Deadpool-3 ရိုက်ကူးဖို့ မသေချာတော့ကြောင်း ဖွင့်ဟခဲ့တဲ့ မင်းသား Ryan Reynolds

[email protected] vancityreynolds

Marvel ရဲ့ စူပါဟီးရိုးတစ်ယောက်ဖြစ်တဲ့ Deadpool ကိုတော့ စူပါဟီးရိုးပရိသတ် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ Marvel စူပါဟီးရိုးတွေထဲမှာ မျက်နှာအပြောင်နိုင်ဆုံးဆုကို ပေးရမယ်ဆိုရင်တော့ ကျိန်းသေ Deadpool ပဲ ရမှာပါပဲ။ ထွက်ရှိပြီးသားဖြစ်တဲ့ Deadpool 1 နဲ့ Deadpool 2 ဇာတ်ကားတွေထဲမှာလည်း တစ်ချိန်လုံး အထာကျကျ ပြက်လုံးတွေနဲ့ ကြည့်ရှု့သူတွေကို တောက်လျှောက် ပါးစပ်မစေ့နိုင်အောင် လုပ်ပေးနိုင်တဲ့ စူပါဟီးရိုးတစ်ယောက်ဆိုလည်း မမှားပါဘူး။

အခုလည်း Deadpool ဇာတ်ကောင်နေရာက သရုပ်ဆောင်တဲ့ မင်းသားတစ်ဦးဖြစ်တဲ့ Ryan Reynolds ကနေပြီးတော့ Deadpool-3 ဇာတ်ကား ရိုက်ကူးမယ့် ကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမသိကြောင်း ပြောကြားခဲ့တယ်လို့ People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ Ryan Reynolds ဟာ Deadpool-2 ရုံတင်ချိန်တည်းက နောက်ဆက်တွဲ ထပ်ရိုက်ဖို့ စိတ်ဝင်စားကြောင်းနဲ့ ရိုက်ဖြစ်အောင်လည်း ကြိုးပမ်းနေကြောင်း လူသိရှင်ကြား ဖွင့်ဟခဲ့သူပါ။ လက်ရှိမှာတော့ စိတ်အားထက်သန်လွန်းတဲ့ မင်းသား Ryan Reynolds ကိုယ်တိုင်က လက်လျှော့တဲ့စကားမျိုး ပြောကြားလာတာလည်း ဖြစ်ပါတယ်။

 

 

View this post on Instagram

 

QOTD: Five favourite characters from TWD season 7? AOTD: Rick, King Ezekiel, Jerry, Negan and Jesus #deadpool #marvel

A post shared by Official Deadpool Account (@deadpool_4real) on

လက်ရှိအချိန်ဟာလည်း COVID 19 ကပ်ရောဂါနဲ့ပတ်သတ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့အချိန်ဖြစ်တာကြောင့် ရုပ်ရှင်ရိုက်ကူးရေးတွေဟာလည်း နားထားရတဲ့အချိန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇာတ်ဘာ ၂၀၁၉ ခုနှစ်တုန်းကတော့ Ryan Renolds ဟာ မကြာခင်အချိန်မှာ Dead Pool 3 ရိုက်တော့မှာဖြစ်ကြောင်း၊ ရိုက်ကူရေးအဖွဲ့သားတွေဟာလည်း အဆိုပါဇာတ်ကားအသစ်နဲ့ ပိတ်သတ်ပြီး ရိုက်ကူးဖို့ အဆင်သင့်ဖြစ်နေကြကြောင်း အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

READ
ပုံအလန်းလေးတွေ တင်လိုက်တဲ့ မေ

 

 

View this post on Instagram

 

? 😂 #deadpool #Batman #wonderwoman #TheFlash #Superman #cyborg #auqaman #Marvel

A post shared by Official Deadpool Account (@deadpool_4real) on

ဒါပေမယ့် Ryan ပြောပြီး သိပ်မကြာခင်အချိန် ကမ္ဘာတစ်ဝှမ်းမှာ COVID 19 ကပ်ရောဂါဖြစ်ပွားခဲ့တာကြောင့် Dead Pool 3 ရိုက်ကူးမယ့် အစီအစဉ်ကာ ပျက်ဆီးသွားခဲ့ပါတယ်။ ပြီးတော့ Deadpool  ဇာတ်ကောင်ကို ဖန်တီးသူလည်းဖြစ် ၊ Comic book writer တစ်ဦးလည်း ဖြစ်တဲ့ Rob Liefeld က Deadpool-3  ရိုက်ကူးဖို့ မရှိတော့ဘူးဆိုပြီး လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လက People သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

READ
"ကျားကျားကြိုက်ကြိုက်"ရုပ်ရှင်ရိုက်ကွင်းအမှတ်တရတွေကို မျှဝေလိုက်တဲ့ မထက်

 

“Rob Liefeld ကတော့ အရင်အင်တာဗျူုးတစ်ခုမှာ Deadpool 3 က လုံးဝဆက်မရိုက်တော့ ဘူးလို့တော့ ပြောခဲ့ပါတယ်။ သူကတော့ အသစ်ရိုက်မယ့် Deadpool 3 ထက် အရင်ထွက်ထားပြီးဖြစ်တဲ့ Dead Pool 1 နဲ့ 2 ကို ပိုပြီးတော့ တန်ဖိုးထားပုံ ရပါတယ်။ ဒါ့ကြောင့် အခုအချိန်မှာ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်ကိုယ်တိုင်လည်း ဒီ Deadpool-3  ဆက်ရိုက်ဖြစ်လား မရိုက်ဖြစ်လားဆိုတာကို မသိသေးပါဘူး”လို့ Ryan က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE