ညီမဖြစ်သူကို အမြဲလိုက် နောက်ပြောင်ကျီစယ်တဲ့ ဟာသကိုကို

Sam Thompson ဆိုတာက Celebrity Big Brother မှာ နေရာရနေသူတစ်ဦး ဖြစ်ပါတယ်။ သူဟာ သူရဲ့ ညီမ Louise Thompson တင်ခဲ့တဲ့ အင်စတာဂရမ်ပုံတွေအတိုင်း ပြန်လည်ဝတ်စားပြီး၊ တုပပြုလုပ်ကာ ညီမကို နော က်ပြောင်ခဲ့ပါတယ်။ Louise ဆိုတာကလည်း နှယ်နှယ်ရရ တစ်ဦးမဟုတ်ပဲ ဗြိတိန်ရုပ်သံစတားတစ်ဦး ဖြစ်တယ်လို့ The Sun မှာ ဖော်ပြထားပါတယ်။

Louise ဟာ Made In Chelsea TV ဆီးရီမှာ နာမည်ရလာခဲ့ပြီးနောက်၊ လူမှုကွန်ယက်မှာလ ည်းေ အာင်မြင် ခဲ့ပါတယ်။ ဒါကြောင့် မပေါ့်တပေါ်ပုံတွေ တင်လေ့ရှိတာကို အစ်ကိုဖြစ်သူ Sam က နောက်ပြောင် ခဲ့တာပါ။ Louise တင်သမျှ ဘီကီနီပုံ အ၀တ်အစား တစ်ပိုင်းပုံတွေကို Sam က လိုက်လံတုပ ပြုလုပ်ခဲ့ လို့ေ မာင်နှမနှစ်ေ ယာက်ကြားမှာ အတော်လေး ရယ်စရာ ဖြစ်နေပါတယ်။

READ
ကျွန်တော်တို့တွေ တစ်ခုခုလုပ်ဖို့ မေ့သွားလို့ ဟာသဖြစ်သွားတဲ့ အခိုက်အတန့်များ ...

Sam ဟာ ညီမဖြစ်သူ Louise နဲ့ သူမရဲ့ ချစ်သူ တွဲရိုက်ထားတဲ့ ပုံကိုလည်း တုပ ပြုလုပ်ခဲ့သေးပြီး၊ သူရဲ့ တမင် တကာ ကနွဲ့ကလျှဖြစ်အောင် လုပ်ထားတဲ့ Post တွေကို အင်စတာဂရမ် ပရိသတ်တွေက အများအပြား အားပေးခဲ့ကြ ပါတယ်။ Louise ဟာ သူမရဲ့ ချစ်သူ Ryan Libbey နဲ့ အကြည်ဆိုက်နေတဲ့ ပုံတင်စဉ်ကလည်း Sam က တစ်ထပ်တည်း တူအောင် လုပ်ခဲ့ပါသေးတယ်။

ဒီအခါမှာတော့ Sam ဟာ သူရဲ့ချစ်သူ Tiff Watson ကို အကူအညီတောင်းခဲ့ရပြီး၊ အတော်ကလေးကို မျ က်နှာပြောင်သူလို့ သတ်မှတ်ခံခဲ့ရပါသေးတယ်။ တစ်ခြား လူကြိုက်များခဲ့တဲ့ ညီမဖြစ်သူ Louise ရဲ့ ပုံတွေကို သူ မြင်သမျှ လိုက်လံလုပ်ဆောင်ရင်း ပရိသတ်ကို မပျင်းရအောင် လုပ်နေသူလို့ ဆိုရမှာပါ။

READ
ဆိုးရွာလှတဲ့ Tattoo လက်ရာတွေကို မူရင်းရုပ်ပိုင်ရှင်အစစ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ

သတင်းတစ်ခုရဲ့ ဖော်ပြချက်အရ Sam ဟာ ဒီလို နောက်ပြောင်နိုင်ဖို့အတွက် ညီမဖြစ်သူရဲ့ အ၀တ်အစားတွေကို တစ်ခါတလေ ခိုးယူရတာမျိုးကိုတော့ ခဏခဏ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE