လတ်တလော ရေပန်းစားနေတဲ့ ကမ္ဘာ့ဝမ်းနည်းစရာအကောင်းဆုံး Tiktok Challenge အကြောင်း

[email protected]

လောကမှာ ကိုယ်ချစ်တဲ့လူ ဒါမှမဟုတ် ကိုယ်အချစ်ရဆုံးသော အိမ်မွေးတိရစ္ဆာန်လေးတွေ ဆုံးပါးသွားခဲ့ရင် အဲဒီအချိန်မှာ ခံစားရတဲ့ ခံစားချက်က တော်တော်ဆိုးပါတယ်။ ဝမ်းနည်းမှုတွေဟာ ရင်ထဲမှာ စို့နင့်နေပြီး အသက်ရှုရပ်မတက် ခံစားရပါတယ်။ ဘယ်နေရာကြည့်ကြည့်၊ ဘယ်အကြောင်းကို တွေးတွေး ကိုယ်ဆုံးရှုံးခဲ့ရတဲ့လူနဲ့ ပတ်သတ်ပြီး အမှတ်တရတွေ များစွာ ရှိနေတတ်ပါတယ်။ အခု ပြောပြချင်တဲ့ အကြောင်းအရာကတော့ Tiktok မှာ ခေတ်စားနေတဲ့ Challenge တစ်ခုပါပဲ။ ကိုယ်အချစ်ရဆုံးသူတွေကို ဆုံးရှုံးခဲ့တဲ့ အချိန်က ပုံနဲ့ အခုလက်ရှိသူမရှိတော့တဲ့ အချိန်ကို ယှဉ်ပြရတဲ့ Video Challenge လေးပါပဲ။

 

@liambradleyfrySome days it’s just gets you ##babylossawareness ##dad ##baby ##sad♬ i wanna feel – weeping.audios

liambradleyfry

ပုံထဲမှာ မြင်ရတဲ့ အတိုင်း ဖခင်တစ်ယောက်ရဲ့ ကြေကွဲမှုပါပဲ။ သူ့ရဲ့ ကလေးလေးဟာ မွေးမွေးပြီးချင်း သိပ်မကြာပဲ ဆုံးပါးသွားခဲ့တာဖြစ်ပြီး ကျန်ခဲ့တာကတော့ ကလေးလေးဝတ်ဖို့ အသုံးအဆောင် ပစ္စည်းလေးတွေပါပဲ။

@trapavelitre##repost ##missyousomuch ##sadness ##fyp ##greenscreen ##foryou♬ i wanna feel – weeping.audios

trapavelitreမိဘဆိုတာကတော့ လောကမှာ ပြန်အစားမထိုးနိုင်တော့တဲ့ အရာပါပဲ။ ဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်း ကောင်လေးဟာ တစ်ချိန်က သူ့အဖေနဲ့ သူပျော်ပါးခဲ့တဲ့ ပုံကလေးနဲ့ သူကြီးပြင်းလာတဲ့အချိန် သူ့အဖေသူ့အနားမှာ မရှိတော့တဲ့ အချိန်ကို ယှဉ်ပြပြီး ဝမ်းနည်းနေတာ ဖြစ်ပါတယ်။

READ
ဧရာမမှိုပွင့်ကြီးတွေက လာဘ်ကောင်းတယ်ဆိုလို့ တစ်နေ့ကို လူ(၃)သောင်းကျော်လာကြည့်

 

@bezzneesBlessed to have been adopted by this woman. Might have to do a story time! ##fyp ##thistrendsucks♬ i wanna feel – weeping.audios

bezznees

ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့ အမျိုးသမီးကြီးကတော့ တစ်ချိန်က သူ့ကို မိဘမဲ့ဂေဟာကနေခေါ်ပြီး မွေးစားခဲ့တဲ့ ကောင်လေးရဲ့ မွေးစားအမေပါပဲ။ ဒါပေမယ့် မကြာသေးခင်အချိန်ကပဲ ကောင်လေးရဲ့ မွေးစားအမေဟာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

 

@rachels_rottieMiss you every day bud❤️##missyou ##dogsoftiktok ##bestfriend♬ i wanna feel – weeping.audios

rachels_rottie

ကိုယ်အချစ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင် ဆုံးပါးသွားခဲ့ရင်လည်း တော်တော်လေးကို ဝမ်းနည်းရပါတယ်။ ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း တစ်ချိန်က ဘောလုံးပစ်လိုက်ရင် လိုက်ဖမ်းနေတတ်တဲ့ ခွေးကလေးရှိခဲ့ပေမယ့် အခုအချိန်မှာတော့ မရှိတော့ပါဘူး။

 

@thorrrvI miss you everyday ##dog ##dogsoftiktok ##fyp ##storytime ##meetmypet ##littlethings♬ i wanna feel – weeping.audios

thorrrv

ငယ်ငယ်လေးကတည်းက ကိုယ်နဲပအတူတူကြီးပြင်းလာတဲ့ ကိုယ့အဖော်ဟာ အချိန်မတိုင်ခင် ကိုယ့်အနားက ထွက်သွားခဲ့ရင် ဘယ်လောက်တောင် ခံစားရမလဲ။ ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း ခွေးကလေးနှစ်ကောင်အရင်က အတူတူကြီးပြင်းလာခဲ့ပေမယ့် အခုအချိန်မှာတော့ တစ်ကောင်က ကြိုပြီးထွက်သွားနှင့်ခဲ့ပါပြီ။

READ
လူ(၇)ယောက်ကို ကားနဲ့ဝင်တိုက်ပြီး ကားထိခိုက်သွားသလား အရင်ကြည့်တဲ့ဒရိုင်ဘာ

 

@kyleiwangpap ❤️ 9/7/43 – 4/10/20 I miss you everyday.♬ i wanna feel – weeping.audios

kyleiwang

ဖခင်ဖြစ်သူနဲ့ တစ်ချိန်က ဒီအဝတ်အစားနဲ့ပဲ ဓာတ်ပုံအတူတူရိုက်ခဲ့ပေမယ့် ဒီအဝတ်အစားပြန်ဝတ်လိုက်လည်း ကောင်မလေးရဲ့ ဖခင်ကြီးက အရင်လို ဓာတ်ပုံအတူတူရိုက်ဖို့ မရှိတော့ပါဘူး။

 

@amandamedina689Thank you for the best 5 years of my life Natalie❤️ I miss you baby sister ♬ i wanna feel – weeping.audios

amandamedina689

မွေးခဲ့တဲ့ မိခင်အရင်းမဟုတ်ပေမယ့် မွေးကတည်းကနေ ၅ နှစ်သမီးအရွယ်ရောက်တဲ့အထိ ထိန်းကျောင်းပေးလာတဲ့ ကလေးထိန်းကြီးဟာ အခုအချိန်မှာတော့ ပုံထဲက အမျိုးသမီးနဲ့ ဓာတ်ပုံအတူတူပြန်ရိုက်ဖို့ မရှိတော့ပဲ ဆုံးပါးသွားခဲ့ပြီ ဖြစ်ပါတယ်။

 

@alexwaarrenf**k cancer♬ i wanna feel – weeping.audios

alexwaarrenဒီအချိန်မှာ အရင်လို သားအဖနှစ်ယောက်ရိုက်ခဲ့တဲ့ ပို့စ်တွေ၊ မိသားစုပုံတွေ မရိုက်နိုင်တော့ပါဘူး။ ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့ ကောင်လေးရဲ့ ဖခင်ဟာ လွန်ခဲ့တဲ့ (၁)နှစ်ကျော်လောက်က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE