ပွဲတစ်ခုမှာ လိုက်ဖက်ညီစွာတွေ့ရတဲ့ စိုင်းစိုင်းနဲ့ ပိုးမမှီသာ

”စိုင်းစိုင်းက စိုင်းစိုင်း” ဆိုတဲ့ အယ်လ်ဘမ်သစ် ထွက်တဲ့ အမှတ်တရ အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလ(၂၈)ရက်နေ့က ပရိသတ်တွေကို လက်ဆောင်ပေးခဲ့ပါတယ်။ “သိဂါင်္ရသီချင်းတစ်ပုဒ် ” ဆိုတဲ့ သီချင်း MV ကို လက်ဆောင်ပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေ လည်း ဒီသီချင်းလေးကို အရမ်း အကြိုက်တွေ့ခဲ့ပါတယ်။ သီချင်းလေးနဲ့အတူ သီချင်းထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့  ပိုးမမှီသာ ဆိုတဲ့ ဆေးကျောင်းသူလေးကိုလည်း ပရိသတ်တွေက အရမ်းကို ကြိုက်နှစ်သက်အားပေးခဲ့ပါတယ်။

ပိုးမှီသာကတော့ ရန်ကုန် ဆေးတက္ကသိုလ် (၁) Queen of 2013 Batch ပါ။ Sai Cosmetic ကို ကြော်ငြာပေးခဲ့ သူလေးပါ။ “သိဂါင်္ရသီချင်းတစ်ပုဒ် ”MV လေးကတော့ သူမရဲ့ ပထမဆုံး MV လို့ သိရပါတယ်။

READ
Fan Bing Bing နဲ့ တူဖို့ အကြိမ်များစွာ ခွဲစိတ်ပြုပြင်တာတွေလုပ်ခဲ့တဲ့ အမျိုးသမီး

အခုဆိုရင်တော့ စိုင်းစိုင်း နဲ့ ပိုးမမှီသာတို့ဟာ ရန်ကုန်လေဆိပ်မှာ ဖွင့်လှစ်တဲ့ TOM N TOMS COFFEE MYANMAR ဖွင့်ပွဲကို အတူတွဲပြီး တက်ရောက်ခဲ့ကြပါတယ်။ စိုင်းစိုင်းနဲ့ ပိုးမမှီသာတို့ရဲ့ ပွဲတက်ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

from ပိုးမမှီသာ

SHARE