ရည်စားလုဘက်နဲ့ အတူတွေ့ရတဲ့ ချစ်သူကို ကျောက်တုံးနဲ့ထုသတ်ခဲ့တဲ့ အမျိုးသား

အချစ်စိတ်ဆိုတာ လူတစ်ယောက်ကို ကမ်းကုန်အောင် ဆိုးသွမ်းစေနိုင်သလို၊ လူသူတော်ကောင်းတွေဖြစ်ဖို့ကိုလည်း အလွန်တွန်းအားပေးပါတယ်။ အခုလည်း ရုရှားအမျိုးသားတစ်ဦးဟာ သူရဲ့ မဟာရန်ဘက်ဖြစ်တဲ့ ရည်စားလုဘက်နဲ့ အတူတူတွေ့ခဲ့ရတဲ့ အမျိုးသမီးကို ရက်စက်စွာ ကန်ကျောက်ပြီးနောက် ကျောက်တုံးနဲ့ ထုသတ်ခဲ့ပါတယ်။

လမ်းမအလယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဒီအဖြစ်အပျက်ကို CCTV ကနေ မှတ်တမ်းရယူထားနိုင်ခဲ့ပေမယ့် သတင်းဌာနတစ်ချို့တော်တော်များများကတော့ ဒီဗွီဒီယိုဟာ အများပြည်သူကြည့်ရှုရန်မသင့်တော်ဘူးဆိုပြီး ဆင်ဆာဖြတ်တောက်ခဲ့ကြပါတယ်။ ဗွီဒီယိုထဲမှာ Zhanora Akhyadova အမည်ရ အသက်(၃၁)နှစ်အရွယ် အမျိုးသမီးကို Anar အမည်ရ အမျိုးသားက ကားထဲကနေ မရမက ဆွဲထုတ်တာကို တွေ့ရပါတယ်။

EAST2WEST NEWS

ယင်းနောက် ကတ္တရာလမ်းနဲ့ ကပ်နေတဲ့ ဦးခေါင်းကို ဖနောင့်နဲ့ပေါက်လိုက်တာကို ခြောက်ခြားဖွယ်ရာ တွေ့ရပြီး၊ လမ်းမဘေးမှာ လမ်းခင်းကျောက်ခဲအကြီးတစ်ခုကို သွားယူကာ အမျိုးသမီးရဲ့ဦးခေါင်းကို ရက်ရက်စက်စက် ထုချလိုက်ပါတယ်။ မူလသတင်းထဲမှာတော့ အဆိုပါအမျိုးသားဟာ အဲဒီအမျိုးသမီးကို ကျောက်တုံးမကွဲမချင်း အနည်းဆုံး ခြောက်ကြိမ် ထုခဲ့တယ်လို့ ဆိုပါတယ်။

READ
ကလေးအသက် ၈နှစ်ရောက်မှ ခါးသီးတဲ့အမှန်တရားကို သိလိုက်ရလို့ ဇနီးသည်ကို တရားစွဲခဲ့သူ

အိမ်နီးနားချင်းရဲ့အဆိုအရ Zhanora ဟာ စားပွဲထိုးအဖြစ် အလုပ်လုပ်ကိုင်သူဖြစ်ပြီး သူမ အလုပ်လုပ်တဲ့ဆိုင်မှာပင် အခု လူသတ်တရားခံရဲ့ ရန်ဘက်ဖြစ်သူ ရည်းစားလုဘက်နဲ့ ချိန်းချက်တွေ့ဆုံမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ Zhanora ဟာ ဒီလောက်နဲ့ အားမရသေးဘဲ ယင်းအမျိုးသားကို အိမ်အထိခေါ်ပြီး တွေ့ဆုံခဲ့ရာ နောက်ဆုံးမှာ Anar က ဖမ်းမိသွားခဲ့တယ်လို့ သိရပါတယ်။

EAST2WEST NEWS

ဒါကြောင့် ရည်စားအလုခံလိုက်ရတဲ့ Anar ဟာ Zhanora ကို ကားနဲ့တင်ခေါ်လာပြီးနောက် အခုလို ရက်စက်တဲ့ လူသတ်မှုကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ Anar ဟာ ဖမ်းခံရပြီးနောက် ထွက်ဆိုချက်မှာ ” သူမရဲ့အိမ်မှာ သူမက အခြားယောက်ျားတစ်ယောက်နဲ့ အတူရှိနေခဲ့တယ် … သူ့ကို ကားပေါ်အတင်းဆွဲခေါ်လာတော့ ကားပေါ်မှာ ကျွန်တော့်ကို စပြီး သူမဘက်က ရိုက်နှက်တယ် .. ဆဲတယ် … အငြင်းပွားတယ် … “လို့ ပြောပါတယ်။

READ
လူပုံအလည်မှာ လက်သရမ်းခဲ့သူကို နောင်တရစေခဲ့တဲ့ စားပွဲထိုးမလေး

သူက ဆက်လက်ပြီး “ဒီလိုနဲ့ ကျွန်တော် သည်းမခံနိုင်တဲ့အဆုံး ဒရိုင်ဘာနဲ့အတူ သူမကို ကားပေါ်ကနေ ဆွဲချတယ် … ပြီးတော့ ဒေါသနဲ့ ဘာတွေလုပ်မိလို့ လုပ်မိတယ်ကို မသိတော့ပါဘူး … တကယ်တော့ ကျွန်တော် ဒီလိုမျိုးဖြစ်မယ်လို့ ဘယ်တုန်းကမှ မတွေးမိဘူး … ကျွန်တော့်ပုံစံကလည်း ဒီလို တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး … “လို့ ပြောပါတယ်။

Anar ကို ရဲက ပြန်ပေးဆွဲမှု၊ မသေမချင်း လူသတ်မှု၊ အလောင်းဖျောက်ဖြတ်ရန် ကြိုးပမ်းမှုစတာတွေနဲ့ စွဲချက်တင်ထားပြီး ပြစ်မှုခိုင်လုံပါက အလွန်ကြီးလေးတဲ့ ပြစ်ဒဏ်ကို ခံရဖို့ရှိပါတယ်။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် ချစ်တယ်ဆိုရမှာ ပညာနဲ့ယှဉ်ပြီး ချစ်ကြဖို့လိုပြီး မဟုတ်ရင် အခုလို မဖြစ်သင့်တာတွေ ဖြစ်လာနိုင်ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE