ခြင်တွေမိတ်လိုက်ခြင်းကိုရပ်တန့်နိုင်တယ်ဆိုတဲ့ သီချင်းဖန်တီးသူ Skrillex ရဲ့ သံစဉ်များ

စီးပွားရေးအတွက် မဟုတ်ပဲ ပညာရပ်ပိုင်းဆိုင်ရာအတွက် ဖွဲ့စည်းထားတဲ့ အင်းဆက်သိပံ္ပပညာရှင်သုတေသီတစ်စုဟာ ဂီတသီချင်းနဲ့ ခြင်တွေရဲ့ အပြုအမူပြောင်းလဲခြင်းနဲ့ ဆက်စပ်နေကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Instagram

ခြင်အမတွေဟာ လူတွေကို ကိုက်လေ့ရှိပြီး သွေးစုတ်ကာ များစွာရောရောဂါတွေကို ဆင့်ပွားသယ်ဆောင်လျက်ရှိပါတယ်။ သို့ပေမယ့် လေ့လာချက်အရ ကမ္ဘာကျော်ဂီတဖန်တီးသူ Skrillex ရဲ့ Scary Monsters နဲ့ Nice Sprites ဆိုတဲ့ သီချင်းတွေကိုသာ ဖွင့်ပြီး ခြင်တောထဲသွားထိုင်နေရင်တော့ အနားမှာ ခြင်တစ်ကောင်စ နှစ်ကောင်စသာ မြင်ရတော့တယ်ဆိုပြီး သူတို့အတွေ့အကြုံတွေကို ပြန်လည်မျှဝေထားပါတယ်။

pixabay

ခြင်ကိုက်ခြင်းမှကာကွယ်ရုံသာမကဘဲ ခြင်တွေမျိုးပွားနှုန်းကိုပါ လျော့ကျစေတဲ့အချက်ကိုလည်း လူတော်တော်များများက ထေက်ခံထားကြပါသေးတယ်။ ဒါဟာ Skrillex  တီးတဲ့ သံစဉ်တွေရဲ့ တုန်ခါမ့တွေပေါ်မှာ မူတည်ပြီး ခြင်တွေကြားတဲ့အခါ မခံမရပ်နိုင်အောင်ဖြစ်စေတဲ့အတွက်ကြောင့်လို့ လောလောဆယ်တော့ ယူဆထားပါတယ်။

Instagram

Skrillex ဟာ အသက် ၃၁ နှစ်ရှိနေပြီဖြစ်တဲ့ အမေရိကန် record producer, DJ, အဆိုတော်နဲ့ တေးရေးဆရာအဖြစ် ကျွမ်းကျင်စွာအသက်မွေးဝမ်းကျောင်းပြုနေတဲ့ ဂီတပညာရှင်တစ်ဦးပါ။ EDM လောကမှာတော့ ထိပ်တန်းဝင် DJ တစ်ဦးအဖြစ် တော်တော်များများလက်ခံထားကြပါတယ်။

READ
အမျိုးသမီးတွေကို အပေါ်ပိုင်းအ၀တ်ဗလာနဲ့ ရေကူးခွင့်ပြုလိုက်တဲ့ ဘာစီလိုနာမြို့

အတီးအများဆုံး genre တွေကတော့ dubstep, electro house, trap, moombahton နဲ့ post-hardcore တွေပဲဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းက ဂီတလောကထဲ ခြေစုံပစ်ဝင်လာခဲ့ပြီး ဂရမ်မီဆုတွေနဲ့ အခြားဂီတဆုတွေလည်း အများကြီးလက်ဝယ်ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ Billboard ရဲ့ အအောင်မြင်ဆုံးဂီတပညာရှင် အယောက် ၅၀ စာရင်းထဲလည်း ပါဝင်နေသူတစ်ဦးပါ။

Source: Wiki, Metro

Penny

SHARE