သိန်း(၂၂၀)တန်ဖိုးရှိတဲ့ အသက်ရှုစက်တစ်လုံး လှူဒါန်းခဲ့တဲ့ စိုင်းစိုင်း


စိုင်းစိုင်း ကတော့ (၂၀၂၀)မှာ ကျ ရောက်တဲ့ သူ့ရဲ့ မွေးနေ့ကို တခြားနှစ်တွေနဲ့ မတူပဲ ထူးထူးခြားခြား လေး ဖြတ် သန်း ခဲ့ပါတယ်။အရင်နှစ်တွေ ကတော့ ကွင်းအကျယ်ကြီးမှာ ပရိသတ်တွေ အများကြီးနဲ့ Birthday Show ကို ကြီးကြီး ကျယ်ကျယ်ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။ဒါပေမယ့် ဒီနှစ်က တော့ COVID-19 ကပ် ရောဂါ ကြောင့်  Birthday Show ကို အိမ်မှာပဲ ကျင်းပခဲ့ ပြီး Live လွှင့် ခဲ့ပါတယ်။Show က နေရလာတဲ့ အလှူ ငွေ တွေ ကိုလည်း လိုအပ်တဲ့ နေရာတွေ အတွက် လှူ ပေးနေပါတယ်။


အခုတစ်ခေါက်က တော့ သိန်း (၂၂၀) တန်ဖိုးရှိတဲ့ အသက်ရှုစက်တစ်လုံးကို ရန်ကုန်တိုင်း အစိုးရ အတွက် လှူ လိုက်ပါတယ်။ဒီစက်ကိုတော့ ဖောင်ကြီးက ဆေးရုံမှာ ထားရှိမှာပါ။မူလဈေးက (၂၂၀)ဆိုပေမယ့် ဈေးလျော့ ပေးတာ ၊ဒေါ်လ ဈေးအ ပြောင်းအလဲ ကြောင့် မူလ ဈေးထက် ဈေးသက် သွားတယ်လို့ စိုင်းစိုင်းက ပြောခဲ့ပါတယ်။လက်ရှိမှာေ တာ့ Show ပွဲ ကေ နရတဲ့ အလှူငွေ မြန်မာကျပ် (၅၃၉၈၆၀ ) နဲ့ ဒေါ်လာ (3000) ကျန် နေ သေးကြောင်းနဲ့ လိုတဲ့ နေရာတွေကို ဆက်လှူ သွားမယ်လို့ လည်း ပြောခဲ့ပါတယ်။

READ
Single life မှာ ပျော်မွေ့နေတဲ့ ကိုရီးယားဆယ်လီများ

ဒီနေ့မနက် ရန်ကုန်တိုင်းအစိုးရကို Birthday Show အလှူငွေထဲက အသက်ရှူစက် ( Ventilator ) တစ်လုံး လှူဒါန်းခဲ့ပါတယ် ဒီ အသက်ရှူစက်ကို ဖောင်ကြီး ဆေးရုံမှာ ထားရှိမှာဖြစ်ပါတယ်အသက်ရှူစက်က မူလစျေးနဲ့ သိန်း ၂၂၀ တန်ဖိုးကျသင့်မှာဖြစ်ပေမဲ့ ကျနော့်ကို discount ပေးတာရယ် exchange rate ပြောင်းတာရယ်နဲ့ အခု ငွေရှင်းတဲ့အချိန်မှာ ၁၉၇၄၀၀၀၀ ကျပ်ပဲ ပေးချေခဲ့ရပါတယ် ဒါကြောင့်ကျနော့်ဆီမှာ အလှူငွေ ၅၃၉၈၆၀ ကျပ်နဲ့ US$ 3000 ကျန်ရှိနေပါသေးတယ် နောက်တစ်ခေါက် ထပ်မံလှူဒါန်းပါမယ်ခင်ဗျ

Image:Fb/Sai Sai Kham Leng
Image:Fb/Sai Sai Kham Leng

ဒီအလှူက ကျနော့်ပရိသတ်များ မိတ်ဆွေလုပ်ငန်းရှင်များ Birthday Show မှာ ပါဝင်တဲ့ အနုပညာရှင် အတတ်ပညာရှင်များရဲ့ စုပေါင်းအလှူဖြစ်ပါတယ် ဒီနေ့အထိလှူဒါန်းပြီး စုစုပေါင်း ၇၉၇ သိန်း ၄ သောင်းကျပ်တိတိဖြစ်ပါတယ်ဒီနေ့ ကျနော်နဲ့အတူ ဦးဇော်မင်း ( မင်္ဂလာရုပ်ရှင်ရုံ ) မှလည်း ကျပ်သိန်း ၁၀၀ တိတိထပ်မံ လှူဒါန်းခဲ့ပါတယ်
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျားSai Sai Kham Lengမိတ္တူကို – မိတ်ဆွေများပရိသတ်များအားလုံး အလှူရှင်များအားလုံး…” ဆုိၿပီး စိုင်းစိုင်းရဲ့ Fb မှာ တင်ထားပါတယ်။ရှေ့မှာလည်း Show က ရတဲ့ အလှူ ငွေ တွေကို တောက် လျောက်လှူ ဒါန်းထားပါတယ်။

READ
ကိုရီးယားနန်းတွင်းသူလေးအလား အထင်မှားရတဲ့ မင်းသမီးလေးစိုးပြည့်သဇင်

SHARE