လေယာဉ်ကြောက်တဲ့စိတ်ကို ဆေးသုံးပြီးဖျောက်ဖို့ကြိုးစားခဲ့သူ ဒုက္ခရောက်

ရုရှားနိုင်ငံက မော်ဒယ်တစ်ယောက်ဟာ လေယာဉ်စီးရမယ့် ကြောက်တဲ့စိတ်ကို ဖျောက်ဖို့ ခရစ်စတယ်မက်ကို သုံးခဲ့ပြီး လေယာဉ်ပေါ်မှာ ဆေးအရှိန်ကြောင့် စိုးရိမ်ဖွယ် အခြေအနေတစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အသက် (၂၇) နှစ်အရွယ် Sofia Edigarova ဆိုတဲ့သူမဟာ ပြည်တွင်း လေယာဉ်ပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဒနာ ဒုက္ခတွေကို ခံစားရပြီးနောက် အလျင်အမြန် စိန့်ပီတာ စဘတ်ဂ် မြို့ရှိ ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်။

EAST2WEST NEWS

ခိုင်လုံးတဲ့ သတင်းအရ သူမဟာ လေယာဉ်စီးတာ ကြောက်တဲ့ စိတ်ကို ခံနိုင်ရည်ရှိအောင် မီသာမဖက်တမင်း ကိုသုံးစွဲခဲ့တယ်လို့ သိရပါတယ်။

Omsk မြို့က ထွက်ခွာလာတဲ့ လေယာဉ်ပေါ်မှာလည်း လေးနာရီလုံးလုံး ကျန်းမားရေး အထူးကြပ်မတ်မှုနဲ့ နေခဲ့ရတယ်။ အဲ့ဒီ့နောက်မှာ နေမထိုင်မကောင် ဖြစ်လာခဲ့ပြီး တုန့်ပြန်မှုတွေ မရှိတော့ဘူးလို့ သတင်ဖော်ပြချက်များမှာ တွေ့ရတယ်။

READ
ဝန်ထမ်းတွေကို အခွန်အကောက်လျော့ချနည်းသင်တန်းပေးမယ့် Google
EAST2WEST NEWS

လေယာဉ်အကူတွေက ကျန်းမာရေး စောင်ရှောက်မှုအကူကို ခေါ်ခဲ့ပြီး လေယာဉ်ဆိုက်ဆိုက်ချင်းမှာပဲ ဆေးရုံးကို ခေါ်ဆောင်သွားခဲ့ကြတယ်။ စိတ်ကြွဆေးများသွားတဲ့နောက် ပြင်းထန်တဲ့ ဒဏ်ကို ခံရတာလို့လည်း သီရတယ်။

EAST2WEST NEWS

အခုဆို မိခင်ဖြစ်သူရဲ့ အဆိုအရ ဆေးရုံမှာဆိုတာပဲ သိရပြီး နောက်ထပ်ဘာမှ မသိရသေးကြောင်း ရင်နှီးသူတစ်ယောက်က ဆိုပါတယ်။ စိန့်ပီတာ စဘတ်ဂ်မြို့က Pulkovo လေဆိပ် ကတော့ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာဖြေရှင်းဖို့ ငြင်းပယ်ထားပါတယ်။

EAST2WEST NEWS

မြို့ရဲ့ ရဲဌာနမှ ထုတ်ပြန်ချက်ကတော့ သူမရဲ့ အခြေအနေအမျိုးအစားက လွန်ကဲ သွားတာဆိုပြီးပဲ ဖြစ်ပါတယ်။ သူမက လေယာဉ်ကြောက်တဲ့စိတ်ကို ခံစားနေရတယ်ဆိုတာ သိတဲ့ လူတွေလည်း ရှိပါတယ်။ ဒါကိုမှ ဘာကြောင့်စီးရသလဲကတော့ သူပဲသိပါလိမ့်မယ်…။

EAST2WEST NEWS

Ref: The Sun

READ
သူငယ်ချင်းတွေ အဆိပ်ခပ်သတ်တာခံခဲ့ရတဲ့ ညီမအတွက် ပူဆွေးနေတဲ့အစ်မဖြစ်သူအမျိုးသမီး
Matthew (ShweMOM)

 

SHARE