Bradley Cooper ကို ဇနီးဟောင်းဆီပြန်ပေးလိုက်ဆိုပြီး အပြောခံနေရတဲ့ Lady Gaga

@ladygaga/Instagram

Lady Gaga နဲ့ Bradley Copper တို့ရဲ့ A Star Is Born ဇာတ်ကားကစတဲ့ သို့လောသို့လော သတင်းတွေကို ကြားပြီးလောက်ပြီထင်ပါတယ်နော်။ ဒီသတင်းကိုပိုခိုင်မာသွားစေခဲ့တာကတော့ အော်စကာဆုပေးပွဲမှာ ဇာတ်ကားထဲကသီချင်း Shallow ကို စင်ပေါ်မှာ ချစ်ရည်ရွှန်းလဲ့တဲ့ မျက်ဝန်းတွေနဲ့ နှစ်ယောက်သား ဖျော်ဖြေသွားပုံကြောင့်ပါပဲ။

View this post on Instagram

#LookWhatIFound #AStarIsBorn

A post shared by Lady Gaga (@ladygaga) on

သူတို့နှစ်ယောက်ဖျော်ဖြေခဲ့တဲ့ အောစကာဆုပေးပွဲဟာ ၂၀၁၉ ဖေဖော်ဝါရီလမှာ ပြုလုပ်သွားခဲ့ပါတယ်။ နောက်ထပ် ၃ လလောက်အကြာမှာတော့ Bradley Copper ဟာ သူနဲ့နှစ်အကြာကြီးတွဲခဲ့တဲ့ Irina Shayk နဲ့  လမ်းခွဲလိုက်ပြီလို့ ကြေငြာခဲ့ပါတော့တယ်။ အရမ်းချစ်ကြတဲ့ Bradley Copper နဲ့ Irina Shayk တို့နှစ်ယောက်ကြား Lady Gaga နဲ့ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ထွက်ပြီးမှပဲ အခုလိုကွဲပြဲကုန်ကြတယ်၊ နောက်ပြီး အော်စကာမှာလည်း နှစ်ယောက်သားက အကြင်နာမျက်ဝန်းတွေနဲ ဖျော်ဖြေခဲ့ကြတယ်ဆိုတော့ အကုန်လုံးက Lady Gaga ကြောင့် လို့ ထင်ကုန်ကြပါတော့တယ်။

READ
($185)သန်းတန် ကိုယ်ပိုင်လေယာဉ်ကြီးကို ထုတ်ကြွားလိုက်တဲ့ Drake

 

ဒါတောင် Lady Gaga နဲ့ Bradley Copper  တို့နှစ်ယောက်က အော်စကားပြီးတဲ့အချိန်ကစလို့ အခုအချိန်အထိ ချိန်းတွေ့တယ်၊ ဆက်သွယ်တယ်ဆိုတဲ့ သတင်းတွေ မရှိခဲ့ပါဘူး။ ဒီကြားထဲ Bradley Copper က Irina Shayk နဲ့မှာ သမီးလေးတစ်ယောက်ကလည်း ရှိနေသေးပြန်တော့ ပိုဆိုးကုန်ကြတာပါ။

View this post on Instagram

#AStarIsBorn

A post shared by Lady Gaga (@ladygaga) on

သတင်းတွေအောက်မှာဆိုရင် Bradley Copper နဲ့ Irina Sahyk တို့ ကွဲတဲ့သတင်းရေးတော့ အောက်မှာ Lady Gaga ဦးတည်ပြီးတော့ comment တွေ အများကြီးရေးနေခဲ့ကြတယ်ဆိုပြီး Insider မှာ ဖော်ပြထားခဲ့ပါတယ်။ Bradley Copper ကို Irina Shayk ကို ပြန်ပေးလိုက်ပါ Lady Gaga ဆိုပြီး ပြောနေခဲ့ကြတာပါ။ အဲဒီ comment တွေကို ပြန်ကြည့်လိုက်တဲ့အခါမှာတော့ account တော်တော်များများဟာ ရုရှားဖက်ကလာတဲ့အကောင့်တွေ တော်တော်များနေတယ်လို့လည်းသိရပါတယ်။ တချို့ comment တွေဆိုရင် Lady Gaga ကို ရုရှားကိုမလာမိစေနဲ့လို့ ပြောထားတာတွေတောင် ရှိနေခဲ့တာပါ။ သတင်းတွေအောက်မှာတင်မဟုတ်ဘဲ အခုဆိုရင် ရုရှားတွေဟာ Lady Gaga ရဲ့ Instagram အောက်မှာပါ နေရာယူနေခဲ့ကြပါပြီ။ Lady Gaga ကလည်း သူ့ရဲ့ Instagram မှာ ရုပ်ရှင်ဗန်းပြပြီး Bradley Copper နဲ့ပုံတွေ တင်ထားတာကလည်း လူပြောချင်စရာပါနော်။

Penny

READ
Park Shinhye ရဲ့ ဒရမ်မာကားသစ် မကြာခင်မြင်တွေ့ရဖွယ်ရှိ

 

 

SHARE