ရဲဝန်ထမ်းတွေရဲ့ဘဝကို အကောင်းဆုံး ပုံဖော်ခဲ့တဲ့ Salman Khanရဲ့ Garv ဇာတ်ကား

[email protected] beingsalmankhan Amazon

Bollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသားကြီး Salman Khan ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီ ဖြစ်မှာပါ။ Salman Khan ဟာ အမြဲလိုလို သဘာဝကျကျ သရုပ်ဆောင်တတ်တဲ့ မင်းသားကြီးတစ်ယောက် ဖြစ်တဲ့အပြင် သူ့ရဲ့ အက်ရှင်ဇာတ်ကားတိုင်းလိုလိုက အရမ်းကို ကြည့်ကောင်းလွန်းလှပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ Salman Khan ရဲ့ နာမည်ကြီး Garv: Pride & Honour ဇာတ်ကားအကြောင်းကို ပြောပြပေးသွားချင်ပါတယ်။

Garv: Pride & Honour ဇာတ်ကားဟာ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ နိုင်ငံရေးဇာတ်ကားကောင်းတစ်ကား ဖြစ်သလို တစ်ကယ်ကို ကြည့်လို့ကောင်းတဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူး။ သရုပ်ဆောင်တွေအဖြစ် Salman Khan အပြင် ဝါရင့်မင်းသားကြီး Arbaaz Khan နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ Bollywood ရဲ့ စူပါစတာမင်းသားကြီးဖြစ်တဲ့ Amrish Puri တို့က ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ၂ နာရီနဲ့ မိနစ် ၄၀ ကျော် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၁.၂ သန်းသာ ရှိပေမယ့် ရုံဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၃ သန်းနီးပါးအထိ ဝင်ငွေကောင်းခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

READ
လီမင်ဟိုနဲ့ပတ်သက်ပြီး လူသိပ်မသိသေးတဲ့ အကြောင်းများ

 

 

View this post on Instagram

 

A post shared by Salman Khan (@beingsalmankhan)

ဒီဇာတ်ကားရဲ့ အဓိက ဇာတ်လမ်းသွားကတော့ နိုင်ငံရေးလှည့်ကွက်တွေကြားမှာ ဓားစာခံဖြစ်သွားခဲ့ရရှာတဲ့ ရိုးသားဖြူစင်တဲ့ ရဲဝန်ထမ်း ၃ ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒီရဲဝန်ထမ်း ၃ ယောက်ဟာ သူတို့တာဝန်တွေ၊ ဝတ္တရားတွေကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်ရင်း ရာဇဝတ်မှုတွေကို ဖြေရှင်းနေပေမယ့် မသမာသူ အာရှင်တစ်ချို့ရဲ့ လုပ်ရပ်တွေကို ပိတ်ဆို့သလို ဖြစ်နေတာကြောင့် အမြဲလိုလို အထက်လူကြီးတွေရဲ့ ဆူပူကြိမ်းမောင်းမှုကိုခံရလိုက်၊ လူဆိုးတွေရဲ့ လုပ်ကြံမှုတွေကို ခံရလိုက်နဲ့ ဖြစ်နေရရှာပါတယ်။ ဒါပေမယ့် သူတို့ ၃ ယောက်ဟာ တရားဥပဒေဘက်တော်သားတွေ ဖြစ်တဲ့အတွက် ဒီလိုမျိုးလုပ်ရပ်တွေကို ဥပဒေဘောင်အတွင်းကနေပြီးတော့ ဘယ်လိုပုံစံနဲ့ တော်လှန်ပြီး ရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။

READ
ကိုရီးယားရုပ်ရှင်လောကကို ကမ္ဘာက အသိအမှတ်ပြုစေခဲ့တဲ့ ဂန္တ၀င်ရုပ်ရှင်ကား(၅)ကား

Garv အပြင် အာရှတစ်ခွင်က အခြားရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲပေါင်းများစွာကို ၁၀၀% မြန်မာစာတန်းထိုးနဲ့ Viu App မှာ ကြည့်ရှုနိုင်ပါတယ်။ ဒါ့ကြောင့် Viu app ကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူလိုက်ပါ။

Amazon

Pyi Hein Kyaw

SHARE