ပရိသတ်တွေကို အတွေးပွားစေတဲ့ ပဟေဠိလေးပေးလိုက်တဲ့ စိုင်းစိုင်း

သီချင်းလည်းဆို ၊ သရုပ်ဆောင်လည်းလုပ်၊ စာလည်းရေးတဲ့ စွယ်စုံရ အနုပညာရှင်တစ်ဦးကို ပြောပါဆိုရင်တော့ စိုင်းစိုင်းကိုပဲ ပြောကြာပါလိမ့်မယ်။ မြန်မာပြည်ရဲ့ အအောင်မြင်ဆုံးအနုပညာရှင်တစ်ဦးလို့ သတ်မှတ်ခြင်းခံထားရပြီး ပရိသတ်တွေ က ချစ်စနိုးနဲ့ “စိုင်းစိုင်း” လို့ ခေါ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အောင်မြင်မှုတွေကို ထိန်း သိမ်းထားနိုင်သူတစ်ဦးပါ။ လူငယ်အနုပညာရှင်တွေကို မြေတောင်မြှောက် လက်တွဲခေါ်တတ်သလို စီးပွားရေးနယ်ပယ်မှာ လည်း SAI Cosmetix နဲ့ အောင်မြင်နေသူဖြစ်ပါတယ်။

မနေ့ကတော့ စိုင်းစိုင်းဟာ သူ့ရဲ့ ပရိသတ်တွေကြားမှာ အငြင်းပွားပြီး မေးခွန်းတွေများစေမယ့် ပို့စ်တစ်ခုကို တင်ခဲ့ပါတယ်။ ပို့စ်မှာတော့ “Dear Fans .. Save the date” လို့ Caption ထိုးထားပြီး အောက်ဓာတ်ပုံမှာတော့ ရွှေအိုရောင် နောက်ခံမှာ September 22 ဆိုတဲ့ နေ့စွဲတစ်ခုပဲ ရေးထားတာပါ။

ဒီပို့စ်ကို တင်ထားတာ (၂၄)နာရီ မပြည့်သေးပေမယ့် ပို့စ်အောက်မှာ ၀င်ပြီး ထင်ကြေးပေး ခန့်မှန်းတဲ့လူတွေ၊ အငြင်းပွားတဲ့လူတွေ အများကြီး ရှိနေပါတယ်။ ပရိသတ်တစ်ချို့တော့ လူပျိုကြီး စိုင်းစိုင်းတစ်ယောက် စွံပြီလို့ ထင်ကြေးပေးခဲ့သလို၊ တစ်ချို့ကလည်း တစ်နှစ်မှာ အခွေသစ်တစ်ခွေ ပုံမှန်ထွက်လေ့ရှိတဲ့ စိုင်းစိုင်းရဲ့ အခွေသစ်ကို နားဆင်ရမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ SAI Cosmetix ကို အားပေးတဲ့ ပျိုမေတွေကလည်း အလှအပရေးရာ ပစ္စည်းသစ်ကို မိတ်ဆက်မယ်လို့ ပြောနေကြပြီး စိုင်းစိုင်းရဲ့ သရုပ်ဆောင်မှုကို နှစ်သက်အားပေးသူတွေကတော့ ရုပ်ရှင်သစ်အကြောင်း ဖွင့်ချမယ်လို့ ထင်နေ ကြပါတယ်။

READ
ပုံတွေအများကြီးတင်လို့ မငြိုငြင်ပါနဲ့လို့ ဆိုလိုက်တဲ့ ဝတ်မှုန်ရွှေရည်

သေချာတာကတော့ အများနဲ့ မတူတဲ့ ဖျော်ဖြေမှုတွေ၊ တင်ဆက်မှုတွေ၊ တမူထူးခြားတဲ့ အနုပညာဖန်တီးမှုတွေနဲ့ အားပေးတဲ့ ပရိသတ်များစွာကို ဒီနေ့ ဒီအချိန်ထိ သိမ်းပိုက်ထားနိုင်ဆဲ စိုင်းစိုင်းမှာ အကြံအစည်တစ်ခုခုတော့ ရှိနေပါပြီ။ စက်တင်ဘာ(၂၂)ရက်မှာ ပရိသတ်တွေကို ရင်ခုန်အောင် စိုင်းစိုင်း ဘာတွေ လုပ်ပြမှာလဲ ဆိုတာတော့ …..

 

Source: Sai Sai

SHARE