ပေါင် 7သန်းတန် 70 ကာရက်စိန်လက်စွပ်ကို ပြသခဲ့တဲ့ ရုရှသန်းကြွယ်ရဲ့ဇနီး

ရုရှနိုင်ငံက ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်တဲ့ Ksenia Tsaritsina အမည်ရ အမျိုးသမီးဟာ 70 ကာရက် စိန်နဲ့ စီခြယ်ထားတဲ့ လက်စွပ်ကြီးကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီစိန်လက်စွပ်ကြီးဟာ ပေါင် 7 သန်းအထိ တန်ကြေးရှိပြီး၊ သူမရဲ့ ခင်ပွန်း Aleksey Shapovalov ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သလို၊ စော်ဘွားရာထူးနဲ့တူညီတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးလည်း ဖြစ်ပါတယ်။

Ksenia ဟာ အဆိုပါ လက်စွပ်ရဲ့ဓာတ်ပုံကို လူမှုကွန်ယက်မှာ ဖြန့်ဝေပြီးတော့ ” သာမန်လက်ဝတ်လက်စားတွေဟာ သိပ်အကောင်းကြီး မဟုတ်ဘူး “လို့ မိမိရဲ့ ပစ္စည်းကို အမွှန်းတင် ကြွားဝါခဲ့ပါတယ်။ Ksenia ဟာ အသက် 27 နှစ်သာ ရှိသေးပြီး ရုရှမှာတော့ နာမည်ရမော်ဒယ်ထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်ပါတယ်။

ကျွမ်းကျင်သူတစ်ယောက်ရဲ့ အဆိုအရတော့ အဆိုပါ စိန်လက်စွပ်ဟာ ပေါင် 7.7 သန်းအထိ တန်ကြေးရှိတဲ့ အထက်တန်း
စားစိန်နဲ့ ပြုလုပ်ထားတဲ့ လက်စွပ်လို့ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ Ksenia က ” ကျမအမျိုးသားက ကျမလိုချင်တဲ့ အရာမှန်သမျှ ၀ယ်ပေးဖို့ တွန့်တိုတဲ့သူတစ်ယောက် မဟုတ်ပါဘူး .. အစက 30 ကာရက်ပဲရှိတဲ့ စိန်လက်စွပ် လုပ်ပေးမယ်ပေါ့ … နောက် 70 ကာရက်စိန်လက်စွပ်ကြီး ဖြစ်သွားခဲ့တာပါ “လို့ ထုတ်ဖော်ခဲ့ပါတယ်။

READ
ခွဲစိတ်မှုတွေများတာကြောင့် ဆေးရုံကြမ်းပြင်မှာပင်အိပ်ရတဲ့ လေးစားစရာ ဂရုဏာရှင် ဆရာဝန်

ဒီ 70 ကာရက်ရှိ စိန်လက်စွပ်ကြီးကို ခင်ပွန်းဖြစ်သူက မင်္ဂလာနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ၀ယ်ပေးတာလို့လည်း သူမက ဆိုပါတယ်။ အင်တာနက်အသုံးပြုသူအချို့ကတော့ သူမရဲ့ မောက်မာတဲ့ပုံစံ၊ ကြွားလုံးထုတ်တဲ့ ပုံစံနဲ့ စကားပြော ဟန် ဆိုဟန်တွေကို  မြင်ပြင်းကပ်နေကြပါတယ်။

အင်တာနက်အသုံးပြူသူတစ်ယောက်က ” ခန္ဓာကိုယ်လေးကတော့ လှပါတယ် .. မျက်နှာကတော့ စီလီကွန်နဲ့ လုပ်ထား တာ ကြီးပါ .. ခေတ်အမြင်ရှိတဲ့သူကတော့ သဘောကျမှာ မဟုတ်ဘူး “လို့ လှောင်ပြောင်ခဲ့ပါတယ်။ အခြားတစ်ယောက် ကလည်း ” လက်ချောင်းနဲ့ စိန်လက်စွပ်က အတော်လေးကို မလိုက်ဖက်တဲ့အရာပါဘဲ .. သူ့လက်ချောင်းတွေက ပိန်လှီနေပြီး .. အတော်လေးကို ဟန်မကျတဲ့ ပုံစံပါဘဲ “လို့ ရေးသားခဲ့ပါတယ်။

လင်းဇော်ကို (Shwemom)

source : mirror.co.uk

SHARE