HyunAရဲ့ဓါတ်ပုံကို ဘေးမှာထားပြီးအိပ်တတ်တဲ့ Deadpool မင်းသားကြီး Ryan Reynolds

koreaboo

“Deadpool 2”  ရုပ်ရှင်ကားရဲ့ မင်းသားကြီးဖြစ်တဲ့ Ryan Reynolds  ကတော့ ၂၀၁၈ ခုနှစ်တုန်းက သူ့ရဲ့ ရုပ်ရှင်ကား ပရိုမိုးရှင်းပွဲအတွက် တောင်ကိုရီးယားကို လာရောက်ခဲ့ပါတယ်။ KBSရဲ့  Entertainment Weekly  ကတော့  Ryan Reynold နဲ့အတူ လှေပေါ်မှာ ဟန်မြစ်အလှကို ကြည့်ရှုရင်း အင်တာဗျူးပြုလုပ်ခဲ့တာဖြစ်ပါတယ်။

koreaboo

Entertainment Weekly  ကတော့  “Deadpool ”  ရုပ်ရှင်ကားအတွက် ပရိုမိုးရှင်းလာရောက်ချိန်မှာ ကိုရီးယားမှာ ဘာတွေလုပ်ခဲ့သလဲဆိုတာကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ Ryan Reynolds ကတော့ HyunA နဲ့အတူ တွဲပြီးတော့ ဖိုတိုရှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် HyunAနဲ့အတူ ဓါတ်ပုံကိုလည်း သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

koreaboo
koreaboo

Ryan Reynold  အဲဒီဖိုတိုရှုမရိုက်ခင်ကတည်းက HyunA ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ပြီး မင်္ဂလာစုံတွဲပုံစံ ဖိုတိုရှုရိုက်ခဲ့ရတာလည်း အရမ်းကို သဘောကျခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူရဲ့ ဇနီးဖြစ်သူကတော့  အိပ်ခါနီးမှာ HyunA နဲ့အတူရိုက်ထားတဲ့ ဓါတ်ပုံကြီးကို ကိုင်ထားတာတွေ့တဲ့အခါမျိုးမှာ စိတ်ဆိုးတတ်ပြီး အဲဒါကြီးကို ချထားလိုက်လို့ ပြောလေ့ရှိတယ်လို့လည်း ဟာသအဖြစ်နဲ့ ပြန်ပြောခဲ့ပါတယ်။

READ
ဆေးခြောက်ကုန်သည်နဲ့ ချစ်ကြိုက်နေပြီဖြစ်တဲ့ ဘရွတ်ကလင်း ဘက်ခမ်း
koreaboo

Source: koreaboo

SHARE