ကင်ဂျုံအန်ကို ပြုံးနေပုံပေါက်အောင် ဖိုတိုရှော့နဲ့ပြင်ခဲ့တဲ့ ရုရှားရုပ်သံလိုင်းတစ်ခု

ရုရှားနိုင်ငံပိုင် ရုပ်သံလိုင်းတစ်ခုက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ မျက်နှာကို သတင်းထုတ်လွှင့်နေစဉ် ဖိုတိုရှော့နဲ့ ပြင်ထားခဲ့တာဖြစ်ကြောင်း သတင်းများက ဖော်ပြနေကြပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov နဲ့ တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး တွေ့ဆုံဆွေးနွေး နေစဉ်မှာတော့ အပြုံးအနည်းငယ် ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ခေါင်းဆောင်နှစ်ဦး လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံအရိုက်ခံစဉ်မှာတော့ ကင်ဟာ လုံးဝ ပြုံးမနေခဲ့တော့ပါဘူး။ ဒါကို သတင်းဌာနက သူ့နှုတ်ခမ်းကို ပြုံးနေပုံပေါ်အောင် ဖိုတိုရှော့နဲ့ ပြင်ပြီး သတင်းထုတ်လွှင့်ခဲ့ပါတယ်။

Russia-1

ဒီအကြောင်းကို ကင်ရဲ့ မူလဖြစ်နိုင်တဲ့ ရုပ်တည်ပုံနဲ့ ဖိုတိုရှော့နဲ့ ပြင်ပြီးတဲ့ ပြုံးနေပုံ နှစ်ပုံတို့ကို တွဲပြီး Bloomberg ရုရှားသတင်းစာရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ Scott Rose က တင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပုံတွေကို အွန်လိုင်းပေါ်မှာ တင်ပြီး သူရေးထားတာကတော့ “ခေါင်းဆောင် အကြီးအကဲနှစ်ဦးရဲ့ တွေ့ဆုံမှုကို ထုတ်လွှင့်ခဲ့တဲ့ နိုင်ငံပိုင် တီဗီရုပ်သံလိုင်းက မြောက်ကိုရီးခေါင်းဆောင် ကင်ဂျုံအန်ရဲ့ မျက်နှာကို ဖိုတိုရှော့နဲ့ ပြင်ထားခဲ့တယ်” ဆိုပြီး ရေးထားတာပါ။

READ
ကမ်းခြေကို ရောက်နေတဲ့ သူတို့အဖွဲ့
AFP

ကင်ဂျုံအန်ရဲ့ အဆိုပါ ရုရှားနိုင်ငံဘက်နဲ့ တွေ့ဆုံမှုကတော့ အမေရိကန်သမ္မတ ထရမ့်နဲ့ တွေ့ဆုံမှု မတိုင်ခင် ရက်သတ္တပတ်အနည်းငယ်အလိုမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ကင်ဂျုံအန်နဲ့ ထရမ့်တို့ကတော့ လာမယ့် ဇွန်လ (၁၂)ရက်နေ့မှာ စင်ကာပူနိုင်ငံရှိ Capella ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Russia-1
AFP

White (Shwemom)

Ref: Mirror UK

SHARE