မော်စကိုရဲ့ အမှိုက်ပုံတိုက်ခန့်ထဲက ၅ နှစ်သမီးလေးရဲ့ နောက်ဆက်တွဲသတင်း

ခြေသလုံးလောက်နီးနီးရှိတဲ့ အမှိုက်တွေနဲ့ပြည့်နှက်နေတဲ့ မော်စကိုမြို့ရဲ့ တိုက်ခန်းတစ်ခုအတွင်းမှာ ၅ နှစ်သမီးလေးကို တစ်ယောက်တည်း ညစ်ပေတူးစွာရှာတွေ့ခဲ့တဲ့ဖြစ်ရပ်ဟာ ရုရှားမှာ လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ သတင်းတစ်ခုပါ။

တစ်ခန်းလုံးအမှိုက်တွေပြည့်နှက်နေတဲ့အပြင် ပြူတင်းပေါက်တွေနဲ့ ပရိဘောဂတွေမှာပါ ဘာမှန်းမသိတဲ့အရာတွေ ပေကျံပြီး မီးဖိုချောင်ဘေစင်တွေဟာလည်း စားကြွင်းစာကျန်တွေနဲ့ပြည့်နှက်နေပါတယ်။ အခန်းအတွင်းမှာလည်း အဝတ်တွေအပြင် အစားအစာအမှိုက်တွေပါရောနေခဲ့တာပါ။ ပိုးဟပ်တွေဆိုတာလည်း အသည်းယားစရာကောင်းလောက်အောင်ကို ဟိုဒီသွားနေကြတယ်လို့ မျက်မြင်တွေရဲ့အဆိုအရသိခဲ့ရပါတယ်။

east2west news

ဒီအပြင် ကလေးရဲ့လည်ပင်းမှာလည်း ကလေးဆွဲကြိုးအပိုင်းအဆတစ်ခု နစ်မြုပ်နေတဲ့ ဒဏ်ရာလည်းရှိနေပါသေးတယ်။ ကလေးလေးမွေးကင်းစတုန်းက မျက်မြင်အဖြစ်တွေ့ခဲ့ကြတဲ့ အိမ်နီးချင်းတွေရဲ့ ပြောစကားအရတော့ ကလေးမိခင်ဟာ အမြဲတမ်းသားသားနားနားဝတ်ဆင်တတ်သူဖြစ်ပြီး လခကောင်းတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေကြောင်း၊ အမျိုးသားဖြစ်သူမှာ ယူကရိန်းသို့ပြန်သွားပြီဖြစ်ကြောင်းစသည်ဖြင့် သိခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ ကလေးလေးကို မတွေ့ရတော့လို့ မေးကြည့်တဲ့အခါ သူမကအမြဲတမ်းအလုပ်ရှိနေတာကြောင့် ကလေးအဖွားဆီကို ပို့ထားကြောင်းပြောပြီးတဲ့နေ့ကတည်းက တိုက်ခန်းဆီကို အလာကြဲသွားတယ်လို့ သိရပါတယ်။

ကလေးလေးကိုတော့ လူမှုကယ်ဆယ်ရေးကခေါ်ဆောင်သွားပြီဖြစ်ပြီး မိခင်လို့ဆိုတဲ့ အသက် ၄၇ နှစ်အရွယ် Irina Garashchenko ကိုတော့ ဖမ်းဝရမ်းထုတ်ထားခဲ့ပါတယ်။ သူမဟာ ကိုယ်တိုင်လာရောက်အဖမ်းခံတယ်လို့ သိရပြီး မတ်လ ၁၂ ရက်နေ့မှာတော့ မော်စကိုတရားရုံးမှာ အမှုနာကြားဖို့အတွက် ပထမဆုံးအကြိမ်ရဲများရဲ့ ထိန်းသိမ်းမှုနဲ့လာရောက်ခဲ့ပါတယ်။ အမှုစစ်တဲ့အချိန်ကတော့ ၂ လလောက်ကြာမယ်လို့ ခန့်မှန်းထားကြပါတယ်။

READ
အမွေးအမျှင်တွေအများကြီးနဲ့ ထူးထူးဆန်းဆန်းမွေးဖွားလာတဲ့ကလေးငယ်

Lyubov လို့ခေါ်တဲ့ ၅ နှစ်သမီးလေးကိုတော့ ကလေးဆေးရုံမှာ စောင့်ရှောက်ထားပါတယ်။ ကလေးဟာ ကျန်းမာရေးအရ ချူချာမှုတစ်စုံတစ်ရာမရှိပေမယ့် မွေးကတည်းက မိခင်တစ်ဦးတည်းကိုသာ တွေ့ဖူးသူလေးမို့ ရုတ်တရက်လူတွေအများကြီးနဲ့ တွေ့လိုက်ရတဲ့အတွက် အနည်းငယ်တော့ထိတ်လန့်သယောင်ရှိခဲ့ပါတယ်။ သို့သော်လည်း အခုအချိန်မှာတော့ သူမကို ကြည့်ရှုပေးတဲ့ဆရာဝန်မလေးနဲ့တော့ ရင်းနှီးစပြုနေပါပြီ။

east2west news

၅ နှစ်ရှိနေပြီဖြစ်သော်လည်း ငိုသည်ကလွဲပြီး စကားလည်းမပြောနိုင်၊ အခြားအသံလည်းမထွက်ပါဘူး။ အိပ်ယာမှာလည်းမအိပိတတ်၊ အိပ်ချိန်လည်းမမှန်တာမို့ အခုအချိန်မှ ပြန်ပြင်ပြီး အိပ်ခိုင်းနေရတယ်လို့ ဆရာဝန်မကပြောပါတယ်။ ဒီအပြင် ကလေးကို သန့်ရှင်းရေးလုပ်ပေးတိုင်း ရေကြောက်နေတာမို့ အဲဒီအချိန်မှာလည်း ခက်ခဲသလို၊ အစားအသောက်ပေးရင်တောင် စားရမှန်းမသိဘဲ ကိုင်သာထားတဲ့အတွက် တော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်တဲ့။

east2west news

မွေးကတည်းက ဒီအမှိုက်တွေနဲ့ပြည့်နှက်နေတဲ့တိုက်ခန်းထဲကလွဲပြီး အပြင်လည်းထွက်ဖူးပုံမပေါ်တဲ့အတွက် မြင်မြင်သမျှအရာရာတိုင်းဟာ ကလေးလေးအတွက်တော့ စိမ်းနေပါတယ်။ သို့သော်လည်း တက်တက်ကြွကြွနဲ့ စူးစမ်းချင်စိတ်လည်းမရှိတာကိုတွေ့ရတဲ့အတွက် ကျန်းမာရေးအရစိုးရိမ်စရာမရှိပမယ့် စိတ်ပိုင်းဆိုင်ရာအရတော့ ထိခိုက်မှုတွေရှိနေကြောင်း ကောက်ချက်ချထားပါတယ်။

east2west news

ကလေးအမေဆိုသူကိုတော့ လူသတ်မှု၊ ညှင်းပန်းနှိပ်စက်မှုတို့နဲ့အရင်ဆုံး တရားစွဲဆိုထားကာ အမှုကိုစစ်ဆေးလျက်ရှိပါတယ်။

READ
လှောင်အိမ်ထဲမှာ၆နှစ်ကြာနေခဲ့ရတဲ့ခွေးကိုကယ်တင်ခဲ့ပြီး ထိုခွေးနဲ့ပုံစံတူတက်တူးထိုးခဲ့တဲ့သူ
east2west news

Source: Daily Mail

Penny

SHARE