ကွယ်လွန်သွားတဲ့ အဖွားအတွက် ကုသိုလ်ကောင်းမှု လုပ်ပေးနေတဲ့ စိုင်းစိုင်း တို့မိသားစု

စိုင်းစိုင်းတို့ မိသားစုကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဖွားဖွားကြီးအတွက် ကုသိုလ်ကောင်းမှု တွေ ပြုလုပ်ပေးခဲ့ပါတယ်။စိုင်းစိုင်းက သူအရမ်းချစ်ရတဲ့ အဖွားဖြစ်သူ ကွယ်လွန်းသွားတဲ့ အကြောင်းကို သူ့ရဲ့ fb ပေါ်မှာ သြဂုတ်လ(၆)ရက်နေ့က တင်ခဲ့ပါသေးတယ်။

(၂၀၁၃)ခုနှစ်က သူခိုးရိုက်ထားတဲ့ ဖွားဖွား ရဲ့ ပုံကို “Heavy Loss” ဆိုတဲ့ စာသားနဲ့အတူ တင်ခဲ့တာပါ။စိုင်းစိုင်းရဲ့ Post အောက်မှာလည်း အနုပညာမောင်နှမတွေရော၊ပရိတ်တွေကပါ အားပေးစကားဆိုထားတာကို တွေ့ရပါတယ်။

စိုင်းစိုင်းဟာ သြဂုတ်လ (၆) ရက်နေ့က မုံရွာ၊ Ocean Super Center ရှိ G-Factory ဆိုင်မှာ မုံရွာပရိတ်သတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။စိုင်းစိုင်းတစ်ယောက် စိတ်ထဲမှာ ၀မ်းနည်း နေပေမယ့် မုံရွာပရိသတ်တွေအတွက် အကောင်းဆုံး တင်ဆက် ဖျော်ဖြေပေးသွားတာကို တွေ့ရပါတယ်။

READ
အန္တရာယ်များပေမယ့် အသက်နဲ့ရင်းပြီး ရိုက်ကူးရေးပြုလုပ်ခဲ့တဲ့ မင်းရာဇာ

ShwemomTeam မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြ ခင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE