
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီးတစ်ယောက်ဖြစ်တဲ့ Ryan Giggs ကိုတော့ ဘောလုံးပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ မန်ယူအသင်းရဲ့ ကစားသမားဘဝကနေ အနားယူသွားပြီး အချိန်တော်တော်ကြာမှာ မန်ယူအသင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီး လက်ထောက်နည်းပြဖြစ် ခေတ္တတာဝန် ထမ်းဆောင်ခဲ့ပါသေးတယ်။ အခုလည်း မကြာသေးခင်အချိန်က Giggs ဟာ သူ့ရဲ့ ချစ်သူဖြစ်သူကို ကိုယ်ထိလက်ရောက် ရိုက်နှက်မှုနဲ့ အဖမ်းခံခဲ့ရကြောင်း The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
Wishing the boss a very Happy Birthday 😁🙌🏼🔝 #SirAlexFerguson #SAF #mufc #manutd
Giggs ဟာ လက်ရှိအချိန်မှာတော့ Kate Greville လို့ အမည်ရတဲ့ အမျိုးသမီးနဲ့ အချိန်တော်တော်ကြာ တွဲနေခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာမြို့ ရဲတပ်ဖွဲ့ရဲ့ ပြောပြချက်အရဆိုရင်တော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(၁.၁၁.၂၀၂၀)ည ၁၀ နာရီလောက်အချိန်မှာ အမျိုးသမီးတစ်ယောက်ရဲ့ ဖုန်းဆက်တိုင်တန်းမှုတစ်ခုကို ရရှိခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးရဲ့ တိုင်တန်းချက်အရ Giggs ရဲ့ နေအိမ်ကို သွားရောက်ခဲ့ပြီး Giggs ကို အမျိုးသမီးတစ်ယောက်ကို ကိုယ်ထိလက်ရောက်မှု၊ ညှင်းပန်းနှိပ်စက်မှုတို့နဲ့ ပတ်သတ်ပြီး စုံစမ်းမေးမြန်ဖို့အတွက် ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။
“ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညတုန်းက အမျိုးသမီးတစ်ယောက်က ရဲစခန်းကို ဖုန်းဆက်ဆိုင်းတန်းခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးရဲ့ သတင်းပေးချက်အရဆိုရင်တော့ အသက် ၄၆ နှစ်အရွယ် သူ့ချစ်သူအမျိုးသားက ကိုယ်ထိလက်ရောက်ရိုက်နှက်လို့ သူ့ရဲ့ခန္ဓာကိုယ်မှာ အသေးစားဒဏ်ရာ အခု ၃၀ ကျော်လောက် ရှိခဲ့ကြောင်းသိရပါတယ်။ အခုအချိန်မှာတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အဆိုပါ အမျိုးသားကို အမျိုးသမီးတစ်ဦးအား ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု ဥပဒေနဲ့ ချက်ချင်းဖမ်းဆီးခဲ့ပြီး စစ်ဆေးခဲ့ပါတယ်” လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဖက်ကနေ Giggs ရဲ့ နာမည်ကို တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေမယ့် Giggs ဟာ အဲဒီနေ့ညက ရဲစခန်းတစ်ခုကနေ အာမခံကြေးပေးပြီး ထွက်ခွာလာခဲ့တာကို တွေ့မြင်ခဲ့သူများစွာရှိကြောင်း သိရပါတယ်။
Pyi Hein Kyaw