ဝမ်းနည်းနေတဲ့ မျက်နှာကြောင့် အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ကြောင်လေး

Image:Dou yin/simpson

ကြောင်ချစ်သူတွေ တော် တော်လေး များ ပါတယ်။အွန်လိုင်း ပေါ်မှာ ကြောင် ပေါင်းစုံ လည်း ခေါင်းစဉ်ပေါင်း များစွာ နဲ့နာမည်ကြီးခဲ့ဖူးပါတယ်။Grumpy Cat, Meow Meow ၊ Pearl ..အစရှိတဲ့ ကြောင် ပေါင်းများစွာ  နာမည်ကြီး ခဲ့ဖူးပါတယ်။အခုလည်း ကြောင်တစ်ကောင် အွန်လိုင်းပေါ် မှာ နာ မည်ကြီး နေပါတယ်။ဒီ ကြောင် ကတော့ ထူးဆန်းတဲ့ ၀မ်းနည်းတဲ့ မျက်နှာ ကြောင့် အွန်လိုင်းမှာ နာမည်ကြီးနေပါတယ်။ဒီ ကြောင်ရဲ့ အ ကြောင်းကိုတော့ Daily Mail နဲ့ boredpanda တို့ မှာ ဖော်ပြထားတာပါ။

Image:Dou yin/simpson

ဒီ ကြောင် လေးကိုတော့ တက္ကသိုလ် ကျောင်းသူ တစ်ယောက်က တွေ့  ပြီး ဗီဒီိယိုရိုက်ပြီး အွန်လိုင်းပေါ် တင်လိုက် တာပါ။ရှန်ဟိုင်းက လမ်းမ တစ်ခု ပေါ် မှာ တွေ့ ခဲ့တဲ့ ကြောင် လေးကိုတော့ Tik Tok လို App တစ်ခု ဖြစ်တဲ့ Dou yin မှာ တင်ခဲ့တာပါ။ကြောင် လေးရဲ့ မျက်လုံး အထက်မျက်ခုံးနေရာ မှာတော့ အမည်းရောင် အ မွှေး လေးတွေ ရှိပါ တယ်။

READ
လူသားတွေနဲ့အပြိုင် ဘောလုံးကစားဖို့ကြိုးစားခဲ့တဲ့ နွားတစ်ကောင်ရဲ့ဗီဒီယိုနာမည်ကြီးနေ
Image:Dou yin/simpson

အမည်းကွက် လေး က သူ့အတွက် မျက်ခုံးမွှေးလေး လို ဖြစ်နေပြီး ၀မ်းနည်းနေတဲ့ ပုံစံ မျက်နှာ လေးကို ပိုပြီး ပေါ် လွင် စေပါတယ်။အမျိုးသမီး လေးက အစာ ကျွေးဖို့  အတွက် ကြောင် လေး ဆီကို ပုံမှန် သွားဖြစ်တယ်လို့ ဆိုပါတယ်။ ကြောင် လေး ကို အိမ် ခေါ် မွေးဖို့ က တော့ သူမရဲ့ အိမ်မှာလည်း တစ်ကောင် ရှိ နှင့် နေပြီးသားမို့ အဆင် မ ပြေ တဲ့ အတွက်မ မွေးဖြစ်တာပါ။

Image:Dou yin/simpson

အခုဆိုရင်တော့ ကြောင် လေးရဲ့ ဗီဒီယိုဖိုင်ကို ကြည့်တဲ့ သူ  နှစ်သန်း နီးပါး လောက် အထိ ရှိနေပါပြီ။အွန်လိုင်း အသုံးပြု သူတွေ က တော့ ကြောင် လေးကို မြင်ပြီး ..”တကယ့် Real Life Emoji လေး၊ရယ်ရတယ်နော်၊ငယ်ငယ် က ကျ တော့်ကို အမြဲ ဒေါသ ထွက် နေတဲ့ ဆရာမ ကိုတောင် သွားသတိရမိတယ်..” ဆိုပြီး အမျိုးမျိုးမှတ် ချက် ပေး  ခဲ့ ကြပါတယ်။

READ
လတ်တလောမှာ သမီးရည်းစားတွေကြား ခေတ်စားနေတဲ့ Tiktok Trend

 

#SHWEMOM

SHARE