Ellen Show လာကြည့်တဲ့ ပရိသတ်တွေ မဖြစ်မနေ လိုက်နာရတဲ့ စည်းကမ်းများ

Image:IG/theellenshow /Ellentube

The Ellen DeGeneres Show ကတော့ ကမ္ဘာကျော် Show တစ်ခုပါ။ September 8, 2003 တည်းက စတင်ထုတ်လွင့်ပြသခဲ့တာပါ။နာမည်ကြီး ဆယ်လီတွေ နဲ့ အတူတူ အင်တာဗျူးတဲ့ အစီအစဉ် မျိုးဆိုပေမယ့် မတူညီတဲ့ ထူးခြားတဲ့ တင်ဆက်ပုံ ကြောင့် ကမ္ဘာကျော် တဲ့ Show တစ်ခုအဖြစ် ရပ်တည်နေတာ ဒီနေ့ အထိပါ။ပရိသတ်တွေ နဲ့ အတူ စတူဒီယိုထဲမှာ ရိုက်ကူးတဲ့ Show ပါ။ဒီ Show ကို ကိုယ်တိုင်ကိုယ်ကျ လာအားပေးချင် တဲ့ ပရိသတ်တွေ အတွက် တော့ ကန့် သတ်တားတဲ့ စည်းကမ်းတွေရှိပါတယ်။

အရာဝတ္ထု ပစ္စည်းတွေ သယ်လာတာ

 

View this post on Instagram

 

@SelenaGomez’s album is #1! She’s also the #1 @JenniferAniston fan.

A post shared by Ellen DeGeneres (@theellenshow) on

Ellen က သူ့ Show ကို လာရောက် ကြည့်ရှုအားပေးတဲ့  ပရိသတ်တွေ အတွက် ချမှတ်ထားတဲ့ စည်းကမ်းတွေ ထဲက တစ်ခုပါ။ပစ္စည်းတွေကို ကိုယ့်စိတ်တိုင်းကျ သယ်ချင်တိုင်းသယ် လာလို့ မရပါဘူး။ဘယ်လိုအရာတွေ ကို တားမြစ်ထားသလဲဆိုရင်တော့ လေယာဉ်စီးရင် ယူခွင့် မရှိတဲ့ ပစ္စည်း မျိုးတွေပါ။ကတ်ကြေး နဲ့ လူကို အန္တရာယ်ဖြစ်စေတဲ့ ချွန် ထက်တဲ့ အရာမျိုးတွေ၊ ကင်မရာ၊ဖုန်း၊တန်ဖိုးကြီး အရာတွေကိုပါ ယူဆောင်လာခွင့်မရှိပါဘူး။

အ၀တ်အစား

Image:IG/theellenshow

အ၀တ်အစားကို ၀တ်ချင်တိုင်း ၀တ်လာလို့ မရပါဘူး။သူ့မှာဆိုရင် သတ်မှတ်ထားတဲ့ Dress Code ရှိပါတယ်။ အရော င်တောက်တောက်တွေ ၀တ်တာမျိုး၊အဖြူအနက်၊အနက် အပေါ် အောက် တွဲ ၀တ်တာမျိုး တွေကိုလည်း တားမြစ် ထားပါတယ်။ လာကြည့်တဲ့ သူတွေ အနေနဲ့ သပ်သပ်ရပ်ရပ် ၀တ်စားဖို့၊အလုပ်ကို သွားရင်ဝတ်သလို  Business Casual မျိုးဝတ်ဖို့ စတူဒီယိုက တောင်းဆိုထားပါတယ်။နောက် ထပ် တားမြစ်ထားတာကတော့ စာလုံး Logo ၊Brand Logo၊ စာတန်းအကြီးကြီးတွေ ပါတဲ့ အ၀တ်အစားမျိုးတွေကို မ၀တ်ဖို့ လည်း တားမြစ်ထားပါတယ်။အရမ်းတော က်ြေ ပာင် ပြိုးပျက်လင်းလက် နေတာမျိုးကို လည်း ၀တ်လို့ မရပါဘူး။ဝတ်လာခဲ့ရင်တော့ စတူဒီယိုထဲကို ၀င်ခွင့်မပြုနိုင် ဘူးဆိုတဲ့ စည်းကမ်းရှိပါတယ်။

READ
သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ စိတ်ကူးယဉ်ဆန်ဆန် လှပလွန်းတဲ့ ကျွန်းများ

အားပေးတဲ့ ပုံစံ

 

View this post on Instagram

 

@KimKardashian spilled tea all over my show today.

A post shared by Ellen DeGeneres (@theellenshow) on

Show လာကြည့်တဲ့သူတွေ အနေနဲ့ Ellen ကို အနီးကပ်မြင်တွေ့ ခွင့်ရပါတယ်။ဒါပေမယ့် ခွင့်ပြုချက်မရှိပဲ နဲ့ Ellen နဲ့ အတင်းတွေ နီးကပ် အောင်ကြိုးစားတာ ဥပမာ- လက်ဆွဲတာ၊ဖက်တာ၊နမ်းတာ မျိုး လုပ်ခွင့်မရှိပါဘူး။ဒါတင်မက သေး ပါဘူး။စတူဒီယိုထဲမှာ Ellen ပုံ ပိုစတာ တွေ ထောင်ပြီး အားပေးတာမျိုး၊လက်မှတ်ရေးထိုးခိုင်းတာမျိုးကိုလည်း လုပ်လို့ မရပါဘူး။ကိုယ်တိုင် တိုက်ရိုက် လက်ဆောင် ပေးခွင့်လည်းမ ရှိပါဘူး။လက်ဆောင် သယ်လာပြီဆိုတာနဲ့ စစ်ဆေးရေး ဂိတ်က မေးတာ ခံရပါမယ်။ဒါကြောင့် လက်ဆောင်ပေးချင်ရင် တာဝန်ရှိ ၀န်ထမ်းတစ်ယောက်ယောက်ကို ကြိုပြောပေး ရပါမယ်။သေချာ တာကတော့ Show လုပ်နေချိန် စတူဒီယိုထဲမှာ Ellen လက်ထဲကို တိုက်ရိုက် လက်ဆောင် ထည့်ပေးခွင့် မရှိပါဘူး။

အပြင်မှာ အကြာကြီးတန်းစီစောင့်ရ

စိတ်မရှည်ရင်တော့ Show ကို လာအားပေးလို့ မရပါဘူး။အပြင်မှာ အကြာကြီး တန်းစီ စောင့်ရပါတယ်။ ထီးတို့၊ကုတ် အကျီင်္၊မိုးကာ..အစရှိတဲ့ ပစ္စည်းမျိုးကို ယူလာ ဖို့ လိုပါတယ်။အစားအစာကိုတော့ ယူလာလို့ ရပါတယ်။သတ်မှတ်ထားတဲ့ နေရာ အထိတော့ အစားအစာယူလာလို့ ရပေမယ့် စတူဒီယိုထဲကိုတော့ လုံးဝ လုံးဝ ယူလာခွင့်မရှိပါဘူး။

လက်ဆောင်ပေး

Image Source:theellenshow

Show လာအားပေးတဲ့ ပရိသတ်တွေ အတွက် လက်ဆောင်တွေ ကတော့ အမြဲ ပေးပါတယ်။Ellen နာမည်ပါတဲ့ ခွက်၊ဦးထုပ် တို့လို လက်ဆောင်မျိုးကို ပေးပါတယ်။ဒါပေမယ့် ပစ္စည်းက တစ်ခုကိုပဲ ယူ ရပါတယ်။တစ်ခု ထက် ပိုလိုချင်ရင်တော့ Ellen အမှတ်တရ ပစ္စည်းလေးတွေ ၀ယ်လို့ရပါတယ်။အွန်လိုင်းကနေ ဆိုရင်တော့ www.ellenshop.com မှာ ၀ယ်လို့ရပါတယ်။

ဘယ် ဧည့်သည်လာမယ်၊ဘယ် အချိန်လွှင့်မယ် သိခွင့်မရှိ

Show ကို ဘယ်ဧည့်သည် လာမလဲ ဆိုတာကို ပွဲလာကြည့်တဲ့ ပရိသတ်တွေကို မပြောထားသလို ဘယ်အချိန်လွှင့်မ လဲ ဆိုတာကိုလည်း ပြောပြမပါဘူး။စတူဒီယို ရောက်မှ သိရတာပါ။

အသက်အရွယ်ကန့်သတ်ချက်ရှိ

Image:IG/theellenshow

ပရိသတ်တွေ အနေနဲ့ အနည်းဆုံး အသက် (၁၄)နှစ်ပြည့်မှ Show ကို လာရောက် ကြည့်ရှုအားပေးခွင့်ရှိပါတယ်။အသက် (၁၄-၁၈) တွေ အနေနဲ့ ဆိုရင် တော့ အသက် ပြည့်ကြောင်း သက်သေ ပြဖို့ အတွက် ကျောင်းသားကတ်၊ID ကတ် တို့ကို ယူလာဖို့ လိုပါတယ်။

READ
ကမ္ဘာကျော်မြို့ကြီးများရဲ့ အံမခန်းတိုးတက်ပြောင်းလဲသွားပုံကို ယှဉ်ပြထားသောပုံများ

Show Cancel ဖြစ်ရင် လမ်းစရိတ်ပြန်ရ၊မရ

 

View this post on Instagram

 

@TheRock told me about his favorite Christmas gift this year. @KevinHart4real

A post shared by Ellen DeGeneres (@theellenshow) on

အကြောင်းကြောင်း ကြောင့် Show က Cancel ဖြစ်ရင်တော့ စတူဒီယိုကို လာရတဲ့ လမ်းစရိတ်ကို ပြန် မပေးပါ ဘူး။လမ်းစရိတ်နဲ့ တခြား စရိတ်တွေကို Show ကျင်းပသူတွေ ဘက်က တာဝန်ယူ မပေးပါဘူး။

စတူဒီယိုထဲကို လာအားပေးခွင့်ရအောင် ဘယ်လိုလုပ်ရမလဲ

Image Source:theellentube

online ticket calendar  ကို အရင်ကြည့်ပါ။ကိုယ်အဆင်ပြေတဲ့ လွတ်တဲ့ Date ကို ရွေးပါ။ပြီးရင်တော့ Request form မှာ ဖြည့်စွက်ပြီး လျှောက်ထားရမှာပါ။တစ်ကြိမ် မှာ ဒိတ် တစ်ခု ကိုပဲ ရွေးချယ် လျှောက်ထားခွင့်ရှိပါတယ်။ပြီး ရင်တော့ Show က တာဝန်ရှိသူ တစ်ယောက်ယောက်က ကိုယ့်ကို ဆက်သွယ်မယ့် အချိန်ကို စောင့်ရပါမယ်။ဆက် သွယ်လာခဲ့ရင်တော့ ခြေထောက် မကောင်းလို့ Show ကို  ၀ှီးချဲနဲ့ လာချင်တာမျိုးတို့ လို အထူး တောင်းဆို ချင်တာ ရှိရင် ကြိုခွင့်တောင်း တောင်းဆိုရပါတယ်။email confirmation ကိုတော့ နှစ်ပတ် အတွင်း ပို့ ပေးပါတယ်။ အဲ့ဒီ Mail ထဲမှာတော့ ဘယ်အချိန် ရောက်ရမလဲ ဆိုတာမျိုးတွေ ပါ ပါတယ်။E mail ရမှ Confirm တာပါ။မရ ခဲ့ရင်တော့ လက်မှတ်မရတာ ဖြစ်ပြီး ထပ်ပြီး ပြန်လျှောက် ပြန် ကြိုးစားဖို့ လိုပါတယ်။

လက်မှတ်ကို လွှဲ ပြောင်းခွင့်မရှိ

Image:IG/theellenshow

လက်မှတ်ကို ပြန်ရောင်းစားတာမျိုး၊တခြားတစ်ယောက်ယောက်ကို ပေးတာမျိုးလုပ်လို့မရပါဘူး။စာရင်းပေးတဲ့ သူက တစ်ယောက် လာကြည့်တဲ့ သူက တစ်ယောက်လုပ်လို့မရပါဘူး။လက်မှတ်ကို လွှဲပြောင်းခွင့် လုံးဝ မရှိပါဘူး။

Source:ellentube

SHARE