အွန်လိုင်းမှာ စာသင်ဖို့ ကြိုးစားပမ်းစား လေ့လာပြီးမှ ၀မ်းနည်းခဲ့ရတဲ့ ကျောင်းဆရာရဲ့ အဖြစ်

Twitter- Nuha

လက်ရှိဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် လူတိုင်းရဲ့ အရာတိုင်းဟာ ထိခိုက်နေခဲ့ကြပါတယ်။ စီးပွားရေးလည်း စီးပွားရေးမလို့၊ လူမှုရေးလည်း လူမှုရေးမလို့ပေါ့။ ပညာရေးမှာဆိုရင်လည်း ကျောင်းတွေပိတ်ထားရတဲ့အတွက် အွန်လိုင်းကတစ်ဆင့် စာသင်ကြရတဲ့ စနစ်ကို လုံးဝနီးပါးပြောင်းလဲလိုက်ပြီပဲဖြစ်ပါတယ်။

ဒီစနစ်ကြောင့် ချို့တဲ့တဲ့ ကျောင်းသားတွေအပြင်ကိုမှ နည်းပညာနဲ့ အကျွမ်းတဝင်မရှိကြတဲ့ ဆရာတစ်ချို့ ဒုက္ခရောက်ကြရပါတော့တယ်။ ဆရာတွေဆိုလည်း အရင်ကျောင်းတွေမှာသင်တုန်းကထက်ကို ၂ ဆ၊ ၃ ဆလောက်ပိုပင်ပမ်းခဲ့ကြပါတယ်။ Lesson plan တွေလုပ်ရ၊ စာသင်တဲ့အခါ ကျောင်းသားတွေမြင်အောင် သင်ရ၊ အွန်လိုင်းကနေဆိုတော့ ထိန်းမရတဲ့ ကျောင်းသားတွေကြောင့် စိတ်ဖိဆီးရနဲ့ တော်တော်လေးကို ကမောက်ကမနိုင်လွန်းနေပါတယ်။

အွန်လိုင်းက စာသင်တဲ့စနစ်ကတော့ ဆရာတွေအတွက် လုံးဝကို စိန်ခေါ်မှုတစ်ခုလိုပါပဲ။ အထူးသဖြင့် ကျောင်းသားတွေရဲ့ လေးစားမှုကို လုံးဝမရကြတော့တာပါပဲ။ အခုလည်း Twitter က tweet လေးတစ်ခုကို ဖတ်ပြီး စိတ်မကောင်းဖြစ်ရပြန်ပါတယ်။


ပိုစ့်ကိုတော့ သမီးဖြစ်သူက တင်ထားခဲ့တာပါ။ Nuha ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ သူမအဖေနဲ့ zoom call ပြောနေတဲ့ ပုံလေးကို ရိုက်ပြီးတင်ထားပါတယ်။ စာသင်ဖို့စောင့်နေရင်း တော်တော်ကြာတဲ့အထိ သူ့ပုံသူပဲ zoom video call မှာ ပြန်မြင်နေရလို့ တစ်ခုခုများ မှားနေလားဆိုပြီး သမီးဖြစ်သူကိုခေါ်ကြည့်တာပါတဲ့လေ။

READ
လူမသိသူမသိ ထူးဆန်းစွာ ဘာလီကျွန်းပေါ် ရောက်နေခဲ့တဲ့ ဘိုရင်း(၇၃၇)လေယာဉ်

 

Twitter-Nuha

Nuha ရဲ့ဖခင်ဟာ အစိုးရကျောင်းတစ်ကျောင်းရဲ့ဆရာတစ်ယောက်ပါ။ ကိုဗစ်ကြောင့် zoom ကနေတစ်ဆင့် အွန်လိုင်းစာသင်မှုစနစ်သစ်ပြောင်းလိုက်ခဲ့တဲ့အတွက် စစချင်း ဆရာဟာ ခေါင်းမီးတောက်ခဲ့ပါတယ်တဲ့။ သူက နည်းပညာနဲ့ သိပ်ပြီး မရင်းနှီးတဲ့သက်ကြီးပိုင်းဖြစ်နေတဲ့အတွက် သူ့ကျောင်းသားတွေတစ်ခုခုနစ်နာမှာကို စိုးရိမ်လို့ပါတဲ့လေ။ ဒါကြောင့် zoom call ကို ကျွမ်းကျွမ်းကျင်ကျင်အသုံပြုတတ်အောင် Nuha ကို အကူအညီတောင်းပြီးတော့ သင်ခိုင်းခဲ့ပါတယ်။ သင်စရာစာတွေကိုလည်း နေ့မနားညမအားကို ကြိုးစားပမ်းစားနဲ့ အစီအစဉ်တွေဆွဲခဲ့တာပါ။

ဒီလိုနဲ့တကယ်စာသင်ရမယ့်အချိန်ကတော့ ဆရာကြီးဟာ အရမ်းကို စိတ်လှုပ်ရှားနေခဲ့ပါတယ်။ အကုန်လုံး ပြင်ဆင်ပြီးခဲ့တဲ့အတွက် တော်တော်လေးလည်း ပျော်နေတာပေါ့။ ဒါပေမဲ့ စာသင်ချိန်ကျော်တဲ့အထိ ကျောင်းသားတစ်ယောက်မှ မရောက်လာခဲ့ပါဘူးတဲ့။ Zoom ကို စစသုံးချင်းမလို့ တစ်ခုခုများမှားနေလို့လားဆိုပြီး သမီးကို အစမ်းခေါ်ကြည့်တော့မှ ကျောင်းသားတွေတစ်ယောက်မှ အတန်းမတက်တာကို သတိထားမိခဲ့တာပါ။ သိသိချင်း ဆရာကြီးဟာ မျက်ရည်တောင် ဝဲသွားတာကို Nuha သတိထားမိခဲ့ပါတယ်။

READ
အပြင်မထွက်ရ အမိန့်ကြောင့် မိခင်ရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ခဲ့ရတဲ့ Dutch ဝန်ကြီးချုပ်
Twitter-Nuha

ဒါနဲ့ပဲ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဖခင်နဲ့ zoom call ကို တစ်နေကုန်ထိုင်ပြောပေးခဲ့ပါတယ်တဲ့။ တော်တော်လေးကို မခန့်လေးစားလုပ်ကြတဲ့ ကျောင်းသားတွေပါပဲ။ Twitter မှာတော့ လူတွေဟာ ဆရာတွေကို မလေးစားတဲ့ ကျောင်းသားတွေကို ဝိုင်းပြီး အပြစ်တင်နေခဲ့ပါတယ်။

Twitter-Nuha

penny

SHARE