လူနာတွေကို စောင့်ရှောက်ဖို့ စက်ရုပ်တွေကို အသုံးပြုတော့မယ့် Rwanda နိုင်ငံ

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့ ကာလမှာ ဒုက္ခအရောက်ရဆုံးက ကျန်းမာရေးဝန်ထမ်းတွေပါပဲ။ နေ့မအိပ်ညမနားပဲ လူနာတွေကို စောင့်ရှောက်နေရပြီး အခန့်မသင့်ရင်တောင် COVID 19 လူနာတွေဆီကနေ ရောဂါတောင် ပြန်ကူးနိုင်တဲ့ အနေအထားပါပဲ။ ဒါ့ကြောင့် အခုဆို အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Rwanda (ရ၀မ်ဒါ)နိုင်ငံမှာ ဆရာဝန်တွေအစား လူနာတွေကို စောင့်ရှောက်ပေးနိုင်တဲ့ စက်ရုပ်တစ်ချို့ကို ဆေးရုံတွေမှာ စတင်အသုံးပြုနေပြီဖြစ်ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Rwanda နိုင်ငံမှာ လက်ရှိအချိန်အထိ COVID 19 ဖြစ်ပွားနေတဲ့ လူနာပေါင်း ၃၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဲဒီလူနာတွေအကုန်လုံးကို Rwanda နိုင်ငံရဲ့ အဓိကမြို့တော်ဖြစ်တဲ့ Kigali မြို့ရှိ ကုသရေးစင်တာကြီးတစ်ခုမှာ ထားပြီး ရောဂါကုသမှုတွေ ပြုလုပ်ပေးနေပါတယ်။ ဆရာဝန်အစားထိုးစက်ရုပ်တွေကိုတော့ UNDP(United Nations Development Program) အဖွဲ့အစည်းက လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကူသရေးစင်တာမှာ လက်ရှအချိန်ထိ စက်ရုပ် ၅ ခု အသုံးပြုနေပြီး သူတို့ရဲ့ နာမည်ကတော့ Akazuba, Ikirezi, Mwiza, Ngabo နဲ့ Urumuri တို့ပဲ ဖြစ်ပါတယ်။ ဒီလိုစက်ရုပ်တွေ အသုံးပြုရတဲ့ အကြောင်းအရင်းကတော့ ရှင်းပါတယ်။ ရောဂါဖြစ်ပွားနေတဲ့ လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ တိုက်ရိုက်ဆက်ဆံမှုပြုလုပ်တဲ့အခါမှာ အခန့်မသင့်ရင် ကူးစက်နိုင်တဲ့ အခြေအနေတစ်ခုကို ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ အဆိုပါစက်ရုပ်တွေဟာ အနည်းဆုံး လူနာ ၁၅၀ ရဲ့ အဖျားမှတ်တမ်းကို သိမ်းထားပေးနိုင်ခြင်း၊ ကိုယ်အပူချိန်ကို တိုင်းပေးနိုင်ခြင်း၊ လူနာတွေသောက်ရမယ့် ဆေးဝါး၊ အစားအစာတွေကို တိုက်ရိုက်သယ်ယူပို့ဆောင်ပေးနိုင်ဖြင်း အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တိတိကျကျ လုပ်နိုင်ကြောင်း သိရပါတယ်။

READ
မိန်းကလေးတွေ အိမ်ထောင်ဖက်ရွေးချယ်ရာမှာ ဒီလိုလူမျိုးကိုရွေးချယ်ပါ....

“အခုအချိန်အထိတောင် လူနာတွေကနေ ကျန်းမာရေးဝန်ထမ်းတွေကို ကူးစက်တဲ့ ဦးရေဟာ ကမ္ဘာတစ်ဝှမ်းမှာ အယောက် ၉၀,၀၀၀ ကျော်ရှိသွားပါပြီ။ ဒီလိုအခြေအနေတွေ နောက်ထပ်မဖြစ်တော့အောင် ကျွန်တေည်တို့ဆီမှာ စတင် အသုံးပြုနေတာပါ။ အခုအချိန်အထိတော့ ဆေးရုံမှာ စက်ရုပ်တွေအသုံးပြုတာ တော်တော်အဆင်ပြေနေပါသေးတယ်” လို့ Rwanda နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးတစ်ဦးဖြစ်သူ Dr.Daniel Ngamije က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE