MANDALAY SHOW မှာ တွဲဖက်ဖျော်ဖြေဖို့ လူခေါ်နေတဲ့ စိုင်းစိုင်း

စိုင်းစိုင်းခမ်းလှိုင်ကတော့ ရန်ကုန်မှာ သူ့ရဲ့ Birthday Show ကို ကျင်းပပြီးတာ သိပ်မကြာသေးပါဘူး။ရန်ကုန် ပွဲ ပြီး လို့ သိပ်မကြာခင်မှာပဲ မန္တလေးမှာပဲ နောက်ထပ် Show ပွဲ ထပ်ပြီး ကျင်းပဖို့ ပြင်ဆင်နေပါတယ်။စိုင်းစိုင်းရဲ့ မန္တလေး Show ပွဲကိုတော့ မေလ ၂၅ မန္တလာသီရိကွင်းမှာ ကျင်းပပြုလုပ်သွားမှာပါ။ဒီတစ်ခါ ပွဲမှာလည်း စိုင်းစိုင်းက ရန်ကုန် Show နဲ့ မတူတဲ့ ထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ တင်ဆက်သွားအုံးမှာပါ။စိုင်းစိုင်းကတော့ မန္တလေး Show မှာ သူနဲ့ အတူ တွဲဖက်သီဆို ဖျော်ဖြေပေးဖို့ လူလိုနေတယ်လို့ သူ့ရဲ့ fb မှာ ကြေညာထားပါတယ်။

လိုအပ်နေတဲ့ သူတွေကတော့ အကအဖွဲ့လိုက် (သို့ ) တစ်ဦးချင်း Dancers များ(ကျား/ မ ) ၊ မိန်းကလေး Dancer (သို့ ) Model နှစ်ဦး  နဲ့ ပေါင် ၁၈၀ အထက် မိန်းကလေး Dancer နှစ်ဦး လိုအပ်နေတာပါ။ပွဲအတွက် တွဲ ဖက်ဖျော်ဖြေပေးမယ့် သူမရှိလို့ အခုလို ခေါ်ယူတာတော့ မဟုတ်ပါဘူး။တစ်ပွဲလုံးစာ အတွက် Back up Dancers တွေ ပါလာမှာဆိုပေမယ့် မြို့ခံ Artist တွေနဲ့ပါ တွဲဖက် ဖျော်ဖြေချင်လို့ အခုလို ခေါ်ယူတာလို့ ပြောထားပါတယ်။ တွဲ ဖက်ဖျော်ဖြေပေးမယ့် လူခေါ်ထားတဲ့ ကြေညာ Post အပြည့်အစုံကတော့….

READ
ပရိသတ်ကြား အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ ဟောင်ကောင်ပွဲက ဆောင်းဟေကိုရဲ့ ဖက်ရှင်

အလိုရှိသည်
———–

SAISAI MANDALAY SHOW တွင် တွဲဖက်ဖျော်ဖြေရန်

(၁) အကအဖွဲ့လိုက် (သို့ ) တစ်ဦးချင်း Dancers များ
(ကျား/မ )
(၂) မိန်းကလေး Dancer (သို့ ) Model နှစ်ဦး
(၃) ပေါင် ၁၈၀ အထက် မိန်းကလေး Dancer နှစ်ဦး

ဒီ Page တွေရဲ့ Messenger မှာ စက္ကန့် ၃၀ စာ အက Video ကို ဖုန်းနဲ့ရိုက်ပြီး ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ပို့ပေးပါ

https://m.facebook.com/793439417455295

https://www.facebook.com/khine.l.kyaw.9

တစ်ပွဲလုံးစာ အတွက် Back up Dancers တွေ ပါလာမှာဖြစ်ပေမယ့် မြို့ခံ Artist တွေနဲ့ပါ တွဲဖက် ဖျော်ဖြေချင်တဲ့ စိတ်ကူးဖြစ်ပါတယ်

READ
အောင်မြင်တဲ့ယောက်ျားတွေရဲ့နောက်ကွယ်မှာ ထက်မြက်တဲ့မိန်းမတွေရှိတယ်ဆိုတဲ့ ထက်ထက်ထွန်း

အဲလို တွဲဖက် ဖျော်ဖြေဖို့ သီချင်း ၃ ပုဒ်ရွေးထားပါတယ်
အရွေးခံရတဲ့သူက ၂၁/၂၂/၂၃/၂၄ လေးရက် Rehearsal လုပ် အကတိုက်ရပါမယ်

သီချင်းနဲ့လိုက်ဖက်မှုရှိတာကို အဓိကထားရွေးမှာဖြစ်တဲ့အတွက် ရွးချယ်မှုက
Show Director နဲ့ Choreographer ရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်

Sai Sai Kham Leng
#SaiMdy19

Source စိုင်းစိုင်းခမ်းလှိုင်

SHARE