ဒရိုင်ဘာနဲ့ အိမ်အကူ(၂)ယောက်မှာ ကိုဗစ်ပိုးတွေ့လို့ ဒုက္ခများခဲ့ရတဲ့ Salman Khan

[email protected] beingsalmankhan

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့ အချိန်ဖြစ်တာကြောင့် လူတိုင်းလိုလို အစစအရာရာ သတိထားနေရမယ့် အချိန်ပါပဲ။ ဒီကာလကြီးအတွင်း ကိစ္စတစ်ခုခုရှိလို့ အပြင်သွားမယ်ဆိုရင်တောင် Face mask တွေကို မဖြစ်မနေတပ်ဆင်သွားကြရမှာပဲ ဖြစ်ပါတယ်။ အခုလည်း Bollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီး မင်းသားတစ်ဦးဖြစ်တဲ့ Salman Khan ဟာ သူ့ရဲ့အိမ်မှာပဲ မိသားစုနဲ့အတူတူ isoloate လုပ်ကာနေနေရပါတယ်။ အကြောင်းကတော့ Salman Khan ရဲ့ personal ဒရိုင်ဘာနဲ့ အိမ်အကူဝန်ထမ်း နှစ်ဦးဟာ COVID 19 ရောဂါ ကူးစက်ခံစားနေရလို့ပဲဖြစ်ကြောင်း Pinkvilla သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

A post shared by Salman Khan (@beingsalmankhan)

ပြီးခဲ့တဲ့ အပတ်တုန်းက Salman Khan ရဲ့ ဒရိုင်ဘာဖြစ်သူ Ashok နဲ့ အိမ်အကူဝန်ထမ်းနှစ်ဦးဟာ COVID 19 ရောဂါ လက္ခဏာတွေ ပြလာတာကြောင့် ဆေးစစ်လိုက်ကြည့်တဲ့အချိန်မှာတော့ COVID 19 ရောဂါဖြစ်နေမှန်း သိရှိခဲ့ရတာပါ။ ဒါ့ကြောင့် Salman Khan ဟာ သူ့ဝန်ထမ်း ၃ ဦးစလုံးကို Bombay ဆေးရုံသို့ သွားရောက်ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုကို သေသေချာချာ ခံယူစေခဲ့သလို သူကိုယ်တိုင်လည်း နေအိမ်မှာပဲ သူ့မိသားစုနဲ့အတူတူ ၁၄ ရက်ကြာ quarantine ဝင်နေခဲ့ပါတယ်။ မကြာခင်အချိန်အတွင်း Salman Khan နဲ့ သူ့ဇနီးရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ အခမ်းအနားကိုလည်း ဖျက်သိမ်းခဲ့သလို လက်ရှိရိုက်ကူးနေဲ့ ဇာတ်ကားတွေကိုလည်း နားခဲ့ကြောင်း သိရပါတယ်။

READ
ဗိဿနိုးမြို့ဟောင်းကို သွားရောက်လည်ပတ်ခဲ့တဲ့ မေမြင့်မိုရ်

 

 

View this post on Instagram

 

A post shared by Salman Khan (@beingsalmankhan)

“လက်ရှိမှာတော့ အိမ်မှာ ၁၄ ရက်ကြာ quarantine ဝင်ပြီးမှ တစ်မိသားစုလုံး ဆေးစစ်ဖို့ အစီအစဉ်ဆွဲထားပါတယ်။ အလူထိတော့ ကျွန်တော်အပါအဝင် ကျွန်တော့်မိသားစုဝင်တွေလည်း COVID 19 ရောဂါ လက္ခဏာတွေ မပြသေးပါဘူး။ ဒီရောဂါကြီးက တော်တော်လေးကို ဆိုးဝါးတဲ့ ရောဂါတစ်ခုပါ. လူတိုင်း မပေါ့မဆပဲနဲ့ သေသေချာချာ ဂရုစိုက်ဖို့ ပြောချင်ပါတယ်။ ကိုယ့်အသက်ထက် ဘယ်အရာမှ အရေးမကြီးပါဘူး”လို့ Salman Khan က ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by Salman Khan (@beingsalmankhan)

Pyi Hein KyawSal

SHARE