ကိုဗစ်ကြောင့် လေယာဉ်ပိုင်းလော့ဘဝကို စွန့်လွှတ်ကာ အလုပ်သစ်လုပ်နေရတဲ့ ကောင်လေး

Facebook- Roman Savin

ကိုဗစ်ကတော့ ဟိုးအပေါ်ကလူတွေကနေစလို့ ဟိုးအောက်ဆုံးက လူတွေအထိ အဆင့်အတန်းမရွေးဘဲကို ဒုက္ခပေးနေခဲ့တာပါ။ ကျန်းမာရေးအပြင်ကိုမှ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ အရာတွေအားလုံးမှာ အထိအလိုက်တွေရှိနေခဲ့ပါတယ်။

အခုလည်း ကိုဗစ်ရဲ့ဒုကမ္ခပေးမှုကြောင့် လေယာဉ်ပိုင်းလော့လုပ်နေတဲ့ လူငယ်လေးတစ်ယောက်ဟာ အလုပ်ပြုတ်သွားခဲ့ပါတယ်။ သူ့လိုအလုပ်ပြုတ်တဲ့လူတွေလည်း ဒုနဲ့ဒေးပေါ့။ ဘာကြောင့်ဆိုရင် ကိုဗစ်ကာလမှာ ရှေ့တန်းက ခါးစည်းခံနေရတဲ့လုပ်ငန်းဟာ ခရီးသွားလုပ်ငန်းဖြစ်နေတာကိုး။

ဒါပေမဲ့ သူကတော့ လက်မလျှော့ပါဘူးတဲ့လေ။ အရင်ဆုံး သူနဲ့မိတ်ဆက်ပေးပါစေ။ သူ့နာမည်ကတော့ Roman Savin ပါတဲ့။ အသက် ၂၃ နှစ်သာရှိနေသေးတဲ့ ရုရှားလေယာဉ်ပိုင်းလော့လေးပါ။ Lithuania မှာ နေထိုင်နေပါတယ်။ ကိုဗစ်ကြောင့် ခရီးစဉ်တွေ အကန့်အသတ်မရှိ ရပ်နားခဲ့ရတဲ့အတွက် Roman အပါအဝင် တခြားသော လေယာဉ်ဝန်ထမ်းတွေဟာ အလုပ်ရပ်နားခံခဲ့ရပါတယ်။

Roman တစ်ယောက် သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ နေ့ချင်းညချင်းပြောင်းလဲသွားခဲ့တဲ့ သူ့ရဲ့ဘဝအကြောင်းကို မျှဝေခဲ့ပါတယ်။ ပထမပုံလေးကို ကြည့်မယ်ဆိုရင် Roman ဟာ ပိုင့်လော့အဝတ်အစားလေးဝတ်ပြီး ဂုဏ်ယူပီတိဖြာနေတဲ့ အပြုံးလေးနဲ့ ဓာတ်ပုံရိုက်ထားတာကို မြင်ရပါလိမ့်မယ်။

ဒါပေမဲ့လည်း ကံမကောင်းလှလေတော့ အလုပ်ရပ်နားခံခဲ့ရတဲ့အတွက် စားဝတ်နေရေးအတွက် Roman ဟာ တစ်ခြားအလုပ်ကို ရှာလုပ်ခဲ့ရပါတယ်။ အဲဒါကတော့ လက်ရှိအချိန်မှာ ဖောဖောသီသီလူလိုနေတဲ့ အစားအသောက် ပို့တဲ့လုပ်ငန်းပါ။ Food Delivery အနေနဲ့ လေယာဉ်ပိုင်းလော့လေးတစ်ယောက် လုပ်နေခဲ့ရပါတယ်။ ၃ နှစ်တာကာလပတ်လုံး လေယာဉ်ပေါင်းခဲ့ပေမယ့်လို့ အခုလိုမျိုး ကြုံလာခဲ့ပြန်တဲ့အချိန်မှာကျတော့လည်း Roman လို လူငယ်တစ်ယောက်အနေနဲ့ မရှက်မကြောက် စိတ်ဓာတ်မကျဘဲ ရှိတဲ့အခွင့်အရေးကို အကျိုးရှိရှိအသုံးချနိုင်ခဲ့ရပါတယ်။ 

ဒီအပြင် Roman ဟာ လေယာဉ်နဲ့စက်ပစ္စည်းရောင်းတဲ့ ကုမ္ပဏီမှာလည်း အရောင်းဝန်ထမ်းအဖြစ် work form home အလုပ်လုပ်နေပါသေးတယ်တဲ့လေ။ ဒါကတော့ တနင်္လာကနေသောကြာအထိ ကွန်ပြူတာရှေုထိုင်ပြီးတော့ customer service ပေးနေရတာပါ။

READ
ဟင်းတစ်ခွက်ရဖို့ လေယာဉ်နဲ့ မိုင်(၂၀၀)ပတ်လည် ခရီးနှင်ခဲ့ကြတဲ့ ဘော်ဒါသုံးယောက်

အခုလိုဖြစ်သွားတော့လည်း ဘဝမှာငယ်တုန်းရွယ်တုန်း အတွေ့အကြုံသစ်ရတာပေါ့လို့ Roman က Bored Panda ကို ပြောပြလာခဲ့ပါတယ်။ တစ်ပတ်မှာ ၅ ရက်စလုံး အခန်းအောင်းပြီး အလုပ်လုပ်ရသမျှ ပိတ်ရက်လေးမှာ သီချင်းလေးနားထောင်ပြီး မြို့ပတ် အစားအစာပို့ရတာနဲ့တော့ ကွက်တိပဲလို့လည်း Roman ဟာ ရယ်ရယ်မောမောပဲ အရွှန်းဖောက်သွားခဲ့ပြန်ပါတယ်။

penny

SHARE