Live လွှင့်ပြီး သီချင်းတွေ အများကြီးဆိုပြခဲ့တဲ့ စိုင်းစိုင်းတို့ အဖွဲ့

အဆိုတော်စိုင်းစိုင်းခမ်းလှိုင်တို့ အဖွဲ့ကတော့ fb ပေါ်မှာ live လွှင့်ပြီး သီချင်း တွေ အများကြီး ဆိုပြခဲ့ပါတယ်။live မလွှင့်ခင် ညတည်းက အောက်တိုဘာ (၄)ရက်နေ့မှာ show ပွဲ ကျင်းပသွားမယ့် အကြောင်း၊မနက်ဖန်ကျရင် live လွှင့်ပေးမယ့် အကြောင်းကို စိုင်းစိုင်းက သူ့ရဲ့ fb ပေါ်မှာ live လွှင့်ပြီး အသိပေး ခဲ့ပါတယ်။

စက်တင်ဘာ(၂၆)နေ့လယ်ပိုင်းလောက်မှာတော့ live လွှင့်ခဲ့ပါတယ်။စိုင်းစိုင်း အပါအ၀င် Snare အဖွဲ့မှ နေ၀င်းနဲ့ဖြိုးလေး၊ဘန်နီဖြိုး၊ G fatt ၊စုစုပေါင်း အဆိုတော် (၄)ယောက်က သူတို့ရဲ့ fb စာမျက်နှာပေါ်မှာ ကိုယ်စီ live လွင့် ခဲ့ကြပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ fan page တစ်ခုတည်းမှာတင်ပဲ လွှင့်ပြီး တစ်နာရီလောက် အတွင်းမှာပဲ အဲ့ဒီ live ကို ၀င်ကြည့်သူ(166K Views) ရှိခဲ့ပါတယ်။ဂစ်တာ တွေတီးပြပြီး သီချင်းတွေ အများကြီးကို သီဆိုပေးခဲ့ပါတယ်။အောက်တိုဘာ (၄)ရက်နေ့ကျရင်တော့  show ပွဲကျင်းပမှာဖြစ်ပြီး အမျိုးသား အဆိုတော် (၈)ယောက်ပါဝင်သွားမှာပါ။

READ
ထိုင်းမှာ Pre wedding ရိုက်ကူးနေတဲ့ Ah-boy တို့စုံတွဲ

Facebook Live From Us !! #Frenzo #GFatt #SnareMyanmar #SAI #SaiSaiKhamLeng #BunnyPhyoe

โพสต์โดย Sai Sai Kham Leng บน 26 กันยายน 2017

from စိုင်းစိုင်းရဲ့ fb

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE