Khan (၃)ယောက်ဇာတ်ကား ဖြစ်နိုင်ချေနဲ့ ပတ်သတ်ပြီး Salman Khan ရဲ့ ပြောပြချက်

Imdb

Bollywood ရုပ်ရှင်လောကကို နှစ်ပေါင်းများစွာအုပ်စိုးလာခဲ့တဲ့ Khan (၃)ယောက်ရဲ့နောက်မှာ များပြားလွန်းတဲ့ပရိသတ်တွေရှိ တယ်ဆိုတာကတော့ ငြင်းဖွယ်ရာမရှိတဲ့ ကိစ္စတစ်ရပ်ပါ။

Shah Rukh Khan၊ Salman Khan နဲ့ Aamir Khan တို့ဟာ သူတို့ကိုယ်ပိုင်ထူးချွန်တဲ့အရေအချင်းတွေရှိတဲ့မင်းသား (၃)လက်ဖြစ်ပြီး Shah Rukh Khan က King of Romance၊ Salman ရဲ့ကိုယ်ပိုင်စတိုင်နဲ့ Aamir ရဲ့ ရိုက်သမျှကားတိုင်းဟာ ပြစ်ချက်မရှိပြီးပြည့်စုံနေတယ်ဆိုပြီး စတဲ့ဂုဏ်ပုဒ်တွေနဲ့ Bollywood ရုပ်ရှင်လောကမှာ အသီးသီးရပ်တည်နေကြတဲ့မင်းသားတွေပဲဖြစ်ပါတယ်။

Twitter/SalmanKhan

Salman ဟာ Shah Rukh Khan နဲ့အတူ Kuch Kuch Hota Hai ၊ Hum Tumhare Hain Sanam နဲ့ Karan Arjun ဆိုတဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ဇာတ်ကားတွေမှာ အတူပါဝင်သရုပ်ဆောင်ခဲ့သလို Aamir နဲ့လည်း Andaz Apna Apna ဇာတ်ကားမှာ အတူသရုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် Shah Rukh Khan နဲ့ Aamir တို့အတူသရုပ်ဆောင်ထား တဲ့ဇာတ်ကားကိုတော့မမြင်ဖူးပါဘူး။

READ
ဓာတ်ပုံမရိုက်ခင်မှာ ရှက်နေခဲ့တယ်ဆိုတဲ့ မော်ဒယ်မလေး ရွှေစင်

ဒီအကြောင်းနဲ့ပတ်သက်ပြီး Salman ကို Zee Tv နဲ့ အင်တာဗျူးမှာ မေးကြည့်လိုက်တဲ့ အခါမှာတော့ Shah Rukh Khan နဲ့ Aamir တို့နဲ့အတူ ရုပ်ရှင်အတူရိုက်မယ်ဆိုရင်တော့ အရင်ဆုံးဘတ်ဂျက်အတော်များများလိုအပ်မှာဖြစ်ပါတယ်။ဒါ့အပြင် ဒီရုပ်ရှင်အတွက် ရုပ်ရှင်ရုံပေါင်းသန်း(၂၀)နီးပါးလိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ရုပ်ရှင်ရုံပေါင်း(၅)သန်း(၆)သန်း လောက်သာရှိပါတယ်။ ဒါ့ကြောင့် အရင်ဆုံး ရုပ်ရှင်ရုံပေါင်းများစွာ လိုအပ်တယ်လို့ Salman ကဖြေပေးခဲ့ပါတယ်။

Twitter/AmbaniGanpati

ဒါ့အပြင် Salman ကို ယနေ့ခေတ် လူငယ်သရုပ်ဆောင်တွေ အောင်မြင်လာတာနဲ့ပတ်သက်ပြီး မေးလိုက်တဲ့အခါမှာတော့ ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာက အရမ်းကိုခေတ်စားလာတာကြောင့် သရုပ်ဆောင်တွေနဲ့ ပရိသတ်တွေက အရမ်းကိုနီးစပ်လာပါတယ်။ ဒီလိုနီးစပ်လာတာကြောင့် အခုဆိုရင် ဘယ်နေရာကိုမှ လွတ်လွတ်လပ်လပ်သွားလို့ လာလို့မရတော့ပါဘူး။ အရင်တုန်းကဆိုရင် အနုပညာရှင်တစ်ယောက်ရဲ့အပြင်ပန်းပုံစံ ဘ၀နေထိုင်မှုပုံစံတွေကို သိရှိဖို့အရမ်းကိုခက်ခဲတဲ့အခြေအနေတွေပါ။ အခုခေတ်မှာတော့ ဘာမှကိုလုပ်လို့မရတဲ့ အခြေအနေတွေဖြစ်နေပြီလို့ Salman ကပြောပြခဲ့ပါတယ်။

READ
ရုပ်ရှင်ဇာတ်ကောင် Nicolas Cage နေရာမှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်မယ့် Nicolas Cage

တစ်နေ့မှာတော့ ဒီ Khan မင်းသားသုံးယောက် အတူရိုက်ကူးထားတဲ့ဇာတ်ကားကိုကြည့်ရှုနိုင်မှာလား ပရိသတ်ကြီး ….

Thae Su

SHARE