PPE ဝတ်စုံတွေ အချိန်ပြည့်ဝတ်ထားကြတဲ့ အိန္ဒိယနိုင်ငံက ထူထူးခြားခြား ဆံပင်ညှပ်ဆိုင်များ

[email protected]

လက်ရှိ COVID 19 ကပ်ရောဂါဖြစ်ပွားနေတဲ့အချိန် နိုင်ငံတော်တော်များများမှာ Lockdown ချထားကြသလို ကျောင်းတွေ၊ ရုံးတွေ၊ ဆံပင်ညှပ်ဆိုင်တွေ အစရှိတဲ့ အများပြည်သူသွားလာနေကျ နေရာတွေကိုပါ ပိတ်ထားရပါတယ်။ ဒါပေမယ့် အချို့နိုင်ငံတွေမှာ ရောဂါကူးစက်သူဦးရေ တဖြည်းဖြည်းလျော့ကျသွားတဲ့အတွက်ကြောင့် Lockdown ချထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အနည်းငယ် လျော့ချလိုက်ပြီပဲ ဖြစ်ပါတယ်။

ဒီလို Lockdown စည်းမျဉ်းစည်းကမ်းတွေကို လျှော့ချလိုက်တဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံလဲ တစ်နိုင်ငံ အပါအဝင်ဖြစ်ပါတယ်။ အခုလို အိန္ဒိယနိုင်ငံမှာ Lockdown စည်းမျဉ်းတွေ လျှော့ချလိုက်ပေမယ့် အိန္ဒိယနိုင်ငံသူနိုင်ငံသားတွေဟာ စည်းကမ်းရှိကြပါတယ်။ အခုလည်း အိန္ဒိယနိုင်ငံရှိ ဆံပင်ညှပ်ဆိုင်တစ်ချို့မှာဆိုရင်တော့ ဆံပင်ညှပ်ဆိုင်ဝန်ထမ်းတွေဟာ အချိန်ပြည့် PPE ဝတ်စုံတွေဝတ်ပြီး ဆံပင်ညှပ်ပေးနေကြကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အိန္ဒိယနိုင်ငံ၊ Bhopal ပြည်နယ်ရှိ ဆံပင်ညှပ်ဆိုင်တော်တော်များများဟာဆိုရင် သူတို့ရဲ့ ဆံပင်ညှပ်ဆိုင်ရှိ ဝန်ထမ်းတွေကို အချိန်ပြည့် PPE ဝတ်စုံတွေကို ဝတ်ထားခိုင်းပါတယ်။ ဒါ့အပြင် ဆိုင်ကို လာညှပ်တဲ့ customer များကိုလည်း ဆိုင်ရောက်ရောက်ချင်း လက်ကို ဆေးခိုင်းပြိးမှ ဆိုင်ထဲကို ပေးဝင်ပါတယ်။ ဒါ့အပြင် ဆိုင်ကို လာသမျှ ဆံပင်ညှပ်သူတွေကိုလည်း Face Mask တပ်ဆင်ထားမှသာ ဆိုင်ထဲကို  ဝင်ခွင့်ပြုကြောင်း သိရပါတယ်။

“ဒီကာလမှာတော့ ဒီလိုပဲ ဖြတ်သန်းရမှာပဲလေ။ ဆိုင်တောင်မှ ပြန်ဖွင့်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ ပြန်ဖွင့်ခွင့်ရလည်း အရင်လိုတော့ မဟုတ်ပါဘူး။ စနစ်တကျ ကာကွယ်မှုပုံစံတွေရှိမှ ပြန်ဖွင့်ခွင့်ရတာပါ။ ဝန်ထမ်းတွေကိုတော့ ဆိုင်ဖွင့်ထားတဲ့အချိန်အတွင်း PPE ဝတ်စုံတွေ ဝတ်ခိုင်းထားရတယ်။ သူတို့ကိုတော့ ကိုယ်ချင်းစာပါတယ်။ တော်တော်ပူကြမှာပဲလေ။ ဒါပေမယ့်လည်း ကျန်းမာရေးအတွက်ဆိုတော့ ဒီလောက်ကတော့ လုပ်ရမှာပဲလေ” လို့ ဆံပင်ညှပ်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE