စူပါဂလူးကော်တွေလက်မှာကပ်သွားတဲ့အခါ အလွယ်ကူဆုံး လျင်မြန်စွာ ဖယ်ရှားနည်း

twitter/brotherjambang

စူပါဂလူးကော်တွေဟာ ကပ်အားအရမ်းကောင်းပါတယ်။ ဒါပေမယ့် ကိုယ်မကပ်စေချင်တဲ့ အရာတွေကို စူပါဂလူးကော်တွေ သွားကပ်နေတဲ့အခါမှာတော့ အရမ်းကို စိတ်ညစ်ဖို့ ကောင်းပါတယ်။ တစ်ခါတစ်လေ တစ်ခုခုကို စူပါဂလူးနဲ့ ဖာထေးနေတုန်း လက်ချောင်းတွေမှာများ ကော်တွေကပ်သွားရင် စေးကပ်ကပ်နဲ့ ဘယ်လိုခွာလို့ ခွာရမှန်းတောင် မသိတော့ပါဘူး။

အခုတော့ ဒီပြဿနာနဲ့ ကြုံတွေ့ခဲ့ရင် ဘယ်လိုဖြေရှင်းရမယ်ဆိုတာ အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ worldofbuzz ကနေ တွေ့လာရပါတယ်။ တွစ်တာအကောင့် @brotherjambang မှာ မျှဝေထားတာကတော့ စူပါဂလူးတွေကို ဆားနဲ့ ဖယ်ရှားပစ်နိုင်တယ်လို့ ဆိုပါတယ်။ စူပါဂလူးရဲ့ ကပ်အားကို ဆားက အလွယ်တကူ ဖြိုခွဲနိုင်ပါတယ်တဲ့။

Twitter “UHU”

အောက်မှာတော့ စာဖတ်သူတွေအတွက် ဗီဒီယိုလေးတစ်ခုကို ဖော်ပြပေးထားပါတယ်။ စူပါဂလူးဟာ ဆားနဲ့တွေ့တဲ့အခါ သူ့ရဲ့သတ္တိတွေ ပျောက်ပျက်ကုန်ပါတယ်။ အကြောင်းကတော့ စူပါဂလူးတွေဟာ စိုထိုင်းဆရှိတဲ့ မျက်နှာပြင်တွေပေါ်မှာသာ ကပ်တာဖြစ်ပြီး အဲ့ဒီစိုဆိုင်းဆကို ဆားက စုပ်ယူလိုက်တာကြောင့်လို့  သိရပါတယ်။

လင်းလင်း (ShweMom)

SHARE