ဆုံးပါးသွားတဲ့ ကမ္ဘာကျော်ဘောလုံးသမား Maradona ကို အမှတ်တရ ဂုဏ်ပြုခဲ့တဲ့ Salt Bae

Instagram-Salt Bae

Maradona ဆိုတာ အာဂျင်တီးနားရဲ့ အထင်ကရဘောလုံးသမားတစ်ဦးပါ။ သူဟာ ၁၉၈၆ ခုနှစ်တုန်းက အနောက်ဂျာမဏီအသင်းကို အနိုင်ဂိုး သွင်းနိုင်ခဲ့ပြီး quater-final မှာလည်း အင်္ဂလန်ဖက်ကို သွင်းခဲ့တဲ့ ၂ ရိုးကြောင့် ၂၀ ရာစုရဲ့ အကောင်းဆုံး ဘောလုံးသမားအဖြစ် ကျော်ကြားခဲ့တဲ့ World Cup Winner ဘောလုံးသမားတစ်ဦးပါ။

 

View this post on Instagram

 

A post shared by Nusr_et#Saltbae (@nusr_et)


သူကတော့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာပဲ အသက် ၆၀ အရွယ်မှာပဲ လူ့လောကထဲက ထွက်ခွာသွားခဲ့ပါပြီ။
Salt Bae ကတော့ Maradona ရဲ့ အမာခံပရိတ်သတ်တစ်ဦးပါ။ မကြာသေးခင်ကမှပဲ Salt Bae ဟာ သူ့ရဲ့ ဒူဘိုင်းကစားသောက်ဆိုင်ကို Maradona တစ်ယောက် လာခဲ့တဲ့အတွက်ကြောင့် သူကိုယ်တိုင် သူ့ရဲ့ ဆားထည့်တဲ့အထူးအကွက်နဲ့ တည်ခင်းကျွေးမွေးလိုက်ခဲ့ပါသေးတယ်။ နော် Maradona အနေနဲ့ သူ့ရဲ့ စားသောက်ဆိုင်မှာ အကြိုက်ဆုံးနေရာလေးကိုလည်း ပြောခဲ့ပါသေးတယ်။

 

View this post on Instagram

 

A post shared by Nusr_et#Saltbae (@nusr_et)


အခု Maradona ဆုံးပါးသွားပြီးနောက်မှာတော့ Salt Bae ဟာ သူ့ရဲ့ ဒူဘိုင်းကစားသောက်ဆိုင်မှာ Maradona အတွက် အမှတ်တရဂုဏ်ပြုဖို့ဆိုပြီးတော့ အကြိုက်ဆုံး စားပွဲဝိုင်းလေးကို တစ်သက်လုံးစာအတွက် ဘယ်သူ့ကိုမှ ပေးမထိုင်တော့ပါဘူးတဲ့။ အဲဒီအစား Maradona ရဲ့ ဓာတ်ပုံလေးကို ပန်းလေးတွေနဲ့ သေချာလေးထားပြီးတော့ဖယောင်းတိုင်လေးတွေနဲ့ အမှတ်တရထားထားခဲ့ပါတော့တယ်။

READ
1963 ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ တူရကီက မြေအောက်မြို့တော်

Maradona ဟာ မကြာသေးခင်ကမှ ဦးနှောက်သွေးကြောခွဲစိတ်မှုတစ်ခုကို ပြုလုပ်ထားခဲ့တာပါ။ Daily Mail ရဲ့ဖော်ပြချက်အရ ခွဲစိတ်ပြီးတော့ သူ့ကို စစ်ဆေးမှုတွေ ၁၂ နာရီကျော်ကြာအောင် ဘာမှ လာမလုပ်ခဲ့ဘဲ ပစ်ထားခံခဲ့ရပါတယ်တဲ့လေ။ နောက်ဆုံး အခြေအနေမကောင်းတော့ ဆေးရုံကားခေါ်တော့လည်း မိနစ် ၃၀ လောက် ကြာခဲ့တဲ့အတွက် နောက်ဆုံးမှာတော့ Maradona ကို ဆုံးရှုံးလိုက်ရတာပါလို့ မိသားစုရှေ့နေ Matias Morla က ထွက်ဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်အောင်လည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။

 

View this post on Instagram

 

A post shared by Nusr_et#Saltbae (@nusr_et)


penny

SHARE