James Bond အသစ်ဖြစ်ဖို့ ရေပန်းစားနေတဲ့ မင်းသား Sam Heughan

[email protected]

ကိုယ်ပိုင်နံပါတ် 007 နဲ့ လျှို့ဝှက်အေးဂျင့် တစ်ဦးဖြစ်တဲ့ James Bond ဆိုတဲ့ ဇာတ်ကောင်ကတော့ ဝတ္ထုဇာတ်လမ်းတွေကနေတစ်ဆင့် ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့ပါတယ်။ ပထမဆုံး James Bond အဖြစ်ကိုတော့ Sean Connery က သရုပ်ဆောင်ထားခဲ့ပြီးတော့ ၁၉၅၀ ခုနှစ်ပတ်ဝန်းကျင်လောက်မှာစတင်ခဲ့တဲ့ James Bond ဇာတ်လမ်းတွေဟာ အခုအချိန်ထိကို ရိုက်ကူးနေဆဲဖြစ်ပြီးတော့ ကြားထဲမှာလည်း သရုပ်ဆောင်တွေ တစ်လက်ပြီးတစ်လက် ပြောင်းခဲ့ကြပါတယ်။

James Bond

အခုနောက်ဆုံး James Bond ကတော့ Daniel Craig ပါ။ Daniel Craig ရဲ့ နောက်ဆုံး James Bond ဇာတ်ကားကိုတော့ မကြာခင်မှာပဲ ရုံတင်ပြသမှာဖြစ်ပါတယ်။ ဒါဟာ Daniel Craig ရဲ့ နောက်ဆုံး James Bond ရုပ်ရှင်ဖြစ်တဲ့အတွက် ပရိတ်သတ်တွေအနေနဲ့ နောက်ထပ် James Bond အသစ်ဟာ ဘယ်သူလဲဆိုတာ သိချင်နေကြပါပြီ။

READ
ချစ်စရာ သမီးလေးမွေဖွားလိုက်တဲ့ ၀မ်းနဲ့ R ဇာနည်

James Bond အသစ်ဖြစ်နိုင်ချေရှိနေတဲ့ မင်းသားတွေအများကြီးရှိနေပေမယ့်လို့ အဲဒီအထဲမှ ဖြစ်နိုင်အရှိဆုံးဆိုပြီး Screen Rant မှာ ဖော်ပြခြင်းခံနေရသူကတော့ Sam Heughan ပါ။

 

 

View this post on Instagram

 

A post shared by Sam Heughan (@samheughan)

 

View this post on Instagram

 

A post shared by Sam Heughan (@samheughan)

Sam Heughan ဟာ Outlander ဆိုတဲ့ ရုပ်ရှင်နဲ့ နာမည်ကြီးလာခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူကိုယ်တိုင်ကိုကလည်း James Bond အဖြစ် သူ့ကိုရွေးချယ်ဖို့ အသင့်စောင့်နေတယ်ဆိုပြီးတော့ ကိုယ့်ဟာကိုယ် ကြေငြာထားခဲ့တာပါ။ အနုပညာအသိုင်းအဝိုင်းမှာတော့ ဘယ်သရုပ်ဆောင်ကိုပဲ James Bond ဖြစ်ဖို့ ကမ်းလှမ်း၊ ကမ်းလှမ်း အကုန်လုံး ပျော်ပျော်ကြီးကို ဂုဏ်ယူစွာနဲ့ လက်ခံမယ့်သူချည်းပါပဲ။

 

View this post on Instagram

 

A post shared by Sam Heughan (@samheughan)

ဒါပေမဲ့လည်း လက်ရှိအချိန်မှာတော့ No Time To Die ကလည်း မထွက်သေးတဲ့အတွက်ကြောင့် James Bond အသစ် ဘယ်သူ့ကိုရွေးချယ်မယ်ဆိုတာကိုလည်း သိရဦးမှာမဟုတ်ပါဘူး။

READ
၂၀၁၈ ခုနှစ် အမျိုးသား ဇာတ်ပို့ဆုအတွက် စကာတင် စာရင်းဝင်သူ အနုပညာရှင်များ

penny

SHARE