဦး ကတော့ ခြေဗလာနဲ့ စားပွဲလေးတွေပေါ် ခြေထောက်တင်ပြီး အိပ်နေကြတာကို တွေ့ရပါတယ်။ ယင်းအဖြစ် ကို တွေ့မြင်ခဲ့သူ အွန်လိုင်းပေါ်က လူတွေကတော့ အဆိုပါအမျိုးသမီးနှစ်ယောက်ကို လေယာဉ်စီးခွင့်ပိတ်ပ င်သင့်ေ ကြာင်း စသဖြင့် အမျိုးမျိုး ဝေဖန်ရှုံ့ချလျက်ရှိနေကြပါတယ်။

လင်းလင်း (ShweMom)

Ref: dailymail

SHARE