
လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ ဖြစ်နေတဲ့အချိန်ဖြစ်တာကြောင့် အစစအရာရာ ဂရုစိုက်ရမယ့် အချိန်တစ်ခုပါပဲ။ လူတိုင်းဟာ အခုအချိန်မှာ အပြင်ထွက်တာနဲ့ Face mask ကို မဖြစ်မနေတပ်ဆင်သွားကြရမှာပါပဲ။ COVID 19 ကြောင့် ရုပ်ရှင်ရိုက်ကူးရေးတွေ အချိန်တော်တော်ကြာ နားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ရောဂါဖြစ်ပွားမှုနှုန်းဟာ ကမ္ဘာတစ်ဝှမ်းလုံး ပျမ်းမျှကြည့်လိုက်မယ်ဆိုရင် အနည်းငယ်ငြိမ်သက်သွားပြီဖြစ်တာကြောင့် ရုပ်ရှင်ရိုက်ကွင်းတော်တော်များများ ပြန်လည်အသက်ဝင်လာပြီပဲ ဖြစ်ပါတယ်။ အခုလည်း နာမည်ကျော် Bollywood ရုပ်ရှင်မင်းသားတစ်ဦးကတော့ ရုပ်ရှင်ရိုက်ကွင်းဟာ ဆေးရုံကြီးတစ်ခုနဲ့ တူတယ်လို့ ခံစားမိကြောင့် ဖွင့်ပြောလာခဲ့တယ်လို့ Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
Bollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီး မင်သားတစ်ဦးဖြစ်သူ Saif Ali Khan ကိုတော့ Bollywood ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Saif ဟာ COVID 19 ကာလအတွင်း နေအိမ်မှာပဲ တောက်လျှောက် နေခဲ့ရပြီး အခုအချိန်မှာမှ ရုပ်ရှင်ပြန်ရိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် COVID 19 ကပ်ရောဂါကြီးဟာ အရှင်းမပျောက်သေးတာကြောင့် Saif အနေနဲ့ ရုပ်ရှင်ရိုက်ကွင်းမှာ ရုပ်ရှင်ရိုက်နေရတဲ့ အချိန်အတွင်း တော်တော်လေး စိတ်မသက်မသာဖြစ်ရတဲ့အပြင် ရိုက်ကွင်းကြီးဟာ ရိုက်ကွင်းနဲ့ မတူပဲ ဆေးရုံနဲ့ တူတယ်လို့ ခံစားနေရတဲ့အကြောင်းကို ဖွင့်ပြောခဲ့ပါတယ်။
View this post on Instagram
“ကျွန်တော်ပြောချင်တာတာ ရုပ်ရှင်ရိုက်ကွင်းဟာ ရိုက်ကွင်းနဲ့ကို လုံးဝမတူတော့တာ။ ရိုက်ကွင်းရောက်ရင်လည်း တစ်ယောက်နဲ့တစ်ယောက် စကားတောင် မပြောရဲ၊ အကုန်လုံး Mask တွေနဲ့ပဲဗျ။ တစ်ယောက်နဲ့ တစ်ယောက်လည်း အနားမကပ်ရဲ။ သရုပ်ဆောင်ရင်တောင်မှ တစ်ယောက်နဲ့တစ်ယောက် အရမ်းနီးကပ်လွန်းရင်လည်း အကြည့်ပေါင်းစုံနဲ့ ရင်ဆိုင်ရပြန်ကော။ ပြီးတော့ ရိုက်ကွင်းရောက်တာနဲ့ COVID 19 ရောဂါရှိမရှိ Test ကလည်း စစ်ရသေးတယ်။ နောက်ဆုံးမှာတော့ အကျဉ်းချုံးရရင် ရုပ်ရှင်ရိုက်ကွင်းက ရိုက်ကွင်းနဲ့မတူပဲ ဆေးရုံကြီးတစ်ခုနဲ့ တူတယ်လို့ ခံစားရတယ်ဗျာ”လို့ Saif က ပြောကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw