သစ်ရွက်တစ်ရွက်စာ အရွယ်အစားလောက်ပဲရှိတဲ့ ကမ္ဘာ့အသေးဆုံး ကြောင်အမျိုးအစား

Davidvraju/Wikimedia Commons

Rusty-Spotted Cat လို့ ခေါ်တဲ့ ကြောင်အမျိုးအစားဟာ ကမ္ဘာပေါ်မှာ အသေးဆုံး၊ အရွယ်အစား အငယ်ဆုံးကြောင်အမျိုးအစား ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား ကြောင်တစ်ကောင်ရဲ့ အရွယ်အစားက ၁၄ လက်မကနေ ၁၉ လက်မအထိ ရှိပြီး အလေးချိန်ကတော့ (၂)ပေါင်ခွဲကနေ (၃)ပေါင်ခွဲ အကြားရှိပါတယ်။ ပုံစံကတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးပါပဲ။ များသောအားဖြင့် သူ့ရဲ့ အမွှေးအရောင်ဟာ မီးခိုးရောင်ဘက်ကို သမ်းပြီး တစ်ကိုယ်လုံးမှာ ကျားသစ်လို အကွက် အကွက် တွေရှိပါတယ်။

ရုတ်တရက်ကြည့်လိုက်ရင် ကြောင်ပေါက်စလေးတစ်ကောင်လို့ ထင်ရပေမယ့် တကယ်တော့ အဲဒီ Rusty-Spotted Cat လေးတွေဟာ အရွယ်ရောက်ပြီးသား ကြောင်လေးတွေပါ။ အရွယ်အစားနဲ့ အလေးချိန်ကလည်း လက်ပေါ် တင်ပြီး ထားထားလို့ ရအောင် အထိသေးငယ်ပါတယ်။ များသောအားဖြင့် လူကြောက်တတ်တဲ့ သဘာဝရှိတာကြောင့်လည်း တောထဲ တောင်ထဲမှာပဲ အနေများပါတယ်။

Eyebleach/Reddit

သူတို့ကို အိန္ဒိယနိုင်ငံနဲ့ သီရီလင်္ကာနိုင်ငံတို့မှာသာ တွေ့ရှိရပြီး စုစုပေါင်း အရေအတွက် အကောင်ရေတစ်သောင်းလောက်ပဲ ရှိတယ်လို့ ခန့်မှန်းရရှိပါတယ်။ ရှားပါးတဲ့ တောကောင်တစ်ကောင် ဖြစ်တာကြောင့် အမဲလိုက်သူတွေရဲ့ အာရုံစိုက်ခံရတဲ့ ကြောင်တစ်ကောင်လည်း ဖြစ်ပါတယ်။ ယခုတော့ အရင်ကလို အကောင်ရေများများ မတွေ့ရှိရတော့ဘဲ တဖြေးဖြေးနဲ့ နည်းပါးလာတယ်လို့ ဒေသခံတွေက ပြောကြားပါတယ်။ ကြောင်ကလေးတွေကို သတ်ဖြတ်တာ၊ ကုန်ပစ္စည်းအဖြစ်ရောင်းချခြင်းတွေကိုလည်း နိုင်ငံပိုင်တွေက ပြင်းပြင်းထန်ထန် တားမြစ်ထားပါသေးတယ်။

ဒီလို မုဆိုးတွေ၊ လူတွေရဲ့ အမဲလိုက်ခြင်းခံရပေမယ့်လို့ ကြောင်ကလေးတွေဟာ တောနက်နက်တွေထဲမှာ သွားလာနေဆဲလည်းဖြစ်ပါတယ်။ သူတို့ရဲ့မျက်လုံးရဲ့  စွမ်းဆောင်ရည်ဟာ လူသားတွေရဲ့မျက်လုံးစွမ်းရည်ထက် ၆ဆ ပိုမိုကောင်းမွန်ပြီး အရာဝတ္ထုတွေ အကုန်လုံးကို ပြတ်ပြတ်သားသား ပိုမြင်နိုင်တယ်လို့ ဆိုပါတယ်။

BBC သတင်းဌာနက အဆိုပါ ကမ္ဘာအငယ်ဆုံး ကြောင်လေးရဲ့ တောထဲမှာ သွားလာ လှုပ်ရှားနေပုံကို ရိုက်ကူးတင်ဆက်ခဲ့ရမှာ ကြည့်ရှု့သူ ၁၉ သန်းအထိ ရှိခဲ့ပါတယ်။ 

Ye Yint Kyaw

SHARE