ပြေးရင်းနဲ့ ဖုန်းရဲ့ မြေပုံကနေတစ်ဆင့် ပန်းချီပုံတွေဆွဲနေခဲ့တဲ့ အမျိုးသား

Lenny Maughan

ပုံတွေ၊ ပန်းချီတွေဆိုတာကင်းဘတ်အဖြူပေါ်မှာပဲ စုတ်ချက်တွေနဲ့ဆွဲမှ အနုပညာဖြစ်တာမဟုတ်ပါဘူးဆိုတာ အပြေးသမား Lenny Maughan က သက်သေပြသွားခဲ့ပါတယ်။

Lenny ဟာ San Francisco က မာရသွန်အပြေးသမားတစ်ယောက်ဖြစ်ပြီး ပြေးရင်းရေးဆွဲခဲ့တဲ့ပုံတွေကြောင့် နာမည်ကြီးလျက်ရှိပါတယ်။ ပြေးရင်းပုံဆွဲတယ်ဆိုတော့ နည်းနည်းမရှင်းများဖြစ်သွားမလားမသိဘူး။ ဒီလိုရှိပါတယ်။ Lenny တို့လို မာရသွန်အပြေးသမားတွေအသုံးပြုတဲ့ ဖုန်း application တစ်ခုရှိပါတယ်။ အဲဒီ Strava ဆိုတဲ့ app ဟာ GPS စနစ်နဲ့ချိတ်ဆက်ကာ အသုံးပြုသူရဲ့အပြေးလမ်းကြောင်းတွေကို ပြပေးတဲ့လုပ်ဆောင်ချက်ကို လုပ်ပေးပါတယ်။

I left my heart …

Posted by Lenny Maughan on Wednesday, 7 February 2018

ဒီလိုလမ်းကြောင်းတွေကိုသုံးပြီး Lenny ဟာ တိရိစ္ဆာန်လေးတွေ၊ သစ်သီးပုံလေးတွေကစလို့ ဇာတ်ကောင်ပုံတွေအဆုံး ပြေးရင်းပုံဖော်သွားလေ့ရှိပြီး အင်တာနက်ပေါ်ပြန်ပြန်တင်နေတာပါလို့ Insider မှာဖတ်ခဲ့ရပါတယ်။ ပုံတစ်ပုံပေါ်ဖို့အတွက် တစ်ခါတစ်ခါ ၁၅ မိုင်ကနေမိုင် ၂၀ လောက်အထိ ပြေးရတတ်ပြီး ဇူလိုင် ၁ လတည်းမှာတင် ပြေးခဲ့တာ မိုင ၅၀၀ လောက်တောင် ရှိနေပါပြီ။

READ
ဦးနှောက်အကြိမ်၁၂၀ခွဲစိပ်ခံခဲ့ရပေမယ့် ဘဝကိုအရှုံးမပေးတဲ့ အာဂအမျိုးသမီး

အရင်တုန်းက အပြေးလေ့ကျင့်ရင် ရိုးရိုးတန်းတန်းကြီး ဘာစိတ်ဝင်စားမှု၊ စိတ်လှုပ်ရှားစရာမှမရှိခဲ့ပေမယ့်လို့ အခုလိုမျိုးပုံဖော်လိုက်တာနဲ့အမျှ ပြေးရတာ စိတ်ဝင်စားဖို့ကောင်းလာပြီး စိတ်လည်းပိုနှစ်နိုင်လာခဲ့ပါတယ်လို့ Lenny က ပြောခဲ့ပါတယ်။ Lenny ရဲ့ ပုံလေးတွေကို ကြည့်လိုက်ကြရအောင်ပါ။

စင်ယော်လေးကတော့ ၄ ၃ာရီနဲ့ ၂ မိနစ်ကြာတဲ့ ခရီးစဉ်ပါ။ မိုင်ပေါင်း ၂၂.၃ မိုင်ရှိခဲ့ပါတယ်။

Lenny Maughan

ထောပတ်သီးပုံလေးရဖို့ကိုတော့ ၃ နာရီနဲ့ မိနစ် ၅၀ ကြာ၊ မိုင် ၂၀.၂ မိုင် ပြေးခဲ့ရပါတယ်။

Lenny Maughan

ငါးနာရီ၊ ၁၆ မိနစ်နဲ့ ၅၃ စက္ကန့်ပြေးခဲ့ရတဲ့ ၂၇.၁ မိုင်ခရီးစဉ်

Lenny Maughan

Frida Kahlo ပုံစံကိုရဖို့ ၆ နာရီကျော်တောင်အချိန်ယူကာ မိုင် ၃၀ ကျော်ပြေးခဲ့ရပါတယ်တဲ့

Lenny Maughan

Chopsticks run ကိုတော့ ၃ နာရီနီးနီးကြာမြင့်ခဲ့ပြီး ၁၅ မိုင်တိတိပြေးခဲ့ရပါတယ်။

READ
လက်(၂)ဖက်မရှိပေမယ့် ကမ္ဘာကျော်မျက်လှည့်ဆရာတစ်ယောက်ဖြစ်လာခဲ့သူ
Lenny Maughan

ဝက်ကလေးရဖို့ကိုတော့ ၁၇.၉ မိုင်ကို ၃ နာရီ၊ ၁၅ မိနစ်နဲ့ ၅၆ စက္ကန့်ကြာခဲ့ပါတယ်။

Lenny Maughan

Runner Run လို့ နာမည်ပေးထားတဲ့ ပုံလေးကတော့ အကြာဆုံးပါပဲ။ ၄၃.၃ မိုင်တောင်ရှိပြီး ကြာချိန်ကတော့ ၁၁ နာရီ ၂၇ မိနစ်နဲ့ ၂၁ စက္ကန့်တိတိပါတဲ့

Lenny Maughan

နှင်းဆီပန်းပွင့်လေးကိုတော့ ၂၄.၅ မိုင်ကြာအောင်ပြေးကာ ရေးဆွဲခဲ့ပြီး ကြာချိန်ကတော့ ၄ နာရီနဲပ ၄၅ မိနစ်ကျော်ပါ။

Lenny Maughan

Penny

SHARE