ပိုက်ဆံပေးပြီးလူတွေကိုအဝတ်အစားချွတ်ခိုင်း၊ ကျင်ငယ်ရေသောက်ခိုင်းတဲ့သူဌေး

လူတွေဟာ ပိုက်ဆံအတွက်ဆို ဘာမဆိုလုပ်တတ်ကြကြောင်းကို ရုရှားသူဌေးရဲ့မြေးဖြစ်သူတစ်ယောက်က ဗီဒီယို
များစွာနဲ့မှတ်တမ်းတင်ခဲ့ပါတယ်။ လူတွေဟာပိုက်ဆံအတွက်ဆိုဘာမဆိုလုပ်တတ်ကြောင်းကို ပြချင်လို့ Prank
သဘောမျိုးလုပ်တာထားတာဖြစ်ပါတယ်။

ဒီဗီဒီယိုတွေကို မကောင်းဘက်ကမြင်ရင်တော့ လူတွေကိုသိက္ခာချတယ်လို့မြင်နိုင်ပါတယ်။ ကောင်းတဲ့ဘက်က
မြင်ရင် လူတော်တော်များများဟာ မက်မောစရာငွေနဲ့တွေ့ရင် ပြောင်းလဲသွားနိုင်တယ်ဆိုတာကို သိခွင့်ရမှာဖြစ်
ပါတယ်။

ဗီဒီယိုတစ်ခုမှာဆိုရင် လမ်းမှာတွေ့တဲ့ မိန်းကလေးတွေကို ဘေးနားကပ်ပြီး မက်မောလောက်တဲ့ ငွေပမာဏတော်
တော်များများကိုပေးပြီး အဝတ်အစားချွတ်ခိုင်းခဲ့ပါတယ်။

နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့ လမ်းမှာတွေ့တဲ့ မိန်းကလေးတွေကို မက်မောလောက်တဲ့ ပိုက်ဆံပမာဏပေးမယ်
ပြောပြီး ရင်သားကိုလှန်ပြခိုင်းတာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ပိုက်ပေးပြီး သူ့ရဲ့ခွေးကို ပစ်သတ်ခိုင်းတာပါ။

နောက်တစ်ခုကတော့ မက်မောလောက်စရာပိုက်ဆံပေးခိုင်းပြီး လမ်းမှာတွေ့တဲ့သူကို အတွင်းခံနဲ့ သူ့ကားကိုဆေး
ခိုင်းတာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ပိုက်ဆံပေးပြီး သူများရည်းစားကို ရှေ့တင်နမ်းတာဖြစ်ပါတယ်။

နောက်ထပ်တစ်ခုကတော့ လမ်းမှာလူစိမ်းတွေကို ပိုက်ဆံပေးပြီး အတွင်းခံပဲ ကျန်တော့တဲ့အထိချွတ်ခိုင်းခဲ့တာ
ဖြစ်ပါတယ်။

သူရဲ့ဗီဒီယိုအားလုံးကိုတော့ အောက်ပါlinkမှာကြည့်နိုင်ပါတယ်။

READ
ကင်ဆာရောဂါကြောင့် သားငယ်လေးကို အစ်ကိုဖြစ်သူထံ မွေးစားပေးဖို့ အပ်ခဲ့ရတဲ့မိခင်

https://www.youtube.com/channel/UCGqLGlMH-63TzNElt614mig/videos

ဒီဗီဒီယိုတွေကိုပြုလုပ်နေတဲ့ကောင်လေးရဲ့အမည်ကတော့ Grisha Mamurinပဲဖြစ်ပါတယ်။ သူက “ကျွန်တော်
လူတွေဒီလိုလုပ်လို့ သူတို့ကို အပြစ်မမြင်ပါဘူး။ သူတို့မှာ ဒီပိုက်ဆံကိုလိုရလောက်အောင် ဘယ်လိုပြဿနာမျိုး
တွေရှိနေလဲမှမသိတာ။ ကျွန်တော်သာ ပြဿနာတွေ အကြီးအကျယ်ရှိနေရင်လည်း လုပ်ရင်လုပ်ဖြစ်မှာပါ။”လို့
ဆိုခဲ့ပါတယ်။

shwemom post photo

SHARE