ပင်စင်စားနဲ့ စစ်ပြန်ကြီးတွေအတွက် မွန်မြတ်ကုသိုလ်တွေ ပြုစုပေးနေတဲ့ အမျိုးသား

အသက်(၃၃) နှစ်အရွယ် ရုရှားအမျိုးသားတစ်ဦးဟာ ပင်စင်စား အဖိုးအဖွားတွေနဲ့ စစ်ပြန်ကြီးတွေရဲ့ ဘ၀ကို စာနာနားလည်တတ်သူတစ်ဦး ဖြစ်ပါတယ်။ သူ့နာမည်ကတော့ အန်တွန်ဆာ့ဗ်ချက်ခ် ဖြစ်ပါတယ်။ အန်တွန်ဟာ မီလျံနာတစ်ဦးမဟုတ်ပဲ ဆောက်လုပ်ရေးအလုပ်သမားလေး သက်သက်သာ ဖြစ်ပါတယ်။ သူက ငွေကြေးမချမ်းသာပေမယ့် သူလုပ်ချင်တဲ့ အလုပ်ကလေးတွေကိုတော့ လုပ်ကိုင်ဖို့ မတွန့်ဆုတ်ခဲ့သူပါ။ အန်တွန်ဟာ အသက်ကြီးပြီဖြစ်လို့ လူတွေရဲ့ လျစ်လျူရှုခံနေရတဲ့ အဖိုးအဖွားတွေကို အိမ်လေးတွေ ပြန်ပြင်ဆောက်ပေးချင်တဲ့ ဆန္ဒဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ။

boredpanda

“ကျွန်တော် တီဗီကြည့်တဲ့အခါကျရင် အချို့ စစ်ပြန်ကြီးတွေက သူတို့တပ်ထဲနေရတဲ့အခိုက်မှာ ထူးချွန်ဆုတံဆိပ်တွေ ဘာတွေတောင်ရတဲ့အထိ နိုင်ငံအပေါ်မှာ အကျိုးပြုခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သူတို့တွေက ကောင်းကောင်းမွန်မွန် မနေကြရဘူး။ ဒီအကြောင်းကို ကြားရတိုင်း ကျွန်တော်တော့ တော်တော်လေးကို စိတ်ကသိကအောက် ဖြစ်ရတယ်…” လို့ အန်တွန်ဆိုပါတယ်။

ဒါကြောင့် သူ့အနေနဲ့ ပင်စင်စားအဖိုးအို အဖွားအိုတွေ၊ စစ်ပြန်ကြီးတွေ နေထိုင်ကြတဲ့ တိုက်ခန်းကို အခကြေးငွေမယူပဲ ပြန်လည်ပြင်ဆင်ပေးဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့များ သူရှေ့လျှောက်အဆင်ပြေဦးမယ်ဆိုရင်တော့ ချို့တဲ့တဲ့ ဆရာဝန်ကြီးတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေရဲ့ အိမ်တွေကိုပါ အလကားပြုပြင်ပေးသွားဦးမယ်လို့ ဆိုပါတယ်။

READ
သခင်မရဲ့ ဗိုက်ထဲက ကလေးကို မမွေးခင်ကတည်းက သံယောဇဉ်ကြီးနေခဲ့တဲ့ ကြောင်မလေး

ဒါကတော့ အသက်(၄၇) နှစ်အရွယ် ဓာတ်ရထားဒရိုင်ဘာ ပိုလီနာရဲ့  မပြုပြင်ခင်တုန်းက အိမ်အခြေအနေပါ။

boredpanda

အိမ်ပြုပြင်ပေးပြီးတဲ့အခါ…

boredpanda

ဒါကတော့ အသက်(၇၁) နှစ်အရွယ် ဗလင်တီနာရဲ့ နေအိမ်ပါ။ သူမက ငယ်ငယ်လေးထဲက မသန်စွမ်းဖြစ်ခဲ့တာပါ။ ခုမြင်တွေ့ရတာကတော့ နေအိမ်ကို အန်တွန်မပြုပြင်ရသေးမီ အနေအထားပဲ ဖြစ်ပါတယ်။

boredpanda

ဒါကတော့ အိမ်ပြင်ပေးပြီးနောက် တွေ့ရတဲ့ အခြေအနေပါ…

boredpanda

အသက်(၉၅) နှစ်အရွယ် စစ်ပြန်ကြီး ဗက်စီလီနဲ့ ဇနီးသည် တာမာရာတို့ရဲ့  အနှစ်(၆၀) ကျော်ကြာ နေထိုင်လာတဲ့ အိမ်လေးပါ။ ဒါကတော့ အန်တွန်သွားလည်တုန်းက တွေ့ရတဲ့ သူတို့အိမ်အခြေအနေပါ။

boredpanda
boredpanda

ပြင်ဆင်နေစဉ်အတောအတွင်း…

boredpanda

အိမ်ကို ပြင်ဆင်ပြီးတဲ့နောက်ပိုင်း…

boredpanda

ဒါကတော့ ဂျာမနီတွေရဲ့ ဆိုဗီယက်မြို့တော် လီနင်ဂရက်ဒ်ကို ပိတ်ဆို့စဉ်မှာ အသက်ရှင်ကျန်နေခဲ့တဲ့ အဖွားအိုပဲ ဖြစ်ပါတယ်။

boredpanda

တွေ့ရမှာကတော့ အဖွားအို တာယာနာရဲ့  လက်ရှိအိမ်အခြေအနေပဲ ဖြစ်ပါတယ်။

boredpanda

တာယာနာ အသက်(၈၀) ပြည့် မွေးနေ့မတိုင်ခင်မှာ အန်တွန်က ကုသိုလ်ယူပြီး ပြင်ပေးသွားတဲ့ လက်ရှိအိမ်လေးအခြေအနေပါ

boredpanda

လူကိုယ်တိုင်က မချမ်းသာပေမယ့် သက်ကြီးရွယ်အို အဖိုးအဖွားတွေ စိတ်ချမ်းသာအောင် ပိုက်ဆံမယူပဲ အိမ်တွေကို လိုက်ပြုပြင်ပေးနေတဲ့ အန်တွန်ကတော့ တကယ့်ကို စံပြုထိုက်တဲ့ အမျိုးသားတစ်ဦးပဲ ဖြစ်ပါတော့တယ်။

READ
ခွဲခန်းဝင်ရမှာ ကြောက်နေတဲ့ကလေးကို ကြင်နာစွာနှစ်သိမ့်ပေးခဲ့တဲ့ သူနာပြုဆရာမလေး

လင်းလင်း (ShweMom)

Ref: boredpanda

SHARE