စိုင်းဆိုင်မော့ဝ် ရဲ့ ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာ

Image:Fb/Shells Ko

အဆိုတော် စိုင်းဆိုင်မော့ဝ် ကတော့ ပရိသတ်တွေ ကြားမှာ ဒီနေ့ ဒီအချိန် ထိ ရေပန်းစားနာမည်ကြီးနေတဲ့ အဆိုတော် တစ်ယောက်ပါ။ချယ်ရီတွေ ငိုနေပြီ နန်းရေ.. ဆိုတဲ့ ချယ်ရီ သက်ေ သ မောင့်မျက်ရည်၊တောင်ပြာတန်းက သိတယ်… အစ ရှိတဲ့ ရှမ်း အငွေ့ အသက်တွေ လွှမ်းခြုံထားတဲ့ သီချင်းတွေ က ပရိသတ်ကြားမှာ ဒီနေ့ အထိ ရေပန်းစားနေစဲ ပါ။ပြီး ခဲ့တဲ့ ရက်ပိုင်းက စိုင်းဆိုင်မော့ဝ် ကွယ်လွန်ပြီဆိုတဲ့ သတင်းမှားတွေ ထွက်ပေါ်ခဲ့ပါတယ်။

Image:Fb/Shells Ko

ကွယ်လွန်တယ်ဆိုတာ သတင်းမှားသာဖြစ်ပြီး အခုဆိုရင်တော့ ကျန်းမာရေး မကောင်းလို့ မန္တလေးမှာ ဆေးကုသမှု ခံယူနေရ တဲ့ စိုင်းဆိုင်မော့ဝ် ရဲ့ ကျန်းမာရေး အခြေအနေဟာ ပြန်လည် ကောင်းမွန်လာပြီလို့ သိရပါတယ်။ဒီ အကြောင်းကိုတော့ Shells Ko ဆိုတဲ့ Fb အကောင့်မှာ တင်ထားတာပါ။

READ
အလန်းစား ဖက်ရှင်နဲ့ ထိထိမိမိမိုက်နေပြန်တဲ့ အောန်ဆိုင်း
Image:Fb/Shells Ko

(၂၀၁၈) တည်းက ကျန်းမာရေး မကောင်းတဲ့ အကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။မကြာသေးခင်ကလည်း ဆေးရုံတက်နေရတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ပြီး နောက်ဆက်တွဲမှာလည်း ကွယ်လွန်ပြီဆိုတဲ့ ကောလာဟလ တွေ ထွက်ပေါ် ခဲ့ပါတယ်။ကျန်းမာရေး ပြန်ကောင်းလာတဲ့ အတွက် နှာခေါင်းထဲမှာ ထည့်ထားတဲ့ အစားပိုက်ကို ဖြုတ် လိုက်ရ တဲ့ မင်္ဂလာသတင်းကို စိုင်းဆိုင်မော့ဝ် ရဲ့ ပရိသတ်တွေ သိ အောင် ဝေ မျှ ပေးလိုက်ပါတယ်။

Image:Fb/Shells Ko

“ယနေ့ 4/1/2020 9:45 Am (Myanmar Local Time)

Shells Ko (Shells Music Band & Entertainment) ဘော်ဘော်ကြီး #စိုင်းဆိုင်းမောဝ် မန္တလေး မန္တလာဆေးရုံတွင် ကျန်းမာရေး ကုသမှုသက်သာပြီး နှာခေါင်းတွင်ထည့်ထားသော အစားပိုက်ဖြုတ်လိုက်တဲ့ မင်္ဂလာသတင်းလေး Post တင်လိုက်ပါတယ် 👍👍👍
# ကျန်းမာရေး အမြန်ပြန်ကောင်းပြီး အနုပညာအလုပ်တွေ ဆတက်ထမ်းပိုးလုပ်နိုင်ပါစေ လို့ဆုတောင်းပေးနေကြတဲ့ ကမ္ဘာကြီးအနုံ မှ #စိုင်းဆိုင်မောဝ် ချစ်သူများ ကိုကျေးဇူး အထူးတင်ပါတယ် 🙏🙏🙏….”

Image:Fb/Shells Ko

Source:fb/Shells Ko

SHARE