ရေခဲနေတဲ့ကန်ထဲကိုမှ ဒိုင်ဗင်ပစ်မိတဲ့ကောင်မလေးရဲ့အဖြစ်

အင်တာနက်ပေါ်မှာ ဒီရက်ပိုင်းနာမည်ကြီးနေတဲ့ ဗီဒီယိုဖိုင်လေးကတော့ ရေခဲနေတဲ့ ကန်ထဲကိုမှ ဒိုင်ဗင်ပစ်မိတဲ့ ရုရှားမိန်းကလေးတစ်ယောက်ရဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားခဲ့တာပါ။ အမည်မသိရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေခဲ့တာဖြစ်ပြီး ဗီဒီယိုဖိုင်ရဲ့အစပိုင်းမှာ ကောင်မလေးက ရေကူးဖို့အတွက် သူမရဲ့အ၀တ်တွေကို ကန်နံဘေးက ခုံတန်းပေါ်ထိုင်ရင်း ချွတ်နေခဲ့ပါတယ်။

သူမနဲ့အတူ ပါလာတဲ့ အမျိုးသားတစ်ယောက်က သူမကို ဗီဒီယိုရိုက်ကူးပေးနေခဲ့ပြီး သူမဟာနံဘေးမှာရှိနေတဲ့ ကန်ထဲကို ဒိုင်ဗင်ထိုးဖို့ ပြင်နေခဲ့တာပါ။

Dailymail

သူမထင်ထားခဲ့တာက ဒီကန်ဟာ ပါးလွှာတဲ့ရေခဲပြင်ဖုံးထားတာဖြစ်လို့ သူမအနေနဲ့ ရေခဲလွှာကိုကျော်ပြီး အောက်ကို ကျသွားလိမ့်မယ်လို့ပါ။ အ၀တ်တွေချွတ်ပြီးလို့ အတွင်းခံလေးပဲ ကျန်တော့တဲ့အချိန်မှာတော့ သူမက ရေကူးကန်တွေမှာ ရေထဲခုန်ချလေ့ရှိတဲ့ ပုံစံအတိုင်း သူမရဲ့ ဒူးနှစ်ဖက်ကို လေထဲမှာ ကွေးလိုက်ပြီး လက်နဲ့ပိုက်ထားခဲ့တာပါ။ သူမမျှော်လင့်တာကတော့ ရေထဲကို လှလှပပ ကျသွားမယ်လို့ပေါ့။

READ
အိမ်ခြေယာမဲ့ကိုမှ မေတ္တာသက်ဝင်ခဲ့ပြီး အိုမင်းချိန်မှာလက်ထပ်ဖြစ်အောင် ကြိုးစားခဲ့တဲ့အဖွား
Dailymail

ဒါပေမယ့် တကယ်တမ်းခုန်ချလိုက်ချိန်မှာတော့ ထူထဲလှတဲ့ ရေခဲအလွှာကြောင့် သူမခြေထောက်ကိုပါ ထိခိုက်သွားခဲ့ပြီး ခြေထောက်တစ်ဖက် ထောက်လို့မရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

သူမနဲ့အတူ ပါလာပြီး ဗီဒီယိုရိုက်ကူးပေးနေတဲ့အမျိုးသားက ဒီအဖြစ်အပျက်ကို သဘောကျပြီး ရယ်နေခဲ့ပေမယ့် မိန်းကလေးကတော့ ရေကန်ထဲကနေ တံတားပေါ်ကို ခက်ခက်ခဲခဲ ပြန်တက်ဖို့ ကြိုးစားနေခဲ့ရတာပါ။

Dailymail

ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ ဒီမိန်းကလေးရဲ့ သနားဖို့လည်းကောင်းပြီး ရယ်လည်းရယ်ရတဲ့ ဗီဒီယိုဟာ ကြည့်ရှုသူတွေ သိန်းချီပြီး ရှိခဲ့တာပါ။ အများစုကတော့ ကောင်မလေးရဲ့ မစူးစမ်းပဲ ပြုလုပ်ခဲ့တဲ့အပြုအမူကို အပြစ်တင်ခဲ့ကြပြီး တချို့ကတော့ အကျနာသွားရှာတဲ့ မိန်းကလေးကို သနားနေခဲ့ကြပါတယ်။

Linn

Source : Dailymail

SHARE