ဖုန်းကိုမဆင်မခြင်သုံးမိလို့ ကြွေလွင့်သွားရှာခဲ့ရတဲ့ ၁၄ နှစ်အရွယ် ရုရှားသူလေး

မော်စကိုအနီးရှိ Cheboksary မြို့ရဲ့ အိမ်တစ်အိမ်မှာတော့ ဖုန်းကိုမဆင်မခြင် သုံးမိတဲ့အတွက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက် ကွယ်လွန်သွားခဲ့ရပါပြီ။

အသက် ၁၄ နှစ်အရွယ် Yulia Vysotskaya ဆိုသူလေးဟာ ရေချိုးနေတုန်း ဖုန်းနဲ့ သီချင်းနားထောင်နေခဲ့တာပါ။ ရေချိုးကန်ထဲ ရေစိမ်နေတုန်း ဖုန်းကို ပလပ်တန်းလန်းနဲ့ အားသွင်းထားခဲ့သေးပါတယ်။ နောက်မှာတော့ ဖုန်းကိုင်သုံးရင်း လက်ကချော်ပြီး စိမ်နေတဲ့ ရေချိုးကန်ထဲကို ကျသွားခဲ့ပါတယ်။

Yulia Vysotskaya/ east2west news

အဖြစအပျက်တွေဟာ အရမ်းမြန်လွန်းလှလို့ ဘယ်လိုဖြစ်မှန်းမသိလိုက်ပေမယ့် မိဘတွေ Yulia Vysotskaya ကို တွေ့တဲအချိန်မှာတော့ ဓာတ်လိုက်ပြီး ရေနစ်နေတာ အချိန်အနည်းငယ် ကြာနေခဲ့ပါပြီ။ အရေးပေါ်ကားကို ချက်ချင်းခေါ်ခဲ့ပေမယ့် ရောက်လာတဲ့အချိန်မှာတော့ Yulia Vysotskaya ရဲ့အလောင်းကို မှတ်တမ်းတင်ဖို့အတွက်ပဲ ဖြစ်သွားခဲ့ပါတယ်။

Yulia Vysotskaya/ east2west news

ဒီလိုဖြစ်ရပ်မျိုးဖြစ်တာဟာ ဒီလတွေအတွင်း ၃ ကြိမ်တောင်ရှိနေခဲ့ပါပြီ။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ရုရှားရဲ့ ကိုယ်ခံပညာထူးချွန်ချံပီယံတစ်ဦးဖြစ်တဲ့ အသက် ၁၅ နှစ်အရွယ် Irina Rybnikova ဟာလည်း ရေချိုးရင်း ဖုန်းသုံးလို့ ဓာတ်လိုက်ပြီး Siberia မှ Bratsk နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ Irina Rybnikova ဟ သက်ငယ်တန်း ဘောက်ဆင်နဲ့ နပန်းချန်ပီယံတစ်ဦးအဖြစ် နိုင်ငံ့ဂုဏ်ဆောင်နေတာဖြစ်ပါတယ်။

READ
ဂျပန်မီးတောင်ပေါက်ကွဲလို့ မီးတောင်ပြာများ ၄မိုင်အထိဖုံးလွှမ်း
Irina Rybnikova/east2west news

၂၀၁၉ အစောပိင်းတုန်းကလည်း အသက် ၁၂ နှစ်အရွယ် Kseniya P ဆိုတဲ့ ကလေးဟာ ရေချိုးနေတုန်း ဖုန်းကိုအားသွင်းရင်း နားကြပ်တပ်ကာ သီချင်းနားထောင်နေခဲ့တာပါ။ Kseniya P ဟာလည်း ဖုန်းအားသွင်းကြိုးမှတစ်ဆင့် နားကြပ်ဆီကို လျှပ်ကူးကာ ရေစိုကြီးနဲ့ မို့ ဓာတ်လိုက်ကာ သေဆုံးသွားခဲ့တပါယ်။ မိခင်ဖြစ်သူဟာ ညစာချက်နေတုန်း သမီးလေးရေချိုးတာ ကြာနေပြီမို့ သွားကြည့်တဲ့အခါ ရေချိုးကန်ထဲ နစ်ပြီး အသက်မရှိတော့တာကို တွေ့ခဲ့ရပါတယ်။

east2west news

မူလတန်းအရွယ်ကတည်းက လျှပ်စီးကူးလို့အကောင်းဆုံးကြားခံဟာ ရေဖြစ်တာကို အားလုံးသိထားကြတဲ့ကြားထဲကမှ အခုလို မျိုးမဆင်မခြင်ပြုမူခြင်းကြောင့် အသက်ပါပေးလိုက်ရတာဟာ သိပ်ကို နှမြောဖို့ကောင်းလှပါတယ်။ ဖုန်းတစ်လုံးဟာ အားမသွင်းထားဘူးဆိုရင်တောင်မှ ရေထဲကျတဲ့အခါ ဘာဓာတ်လိုက်တာမျိုးမှ ကြုံရမှာမဟုတ်ပါဘူး။ အကောင်းဆုံးကတော့ ဆံပင်မှုတ်စက်၊ ဖြောင့်စက်၊ ကောက်စက်တွေအပါအဝင် ရေချိုးခန်းထဲ ဖုန်းပလပ်သွင်းထားတာတို့၊ မုတ်ဆိတ်ရိတ်စက်ကို မဆင်မခြင်အသုံးပြုတာတို့ကို အထူးသတိထားသင့်ပါတယ်။

Source: Daily Mail, Indepedent

Penny

 

SHARE