ချစ်သူရဲ့ ဓားအချက်ပေါင်း (၃၀) ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ရုရှား ရေကူးမယ်လေး

ရုရှား၊ Tolyatti မှာ အသက် (၁၆) နှစ်အရွယ် ရုရှားရေကူးချန်ပီယံဟာ ရည်းစားရဲ့ ရက်ရက်စက်စက် ဓားနဲ့ထိုးမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

east2westnews

ငွေတံဆိပ်ဆုပိုင်ရှင် Safia Askarova ဟာ အိုလံပစ်ပြိုင်ပွဲအတွက် သူမရဲ့အားကစားလောကဖက်မှာ အာရုံပိုစိုက်ချင်တယ်ဆိုပြီး အကြောင်းပြကာ တွဲနေတဲ့ ရည်းစားနဲ့ နားလည်မှုယူပြီး နှစ်ဦးသားလမ်းခွဲခဲ့ပါတယ်။

စွန့်ပစ်ခံလိုက်ရတဲ့ Safia ရဲ့ ချစ်သူ Nikita Malygin ဟာလည်း Safia လိုပဲ ထိပ်တန်းအဆင့် ရေကူးအားကစားသမားဖြစ်ပေမယ့် Safia လောက်တော့ မကျော်ကြားခဲ့ပါဘူး။ အားကစားမှာ အာရုံစိုက်ချင်တယ်ဆိုပြီး အကြောင်းပြကာ လမ်းခွဲခဲ့ပေမယ့် Safia နားမှာ နောက်ထပ်ယောက်ျားလေးတစ်ယောက် ချင်းကပ်နေတာကြောင့် သူတို့နှစ်ယောက်အကြိမ်ကြိမ် စကားများ ရန်ဖြစ်ခဲ့ရပါသေးတယ်။

east2westnews

အခင်းဖြစ်ပွားတဲ့ ညတုန်းက မိဘတွေကို မုန့်ခဏဝယ်မယ်ပြောပြီး Safia တစ်ယောက် Nikita ခေါ်လို့ သွားတွေ့ခဲ့ပါတယ်။ Nikata ဟာ ပြန်တွဲဖို့ အမျိုးမျိုးတောင်းပန်ခဲ့သော်လည်း ရန်ဖြစ်ရင်းနဲ့မို့ ဒေါသထွက်နေတဲ့ Safia က “go to hell” လို့ တုန့်ပြန်လိုက်တဲ့ အခါမှာတော့ Nikata တစ်ယောက် ဒေါသမထိန်းနိုင်ဖြစ်ကာ အသင့်ယူလာတဲ့ဓားကို ထုတ်ပြီး Safia ကိုစထိုးခဲ့ပါတယ်။

READ
ကြည့်ရှုသူတွေ ဘယ်လိုနားလည်ရမှန်းမသိဖြစ်သွားတဲ့ လမ်းလုပ်သားနှစ်ဦးရဲ့ ဗီဒီယို
east2westnews

စစချင်း ထိုးလိုက်တဲ့ အချက်မှာပဲ Safia တစ်ယောက် လဲကျသွားခဲ့သော်လည်း Nikita ဟာ စိတ်လွတ်နေတဲ့အတွက် ဘာဆိုဘာမှ မသိတော့ဘဲ ဆက်တိုက်ဆိုသလို အချက် (၃၀) လောက်အထိ ထိုးခဲ့ပါတယ်။ Safia တစ်ယောက်ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့်လည်း အသက်သေသွားခဲ့ပြီး Nikita ကတော့ ဓားကိုတစ်နေရာမှ စွန့်ပစ်ကာ အိမ်ပြန်လာခဲ့ပါတယ်။

east2westnews

တော်တော်ကြာတဲ့အထိ အိမ်ပြန်မလာတာကြောင့် Safia ဆီကို အိမ်ကနေဖုန်းဆက်ခဲ့သော်လည်း ဖုန်းပိတ်ထားတာနဲ့ ကြုံခဲ့ရပါတယ်။

east2westnews

Safia ရဲ့ အသက်မရှိတော့တဲ့ ရုပ်အလောင်းကို ဒီဇင်ဘာလ (၂၃) ရက်နေ့ ည (၁၀) နာရီဝန်းကျင်လောက်မှာ တွေ့ခဲ့ရပြီး သက်သေခံပစ္စည်းဖြစ်တဲ့ လူသတ်လက်နှက်ကိုတော့ အခင်းဖြစ်ပွားတဲ့နေရာမှာပဲ တွေ့ခဲ့ရပါတယ်။ Nikita ကိုလည်း လည်ပင်းနဲ့ ရင်ဘတ်အနီးတဝိုက်မှာ ထိုးသွင်းဒဏ်ရာများနဲ့ အလောင်းကိုရှာတွေ့တွေ့ပြီးချင်းမှာပဲ အလွယ်တကူဖမ်းမိခဲ့ပြီး အဖမ်းခံရစဉ်မှာရော၊ တရားရုံးမှာပါ ချစ်လွန်းလို့ စိတ်လွတ်ပြီး သတ်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။

READ
အစိုးရနှစ်ခုကြား တင်းမာမှုတွေဖြစ်လာနိုင်တဲ့ ကားဆရာနဲ့အမျိုးသမီးနှစ်ဦးရဲ့ရန်ပွဲ
east2westnews
INCPak

ထူးဆန်းတာကတော့ Safia မှာ ဝတ်ထားတဲ့ လက်ဝတ်ရတနာတွေ ပျောက်ဆုံးနေပြီး ယူသွားခဲ့ဖုန်းပါ အခင်းဖြစ်ပွားရာအနီးတစ်ဝိုက်မှာ ရှာမတွေ့ခဲ့ပါဘူး။ အမှုကိုတော့ ဆက်လက်စစ်ဆေးနေဆဲဖြစ်ပါတယ်။

Source: Mirror

Penny

SHARE