တိုက်တန်းနစ်အပါအဝင် သင်္ဘောပျက်ကပ်ကြီးနှစ်ခုလုံးမှာ အသက်ရှင်ခဲ့တဲ့အမျိုးသား

သင်္ဘောသားများဟာ တကယ့်ကိုအသက်နဲ့ရင်းပြီး အလုပ်လုပ်နေကြရတဲ့သူတွေပါ။ အဲဒီအထဲကမှ ကံကောင်းထောက်မစွာနဲ့ အသက်ဘေးမှ နှစ်ကြိမ်တိတိကြုံခဲ့ရပေမယ့် လွတ်မြောက်ခဲ့သူအကြောင်းကို ဖော်ပြချင်ပါတယ်။

George Beauchamp ဟာ တိုက်တန်းနစ်သင်္ဘောထွက်မယ်ဆိုတော့ မိသားစုအခြေအနေကြောင့် သင်္ဘောလိုက်ချင်လွန်းလို့ ကြိုးစားခဲ့ပါတယ်။ သို့ပေမယ့် သတ်မှတ်အသက်ထက် ၁၀ နှစ်တောင် ကြီးနေခဲ့တဲ့အတွက် အခက်တွေ့ခဲ့ပါတယ်။ ရှေးခေတ်တုန်းက မှတ်ပုံတင်တွေဘာတွေလည်း သိပ်အသုံးမပြုကြသေးတဲ့အတွက် အသက်လောက်ကတော့ George အတွက် လိမ်ဖို့ သိပ်လွယ်ကူနေခဲ့ပါတယ်။ ဒါကြောင့်လည်း အသက် ၄၂ နှစ်ရှီနေပြီဖြစ်တဲ့ George ဟာ ကိုယ့်ကိုယ်ကို ၃၂ နှစ်လို့ White Star Line သင်္ဘောကုမ္ပဏီကိုပြောကာ အလုပ်သွင်းစေခဲ့ပါတယ်။

SWNS

တိုက်တန်းနစ်ဟာ ၁၉၁၂ ခုနှစ်မှာ အတ္တလန်တိတ်သမုဒ္ဒရာအတွင်း ရေခဲတောင်ကြီးတစ်ခုနဲ့ တိုက်မိခဲ့ပြီး နစ်မြုပ်သွားခဲ့ပါတယ်။ ဒီအကြောင်းတွေကိုတော့ George ရဲ့ အမျိုးတွေကတစ်ဆင့် ပြန်ပြောပြခဲ့တာဖြစ်ပြီး ရဲခဲတောင်ကြီးနဲ့ တိုက်မိပြီဆိုတာနဲ့ မိုးခြိမ်းသံလိုမျိုး အသံအကျယ်အကြီးကို ကြားခဲ့ရတယ်လို့ဆိုပါတယ်။ အင်ဂျင်ခန်းမှာအလုပ်လုပ်ရတဲ့ George ကတော့ အင်ဂျင်ခန်းမှာ စက်တွေကိုထိန်းရင်း ပင်လယ်ရေ ခါးမြုပ်သွားတဲ့အထိကို နေနေခဲ့ပြီးကာမှ ကုန်းပတ်ပေါ်တက်ခဲ့ရတာပါ။ ကုန်းပတ်ပေါ် ရောက်ပြီးပြီးချင်းမှာပဲ ကိုယ်ကျိုးအတွက် ထွက်မပြေးဘဲ ခရီးသည်တွေကို သက်ကယ်လှေပေါ်ကိုတင်ပေးခဲ့ပါသေးတယ်။ မကြာခင်မှာပဲ George လိုက်ပါစီးနင်းလာခဲ့တဲ့ သက်ကယ်လှေ Lifeboat 13 ဟာ Carpathia ဆိုတဲ့ သင်္ဘောရဲ့ကယ်တင်ခြင်းကိုခံခဲ့ရပြီး Carpathia က ရေ ထဲမှာ မြောနေတဲ့ လူတွေနဲ့ စုစုပေါင်း ၇၀၅ ယောက်တို့ကိုပါ ကယ်တင်နိုင်ခဲ့ပါတယ်။

READ
နာမည်ကျော် Nokia သံစဉ်ကိုရေးဖွဲ့သူ စပိန်ဂစ်တာပညာရှင် ဖရန်စစ္စကိုတာရီဂါ
Daily-Mirror

George ဟာ သင်္ဘောကြီးနစ်သွားတာနဲ့တပြိုင်နက် အော်ဟစ်ငိုယိုသံတွေကြားခဲ့ရပေမယ့် သက်ကယ်လှေပေါ်မှာလည်း လူတွေတင်လို့မရအောင်ကို ပြည့်နှက်နေတာမို့ ကြည့်နေရုံမှတစ်ပါး ဘယ်လိုမှ မတတ်နိုင်ခဲ့ဘူးလို့ မိသားစုကို မျက်ရည်တွေနဲ့ ပြောပြခဲ့တယ်လို့ သိရပါတယ်။

WIKI

တိုက်တန်းနစ်အပြင် George ဟာ ပထမကမ္ဘာစစ်တုန်းက RMS Lusitania ဆိုတဲ့ ခရီးသည်သင်္ဘောမှာလည်း သင်္ဘောလိုက်ခဲ့ဖူးပါသေးတယ်။ ကမ္ဘာစစ်ဖြစ်နေတဲ့အတွက် ဂျာမန်ရဲ့ U-Boat မှ တော်ပီဒိုစာမိပြီး ၁၉၁၅ ခုနှစ်မှာပဲ နစ်မြုပ်သွားခဲ့ပါတယ်။ သို့ပေမယ့်လည်း တစ်နည်းနည်းနဲ့လွတ်မြောက်ပြီးတော့ မိသားစုဆီကိုပြန်လာခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် George ရဲ့ မိသားစုကတော့ မျိုးဆက်သုံးဆက်အထိ ဂုဏ်ယူလို့မဆုံးသေးပါဘူး။

George ဟာ လန်ဒန်မြို့၊ Beauchamp မှာမွေးဖွားခဲ့ပြီး Hull ကို ပြောင်းခဲ့ပါတယ်။ ဆယ်နှစ်ကျော်အကြာ ငါးဖမ်းသင်္ဘောနဲ့ ခရီးသည်သင်္ဘောတွေရဲ့စက်အခန်းမှာ အလုပ်လုပ်ကာသင်္ဘောလိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Southampton မှာ ၁၉၄၄ ခုနှစ်၊ အသက် ၇၂ နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။

READ
ယုံကြည်မှုလွန်ကဲတာကြောင့် လူ(၁,၀၀၀)နီးပါး ပျော်ပျော်ကြီး သေပွဲဝင်ခဲ့ကြတဲ့ ဖြစ်ရပ်

Source: Independent

Penny

SHARE