အားကစားလုပ်ခြင်းက ဦးနှောက် ကျန်းမာရေးကို အထောက်အကူဖြစ်စေ

Image: shutterstock(By totojang1977)

ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်ရဲ့  ကျန်းမာ ရေး အတွက် တင် မဟုတ်ပဲ ဦးနှောက်ရဲ့ ကျန်းမာရေး အတွက် ပါ အများကြီး အထောက် အကူဖြစ်စေပါတယ်။ စက်ဘီးစီးတာဟာ grey matter ( ဗဟိုအာရုံ ကြော စနစ်ရဲ့ အစိတ် အပိုင်း) လျော့ နည်း ကျဆင်းလာမှုကို ဟန့်တားပေးနိုင်တာကို ဂျာမန် သိပ္ပံပညာရှင်တွေ က တွေ့ရှိခဲ့ ပါတယ်။ နှလုံး သွေးလည်ပတ်မှုကို အားကောင်းစေတဲ့  ဘယ်လို ကိုယ်လက် လှုပ်ရှားမှု မျိုးက မဆို တူညီတဲ့ အကျိုးေ ကျးဇူးကို  ရ စေတယ်လို့ သု တေ သီတွေ က ပြောခဲ့ပါတယ်။

Image:/Unsplash (by BruceMars)

Grey matter ကတော့  အသက် အရွယ်ရ လာတာနဲ့ အမျှ  လျော့နည်းတာ၊ကျုံ့ တာမျိုးရှိ လာပြီး မှတ်ဥာဏ် ချို့ယွင်းတာမျိုးတွေ ဖြစ်လာ စေပါတယ်။အဓိက က တော့ ဦးနှောက်ထဲကို အောက်ဆီ ဂျင် ပေါကြွယ်ဝတဲ့ သွေးပို့ လွှတ်တာတွေ နည်းပါးသွားတဲ့ အတွက် ကြောင့်ပါ။အားသွန်ခွန်စိုက် လုပ်ရတဲ့  လေ့ကျင့်ခန်း မျိုး တွေ ဖြစ်တဲ့ စက် ဘီးစီးတာ၊ပြေးတာ၊ရေကူးတာတွေ က အောက်စီဂျင် သွင်းယူမှု နှုန်းကို ပိုကောင်းစေတဲ့ အတွက် ဦးနှော က်ကျန်း မာရေး အတွက် ဒီလေ့ကျင့်ခန်းတွေ ကို လုပ်ပေးသင့်တာပါ။အောက်စီဂျင်က ဦးနှောက်ဆဲလ် တွေကို ထိန်း ထားနို င်ရင် ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာ တွေ က  ပိုအဆင် ပြေစေပါတယ်။ အပတ်တိုင်း နှစ်နာရီခွဲ လောက် လေ့ ကျင့်ခန်း လုပ်ပေးတာဟာ ဦး နှောက်ကျန်းမာရေး အတွက် အများကြီး အထောက်အကူဖြစ်စေတယ်လို့ သု တေ သီတွေ က အကြံပြုခဲ့တာပါ။

READ
ငါးကြီးဆီစားသုံးခြင်းဟာ စိတ်ကျရောဂါလက္ခဏာကို သက်သာစေနိုင်ကြောင်း သိရှိရ
Image:Shutterstock(By Mila Supinskaya Glashchenko)

ဘရာဇီးမှာရှိတဲ့ Federal တက္ကသိုလ်က လေ့လာမှု တစ်ခုမှာ ဆိုရင်လည်း  လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် ထွက် လာတဲ့ ဟော်မုန်းက အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ ပြောခဲ့ပါတယ်။အယ်လ်ဇိုင်းမား ဝေဒနာ ရှင်တွေနဲ့ ပုံမှန် လူတွေကို နှိုင်းယှဉ်တဲ့ အခါမှာတော့ အယ်လ်ဇိုင်းမား ဝေဒနာရှင်တွေမှာဆိုရင် အဲ့ဒီ ဟော်မုန်းက သိသိသာသာ နည်းပါးနေတာကို တွေ့ ရှိခဲ့ရပါတယ်။လေ့ကျင့်ခန်း လုပ်ခြင်းက ကောင်းကောင်းအိပ် ပျော်စေနိုင် ပါတယ်။ဒါ့အပြင် စိတ်ဖိစီးမှုကိုလည်း လျော့ ကျ စေသလို ဦးနှောက်ရဲ့စွမ်းဆောင်နိုင်ရည် အတွက်လည်း အများကြီး အထောက် အကူဖြစ်စေတယ်လို့ ပညာရှင်တွေ က ပြောခဲ့ပါတယ်။

Image:Pixabay (by StockSnap )

 

Ref:Dailymail

SHARE