အရင်ပုံစံနဲ့တစ်ခြားစီဖြစ်သွားတဲ့ ငယ်ဘဝရဲ့ သူရဲကောင်း ဖက်တီးမင်းသားကြီး

Youtube-Dragons Forever - Fight Scene 7 - Sammo Investigating Weibo

မင်းသားကြီး ဂျက်ကီချန်းနဲပ အရမ်းအတွဲညီညီသရုပ်ဆောင်နိုင်ခဲ့တဲ့ ဖက်တီးမင်းသားကြီး Sammo Hung ကို သိကြသေးလားဗျို့။ ခန္ဓာကိုယ်ကြီးနဲ့ မလိုက်အောင် အမြဲ သွက်သွက်လက်လက် သရုပ်ဆောင်နိုင်ခဲ့ပြီး ဟာသတွေနှောပြီး ရယ်ရယ်မောမောနေတတ်ခဲ့တဲ့ Hung ရဲ့ ပုံစံတွေကတော့ ပြန်စဉ်းစားကြည့်လိုက်ရင် မနေ့တစ်နေ့ကလိုပါပဲ။ အခုအချိန်မှာတော့ Hung ဟာ အရင်ကပုံစံနဲ့မတူပဲ တော်တော်ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ကလည်း တော်တော်ပိန်သွားကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရသိရှိရပါတယ်။

တစ်ခေတ်တစ်ခါတုန်းက နာမည်ကြီးမင်းသားဖြစ်ခဲ့တဲ့ Hung ဟာ အခုဆိုရင်တော့ လူမြင်ကွင်းထဲက ပျောက်နေတာ တော်တော်ကြာပါပြီ။ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က Weibo မှာ တက်လာတဲ့ သူ့ရဲ့ ပုံကြောင့် Hung ရဲ့ ပရိသတ်တွေ တော်တော် ရှော့ခ်ရသွားခဲ့ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ရဲ့ ဖက်တီးမင်းသားကြီးရဲ့ ခန္ဓာကိုယ်ဟာ တော်တော်ကြီးပိန်သွားတာပါပဲ။

READ
ဇာတ်ကားTrailer တင်တဲ့နေ့မှာမှ အကောင့်ပြဿနာ ရှာခံခဲ့ရတဲ့ ညိုမင်းလွင်
Weibo

ပုံထဲမှာတွေ့ရတဲ့အတိုင်း အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ Hung ဟာ တော်တော်ကြီး ပိန်နေတာ တွေ့ရမှာပါ။ ဒီလိုချက်ချင်းကြီး ပိန်ကျသွားတာ Hung မှာ ရောဂါတစ်ခုခု ဖြစ်နေလို့လားဆိုပြီး Hung ရဲ့ ပရိသတ်တွေက တော်တော်စိတ်ပူခဲ့ကြပါတယ်။ “ အဖေ ဘာမှမဖြစ်ပါဘူး။ ကျန်းမာရေးအရ ဆရာဝန်က အစားလျှော့စားဖို့ပြောထားတဲ့ အတွက်ကြောင့် အစာလျှော့စားခဲ့ပြီး လေ့ကျင့်ခန်းလဲ ပုံမှန်ပြန်လုပ်ဖြစ်နေတာကြောင့် ဝိတ်ကျသွားတာ ဖြစ်ပါတယ်” လို့ Hung ရဲ့ ချွေးမဖြစ်သူ Janet Chaw က ပြောကြားခဲ့ပါတယ်။

Weibo

Pyi Hein Kyaw

SHARE