ညံ့ဖျင်းတဲ့ ဆေးစင်တာအစီအမံကြောင့် လူထောင်နဲ့ချီ HIV ကူးစက်ခံရဖွယ်ရှိတဲ့ ဖြစ်ရပ်

အမေရိကန်နိုင်ငံက သတင်းထုတ်ပြန်ချက်အရ နယူးဂျာစီဆေးစင်တာတစ်ခုမှာ လူနာပေါင်း(၃) ထောင်ကျော်ဟာ HIV ၊ အသဲရောင်အသားဝါ ဘီနဲ့ စီတွေ ကူးစက်နိုင်ခြေရှိကြောင်း သိရပါတယ်။ HealthPlus Surgery အမည်ရတဲ့ အဆိုပါ ဆေးစင်တာဟာ ဆေးဝါးတွေကို စနစ်တကျသိုမှီးသိမ်းဆည်းတာမျိုး မရှိတဲ့အပြင် ဆေးရုံသုံးပစ္စည်းတွေကိုလည်း ကောင်းမွန်စွာ သန့်ရှင်းပိုးသတ်ထားတာမျိုး မရှိတဲ့အတွက် အခုလို သံသယဖြစ်ရကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ခွဲစိတ်ကုသမှုတွေ ပြုလုပ်စဉ်အတွင်းမှာ လူနာတွေဟာ ရောဂါပိုးအမျိုးမျိုး ၀င်ရောက်ကူးစက်နိုင်တယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။

တစ်ခါမှာ ဆေးစင်တာကို စစ်ဆေးရေးမှုးတစ်ဦးက လာစစ်တဲ့အခါ ဟောလမ်းမပေါ်မှာ ရှိနေတဲ့ထမ်းစင်က အ၀တ်စဟာ သွေးတွေ စွန်းထင်းနေတာတွေ့ရှိခဲ့ပါသေးတယ်။ အခုအခါမှာတော့ ဆေးစင်တာမှာလာပြတဲ့ လူနာပေါင်း(၃,၇၇၈) ယောက်ကို ဆေးပြန်စစ်ဖို့ စာတွေပို့ထားပါတယ်။ စာရရှိတဲ့ လူနာတစ်ဦးက “ကျွန်မက HealthPlus မှာ ပြဖူးပါတယ်။ ကျွန်မဆီကို HIV နဲ့ အသဲရောင်အသားဝါစစ်ဖို့ လိုတယ်လို့ စာရောက်လာတယ်။ ကျွန်မတော်တော်လေးကို စိတ်မကောင်းဖြစ်မိတယ်။ ဘယ်သူမှ ဒီလိုသတင်းမျိုး မရချင်ဘူးလေ။” လို့ ဆိုပါတယ်။

READ
ကောင်းမွန်စွာအိပ်စက်နိုင်စေဖို့ လိုက်နာသင့်တဲ့အချက်(၁၀)ချက်

၎င်း HealthPlus ဆေးစင်တာကို စစ်ဆေးကြည့်တဲ့အခါ ပိုးသတ်တဲ့ပစ္စည်းတွေကို မသင့်လျော်တဲ့နည်းနဲ့ သိမ်းဆည်းထားတာတွေ့ရပြီး အချို့ခွဲစိတ်ခန်းသုံးပစ္စည်းတွေဆိုလည်း သံချေးတက်နေတာကိုတောင် တွေ့ခဲ့ရပါတယ်။ မသန့်ရှင်းတဲ့ ဆေးစင်တာရဲ့ အစီအမံတွေကြောင့် လူနာဦးရေ ထောင်နဲ့ချီကာ ရောဂါရနိုင်တယ်ဆိုတဲ့သတင်းထွက်လာပြီးနောက် အလုပ်သမား(၂) ဦးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ ဆေးစင်တာမှာ တက်ရောက်ခဲ့သူ လူနာဟောင်း(၃,၈၀၀) ကို ဆေးစစ်ရန်တိုက်တွန်းခဲ့ပြီး အခုအချိန်ထိတော့ ရောဂါကူးစက်ခံရသူမရှိကြောင်း သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနဟာ တိုင်ကြားစာလက်ခံရရှိပြီးနောက် HealthPlus ဆေးစင်တာကို ရက်သတ္တပတ်(၃) ပတ်ကြာ ပိတ်ထားခဲ့ပါတယ်။  စင်တာရဲ့ သူနာပြုဒါရိုက်တာတစ်ဦးကတော့ ၄င်းဆေးစင်တာမပိတ်ခင် တစ်ရက်အလိုမှာ နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် သုံးပတ်ကြာပြီးနောက်မှာ စင်တာကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး HealthPlus အနေနဲ့ ဆေးရုံတွင်းပိုးသတ်တာ၊ ဆေးရုံသုံးပစ္စည်းတွေကို ပိုးသတ်တာတွေကို စနစ်တကျလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ကြပ်မတ်ခဲ့တယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE