ထိုင်ဝမ်မှာ လိင်တူတရား၀၀င်လက်ထပ်ခွင့်ကို ခွင့်ပြုခဲ့တာဟာ ၂၀၁၉ ခုနှစ် မေလ ၂၄ ရက်နေ့ကတည်းကဖြစ်ပါတယ်။ ဒီလို ခွင့်ပြုခဲ့တာဟာ အာရှမှာ ပထမဆုံးသောဒေသလည်းဖြစ်ပါတယ်။
ဒီလိုမျိုးခွင်ပြုလိုက်ပြီဖြစ်ပေမယ့်လို့ အခုအချိန်ထိ တော်တောများများကတော့ ပေါ်ပေါ်တင်တင်မင်္ဂလာဆောင်ခြင်းမရှိကြသေးပါဘူး။ ဒါပေမဲ့လည်း အခု Next Shark ရဲ့ဖော်ပြချက်အရ ထိုင်ဝမ်က စစ်တပ်ထဲမှာတော့ ပထမဆုံးသော လိင်တူလက်ထပ်ပွဲတစ်ပွဲဖြစ်ပွားခဲ့ပါပြီတဲ့။

သူတို့ကတော့ Chan Ying-xuan နဲ့ Ying-ying တို့ပဲဖြစ်ပါတယ်။ နှစ်ယောက်စလုံးဟာ အမျိုးသမီးတွေဖြစ်ပြီးတော့ ထိုင်ဝမ်တပ်ထဲမှာပဲ စစ်သမီးတွေအဖြစ် ရာထူးခပ်ကြီးကြီးတွေကို တာဝန်ယူထမ်းဆောင်နေခဲ့တာဖြစ်ပါတယ်။ Chan Ying-xuan နဲ့ Ying-ying တို့ ဟာ ပြီးခဲ့တဲ့သောကြာနေ့မှာတုန်းက လက်ထပ်ခဲ့ကြပါတယ်။
#109年聯合婚禮臉書活動開跑囉!
#分享送好禮_票選最佳新人
#愛你愛妳_永結同心…Posted by 中華民國陸軍 on Monday, October 26, 2020
သူတို့တာ ထိုင်ဝမ်ရဲ့ပထမဆုံးသော တရားဝင်လိင်တူလက်ထပ်ခဲ့တဲ့ စုံတွဲတစ်တွဲလည်းဖြစ်တဲ့အပြင်ကိုမှ အစိုးရ၀န်ထမ်းတွေလည်ဖြစ်နေပါတယ်။ ပုံမှန်အတိုင်းဆိုရင် အခုလိုမျိုးကိစ္စတွေကို တပ်ဖက်က လက်ခံလေ့မရှိပေမယ့်လို့ ဒီတစ်ခေါက်မှာတော့ တပ်ဖက်ကိုယ်တိုင်ကိုက သူတို့နှစ်လောက်ရဲ့ မင်္ဂလာဆောင်ကို လူမှုကွန်ယက်စာမျက်နှာပေါ်တင်ပြီးတော့ တရားဝင်ဂုဏ်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။
တပ်ဖက်ကပြောရေးဆိုင်ခွင့်ရှိသူကတော့ “ဒီကိစ္စဟာ LGBTQ+ တွေဟာလည်း တန်းတူအခွင့်အရေးရသင့်ပြီး အချစ်ရေးကတစ်ပိုင်း၊ တိုင်ပြည်ကာကွယ်ရေးကတစ်ပိုင်း သက်သက်စီမဆိုင်ဘူးဆိုတာကို သက်သေပြနိုင်ခဲ့တဲ့ ကိစ္စတစ်ခုပါ” လို့ The Guardians ကိုလည်း ပြောလာခဲ့ပါတယ်။
penny