Sagittarius (ဓနုရာသီဖွား)တွေရဲ့ မေလကံကြမ္မာဟောစတမ်း

နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူတွေကိုတော့ ဓနုရာသီ ဖွားလို့ သတ်မှတ်ကြ ပါတယ်။ဒီရာသီဖွားတွေရဲ့ မေလကံကြမ္မာဟောစတမ်းကတော့ အိမ်တွင်းရေးနဲ့စိတ်ညစ်စရာကိစ္စတွေကို ကြုံရနိုင်ပါတယ်။လုပ်ငန်း၊ပညာေ ရးနဲ့ပတ်သက်ပြီးအကြံအစည်၊အစီအစဉ်သစ်တွေကို စသင့်တဲ့ လပါ။မေလမှာ ပါဝါစွမ်းအင်တွေ မြင့်နေပါလိမ့်မယ်။

အလုပ်အကိုင်-အလုပ်အကိုင်ကိစ္စတွေအတွက်အရမ်းကံကောင်းနေပါတယ်။ ဒါပေမယ့် ကြိုးစားနိုင်မှ တော်ရာကျပါလိမ့်မယ်။အလုပ်ရှာနေသူတွေ ဒီလမှာ အခွင့်အရေးရပါလိမ့်မယ်။မေလကုန်ပိုင်းလောက်ကျရင်တော့ အလုပ်ကိစ္စနဲ့ပတ် သက်ပြီး ခရီးထွက်ရတာမျိုးနဲ့ ကြုံရနိုင်ပါတယ်။

ငွေရေးကြေးရေး-ငွေကိစ္စနဲ့ပတ်သက်ပြီးဒီလမှာတော့ထူးထူးခြားခြားမရှိပဲ တည် ငြိမ်နေပါ လိမ့်မယ်။ပုံမှန်အတိုင်းပဲ လည်ပတ်နေမှာပါ။

မေတ္တာရေး– မေလမှာတော့ မေတ္တာရေးကံကောင်းနေပါတယ်။မေတ္တာရေး စန်း ထနေတဲ့လပါ။အချစ်ရေးကတော့တည်ငြိမ်အေးဆေးနေမှာပါ။လူမှုရေးပွဲလမ်းသဘင်၊အားကစားပွဲနဲ့ရုပ်ရှင်ရုံတို့ကိုသွားရင်းလာရင်းနဲ့ မေတ္တာရေးကိစ္စတွေ ပေါ်ပေါက်လာနိုင်ပါတယ်။အချစ်ကိုတွေ့ပေမယ့်လည်းဆုံးဖြတ်ချက်ချဖို့ကိုတော့ တုံ့ဆိုင်းနေပါလိမ့်မယ်။မိသားစုထဲမှာတော့ မေတ္တာပျက်ပြားစရာ အခြေအနေ မျိုးနဲ့ ကြုံရပါလိမ့်မယ်။

ကျန်းမာရေး – သေချာဂရုစိုက်ပေးဖို့ လိုတဲ့ လပါ။ဟင်းသီးဟင်းရွက်နဲ့အာ လူး တို့ကို ဓါတ်စာအဖြစ် စားပေးပါ။ခြုံပြောရရင်တော့ ဒီလဟာ သင့်အတွက် စိတ် ခံစားချက်နဲ့ လက်တွေ့ဘ၀ကို ချိန်ညှိပြီး သေချာလုပ်သင့်တဲ့ လပါ။

Nilar(Shwemom)

SHARE