အစိုးရအကြောင်း မကောင်းပြောတဲ့သူတိုင်းကို ထောင်ချဖို့ ဥပဒေသစ် ထုတ်ပြန်ခဲ့တဲ့ ရုရှား

ရုရှားလွှတ်တော်မှာတော့ အစိုးရကို စော်ကားသူတိုင်း ထောင်ဒဏ် သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် နှစ်ရပ်လုံးနဲ့ ပြစ်ဒဏ်လျမှတ်ခြင်းခံရမယ်ဆိုပြီး ဥပဒေအသစ်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

လျော်ကြေးအနေဲ့ ဒေါ်လာ ၃၀၀၀ တန်ကြေးရှိပြီး စော်ကားမှုပြုတယ်ဆိုတဲ့အထဲ ကိုယ်ထိလက်ရောက်ဖြစ်စေ၊ လူမှုကွန်ယက်တွေမှာဖြစ်စေ ပြောဆိုသူအားလုံး ပါဝင်တယ်လို့သိရပါတယ်။ မစော်ကားဘဲ အစိုးရကို ကြည်ညိုမှုပျက်ပြားစေမယ့် မည်သည့်အမုန်းစကားကိုမဆို ပြောတဲ့လူတွေလည်း ဒီဥပဒေနဲက အကျုံးဝင်တယ်လို့ သိရပါတယ်။ ထောင်ဒဏ်ကိုတော့ ၁၅ ရက်ထက်မနည်း သတ်မှတ်ထားပါတယ်။

pixabay

ဒီအပြင် နောက်ထပ် ချမှန်လိုက်တဲ့ ဥပဒေအသစ်တစ်ရပ်ကတော့ သတင်းအမှားတွေ ဖြန့်ဖြူးသူ သို့မဟုတ် မည်သည့်အဖွဲ့အစည်းကိုမဆိုလည်း အထက်ပါဥပဒေနဲ့ တန်းတူအရေးယူသွားမယ်လို့ သိရပါတယ်။ ဥပဒေအသစ်ကို ပြဌာန်းဖို့အတွက် သဘောတူညီမှုကိုလည်း သမ္မတပူတင်မှ အားတက်သရော လက်မှတ်ထိုးပေးဖို့ စောင့်နေကြောင်းကိုလည်း သိရှိရပါတယ်။

pixabay

လက်မှတ်ထိုးပြီးတာနဲ့ ဥပဒေနှစ်ရပ်ဟာ မတ်လ ၁၃ ရက်နေ့မှာ အသက်ဝင်သွားမှာပါ။

Maxim Shipenkov EPA, via Shutterstock

သို့ပေမယ့် ဒီဥပဒေအသစ်တွေနဲ့ပတ်သက်လို့ အစိုးရဝန်ထမ်းအချို့ကတောင် သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။  အစိုးရဆိုတာ ပြည်သူတွေရဲ့အသံတွေကို နားစွင့်ပြီး ပြင်စရာရှိတာပြင်ရမယ့်ဟာကို အခုလိုမျိုး မကောင်းစကားတွေ မထွက်လာအောင် ဥပဒေနဲ့ ဖမ်းချုပ်လိုက်တာဟာ မလုပ်သင့်တဲ့ ကိစ္စဖြစ်ကြောင်း တော်တော်များများက ခံယူနေပါတယ်။

READ
အဆိပ်ပြင်းတဲ့ပင့်ကူတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတဲ့အမျိုးသမီး
pixabay

Source: Unilad, NY Times

Penny

SHARE