ကမ္ဘာကျော် Harry Potter ဇာတ်လမ်းတွဲတွေထဲမှာ ဇာတ်ကောင် Ron Weasley အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် Rupert Grint ဟာ မကြာသေးခင်ကမှ အင်စတာအကောင့်တစ်ခုဖွင့်လိုက်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ Grint ဟာ ဦးဦးဖျားဖျား ပထမဆုံးဓာတ်ပုံအဖြစ် သူနဲ့သမီးကလေးရဲ့ ဓာတ်ပုံကို အင်စတာပေါ်မှာမျှဝေခဲ့ကြောင်း usatoday ကနေ သိရပါတယ်။
Grint ရဲ့သမီးလေးဟာ ၇လသာရှိသေးပြီး နာမည်ကတော့ Wednesday လို့သိရပါတယ်။ Grint ကတော့ သူဟာ အင်စတာပေါ် ၁၀နှစ်လောက်နောက်ကျပြီးမှရောက်လာတဲ့အကြောင်းနဲ့ သူ့သမီးလေး Wednesday G.Grint ကိုပရိသတ်တွေနဲ့မိတ်ဆက်ပေးခဲ့ကာ ပရိသတ်တွေကိုလည်း ကျန်းမာရေးဂရုစိုက်ကြဖို့ဆိုခဲ့တာဖြစ်ပါတယ်။
Grint နဲ့ ချစ်သူမိန်းကလေး Georgia Groome တို့ဟာ ပြီးခဲ့တဲ့မေလတုန်းကမှ သမီးဦးကလေး Wednesday ကိုကြိုဆိုခဲ့ကြတာပါ။ Grint ဟာ သူ့ရဲ့ပထမဆုံးပို့စ်ကိုတင်ပြီးပြီးချင်းမှာပဲ နာရီပိုင်းအတွင်း follower ၁သန်းကျော်ရရှိခဲ့ပါတယ်။ Grint ရဲ့ အင်စတာ profile ဓာတ်ပုံမှာတော့ ပရော်ဖက်ဆာ McGonagall တဖြစ်လဲ ရုပ်ရှင်မင်းသမီးကြီး Maggie Smith က Grint ရဲ့ပါးကိုနမ်းနေတဲ့ပုံတင်ထားပါတယ်။
Grint ဟာ သူ့ရဲ့သူငယ်ချင်းတွေလည်းဖြစ် Harry Potter ဇာတ်လမ်းတွဲထဲတွဲဖက်သရုပ်ဆောင်တွေလည်း ဖြစ်ခဲ့တဲ့ Emma Watson, Tom Felton, Bonnie Wright, Daniel Dave Lewis, Daniel Radcliffe တို့နဲ့ အတူတူ အင်စတာမှာဂျွိုင်းခဲ့တာဖြစ်ပါတယ်။ Harry Potter စာရေးသူ J.K.Rowling ကတော့ ဒီသရုပ်ဆောင်အဖွဲ့သားတွေကိုThe Big Seven ဆိုပြီး ချစ်စနိုးနဲ့နာမည်ပေးထားပါတယ်။ သူတို့ဟာ ရုပ်ရှင်ရိုက်ကူးကတည်းက အခုထိ အခင်မင်မပျက်ဘဲ ရင်းရင်းနှီးနှီးရှိနေခဲ့ကြတာပါ။
ပြီးခဲ့တဲ့နှစ်တုန်းကလည်း Emma Watson ဟာ Felton, Lewis, Wright, Evanna Lynch တို့နဲ့ အတူရိုက်ကူးထားတဲ့ အဖြူအမည်းဓာတ်ပုံတစ်ပုံကို အင်စတာပေါ်တင်ခဲ့ပြီး ခရစ္စမတ်ဆုမွန်ကောင်းတောင်းခဲ့ပါသေးတယ်။
အလားတူဓာတ်ပုံကိုပဲ Tom Felton ကလည်း ကာလာနဲ့ “Seasons greetings from my school mates. @mattdavelewis & I mid debate x #gryfindorVSslytherin.” ဆိုပြီး အင်စတာပေါ်ပြန်လည်မျှဝေခဲ့တာ တွေ့ရပါသေးတယ်။
View this post on Instagram
Seasons greetings from my school mates. @mattdavelewis & I mid debate x #gryfindorVSslytherin
ShweMom