ထောင်ကျနေတာတောင် အပြောအဆို မတတ်လို့ ရေနွေးနဲ့ အပက်ခံရတဲ့ ရုရှားမော်ဒယ်

east2west news

ရုရှားရဲ့ social media တွေမှာ နာမည်ကြီးနေတဲ့ Kira Mayer ကတော့ စွဲချက်နှစ်ခုနဲ့ ထောင် (၁၈) နှစ်ကျသွားခဲ့ပါတယ်။

east2west news

လမ်းမပေါ်မှာ လိုင်စင်မပါဘဲ ကားမောင်းတဲ့အတွက် ယာဉ်ထိန်းရဲနှစ်ဦးမှ တားဆီးခဲ့ပြီး လိုင်စင်မပါလျှင်ကားမမောင်းသင့်ကြောင်းပြောတဲ့အခါ Kira မှ သုံးယောက်အတူအိပ်ကြပြီး ပြစ်မှုဆိုင်ရာစွဲချက်မတင်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီကိစ္စကြောင့်ပဲ ယာဉ်စီးကမ်းမလိုက်နာတာတစ်မှု၊ ယာဉ်ထိန်းရဲတွေကို စော်ကားတာတစ်မှုနဲ့ တရားစွဲခံခဲ့ရာ ထောင်ဒဏ် (၁၈) လကျခဲ့ပါတယ်။

east2west news
east2west news

သူမဟာ အမြဲတမ်း ဇိမ်ခံကားတွေ တစ်စီးပြီးတစ်စီးမောင်းပြီး ဟိုတယ်တွေမှာသာ စားသောက်တာကို သူမဓာတ်ပုံတွေကနေတစ်ဆင့် သိခဲ့ရပါတယ်။ ဒါကြောင့်ပဲ ချက်ချင်းလက်ငင်းကြီးထောင်ကျသွားတဲ့အခါ ထောင်ထဲကခုတင်က သံတိုင်တွေနဲ့ သက်တော့သက်သာမရှိတာကြောင့် မွေ့ယာတောင်းတာတို့၊ အစာစားချိန်မှာ လိမ္မော်ရည်အေးအေးလေးတွေ ကြက်ဥမွှေကြော်နဲ့ ချိစ့်တောင်းတာတွေဟာ သူမကို လူတွေလှောင်စရာဖြစ်နေခဲ့ပါတယ်။

east2west news

ပိုဆိုးတာက ထောင်သူအသစ်ဆိုရင် အခန်းသန့်ရှင်းရေးကအစ အိမ်သာဆေးတာအဆုံး လုပ်ရတဲ့ဟာကို သူကငြင်းတဲ့အတွက် စီနီယာထောင်သူတွေဟာ အမြင်မကြည်လို့ ရေနွေးပူနဲ့ ရင်ဘတ်ကို ပက်ခဲ့ပါတယ်။ ရေနွေးဟာပူလွန်းတဲ့အတွက် အချိန်အတော်ကြာအောင် သွေးမတိတ်ခဲ့ပဲ အပူလောင်တဲ့ဒဏ်ရာဟာလည်း အရမ်းကို နီရဲနေပါတယ်တဲ့။

READ
(၄၇)ရက်ကြာ အိမ်သာမသွားလို့ ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့တဲ့ တရားခံ
east2west news

ဒါပေမဲ့ ဆေးကုသမှု ခံယူနေတဲ့ Kira ဟာ ထောင်ထဲမှာ ထောင်သူတွေရဲ့ဆံပင်ကျွတ်တွေကို ဝယ်ယူပြီး ဆံပင်တုလုပ်ရောင်းဖို့ပါ စီးပွားရေးအတွက် ကြံစည်နေတာပါ။ အဲဒီအတွက်လည်း ထောင်မှူးကို တရားဝင်သွားတွေ့ထားပြီး သူမရဲ့ရည်ရွယ်ချက်ကတော့ အခုလို ထောင်သူတွေစီက ဆံပင်တွေကို ဝယ်ယူလိုက်တဲ့အခါ ထောင်သူတွေလည်း ပိုက်ဆံရပြီး အကျိုးရှိစေတယ်လို့ ဆိုပါတယ်။

east2west news
east2west news

Source: news.au , Mirror

Penny

SHARE